``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
အာမုတ် 5:4 - Common Language Bible ထာဝရဘုရားက``ဣသရေလပြည်သား တို့အားငါ့ထံသို့ပြန်လာကြလော့။ သို့ပြု လျှင်သင်တို့သည်အသက်ချမ်းသာလိမ့်မည်။- Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အား ထာ ဝ ရ ဘု ရား က၊ သုံ့ ဘမ်း သိမ်း သွား ခံ ရ အံ့ သော ဂိ လ ဂါ လ မြို့ ကို ရှာ ဖွေ ခြင်း၊ အ လ ဟဿ ဖြစ် အံ့ သော ဗေ သ လ မြို့ သို့ ဝင် ရောက် ခြင်း၊ ဗေ ရ ရှေ ဘ မြို့ သို့ သွား ခြင်း ကို မ ပြု ဘဲ၊ ငါ့ ကို ရှာ ဖွေ ၍ အ သက် ချမ်း သာ ရ ကြ လော့ ဟု မိန့် တော် မူ ၏။ Judson Bible ထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား၊ ငါ့ကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက အစ္စရေးအမျိုးအနွယ်အား “အသက်ချမ်းသာရာရမည့်အကြောင်း ငါ့ကိုရှာကြလော့။ |
``အို ထာဝရဘုရား၊ အကျွန်ုပ်သည်ကိုယ်တော် ၏အမှုတော်ကိုသစ္စာနှင့်ဆောင်ရွက်လျက် ကိုယ် တော်ပြုစေလိုသည်အတိုင်းပြုသည်ကိုသတိ ရတော်မူပါ'' ဟုပတ္ထနာပြုပြီးလျှင်အလွန် ငိုကြွေးလေ၏။
ထိုနောက်ရှောလမုန်အား``ငါ့သား၊ သင်သည် မိမိ၏အဖကိုးကွယ်သော ဘုရားသခင်ကို အသိအမှတ်ပြု၍ယုံမှားသံသယမရှိ ဘဲ နူးညွတ်သောစိတ်နှင့်ဝတ်ပြုကိုးကွယ်ရန် ငါသည်သင့်အားတာဝန်ပေးအပ်၏။ ကိုယ်တော် သည်ငါတို့၏အကြံအစည်များနှင့်လိုအင် ဆန္ဒရှိသမျှတို့ကိုသိတော်မူ၏။ သင်သည် အထံတော်သို့ချဉ်းကပ်ပါမူ ကိုယ်တော်သည် သင့်အားနှစ်သက်လက်ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်သည်ကိုယ်တော်အားကျော ခိုင်းမည်ဆိုပါကကိုယ်တော်သည်လည်း သင့်အားအစဉ်အမြဲစွန့်ပစ်တော်မူ ပေအံ့။-
အာဇရိသည်အာသမင်းထံသို့သွားပြီးလျှင်``အို အာသမင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ် ဝင်တို့၊ ငါ၏စကားကိုနားထောင်ကြလော့။ သင် တို့သည်ထာဝရဘုရား၏ဘက်၌ရှိနေသမျှ ကာလပတ်လုံး ကိုယ်တော်သည်သင်တို့နှင့်အတူ ရှိတော်မူမည်။ သင်တို့သည်ကိုယ်တော်အားရှာ ကြလျှင် ကိုယ်တော်သည်သင်တို့အားအတွေ့ ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်တို့သည် ကိုယ်တော်အားကျောခိုင်းကြပါကကိုယ် တော်သည်လည်းသင်တို့အားစွန့်ပယ်တော် မူလိမ့်မည်။-
ယောရှဖတ်သည်ကြောက်လန့်သဖြင့်လမ်း ပြတော်မူရန် ထာဝရဘုရားထံပတ္ထနာပြု တော်မူ၏။ ယုဒပြည်တစ်လျှောက်လုံး၌ အစာရှောင်ရန်နေ့ကိုသတ်မှတ်တော်မူ၏။-
ယုဒပြည်အမြို့မြို့မှလူတို့သည်ထာဝရ ဘုရားလမ်းပြပို့ဆောင်မှုကိုတောင်းခံရန် ယေရုရှလင်မြို့သို့လာရောက်ကြလေသည်။-
ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။-
ထာဝရဘုရားသည်အသိပညာရှိသူများ၊ မိမိအားကိုးကွယ်ဝတ်ပြုသူများရှိမရှိကို သိမြင်ရန် ကောင်းကင်ဘုံမှငုံ့၍လူသားတို့အား ကြည့်တော်မူ၏။
ဆင်းရဲသူတို့သည်ဝစွာစားရကြပါလိမ့်မည်။ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ တို့သည် ကိုယ်တော်အားထောမနာပြုကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ကောင်းစားကြပါစေ သော။
``ငါ့ထံသို့ချဉ်းကပ်၍ကိုးကွယ်ဝတ်ပြုလော့'' ဟု ကိုယ်တော်ရှင်မိန့်တော်သည်အတိုင်း အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ချဉ်းကပ် ပါမည်။
ဤအချင်းအရာကိုမြင်သောအခါညှဉ်းဆဲ ခံရသူတို့သည်ဝမ်းမြောက်ကြလိမ့်မည်။ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူတို့သည် အားတက်ကြလိမ့်မည်။
ထာဝရဘုရားသည်ချို့တဲ့နွမ်းပါးသူတို့၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူ၏။ အကျဉ်းခံနေရသောမိမိ၏လူစုတော် အား မေ့လျော့တော်မမူပါ။
အီဂျစ်ပြည်သို့အကူအညီတောင်းခံရန် သွားရောက်သူတို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်မြင်းများ၊ စစ်ရထားများနှင့် မြင်းစီးသူရဲများတည်းဟူသောအီဂျစ် ပြည်၏ကြီးမားသောစစ်အင်အားကိုမှီခို အားကိုး၍နေကြ၏။ သို့ရာတွင်မြင့်မြတ် သန့်ရှင်းတော်မူသောဣသရေလအမျိုး သားတို့၏ ဘုရားသခင်ထာဝရဘုရား ကိုမူအားမကိုးကြ။ ကူမတော်မူရန် ကိုယ်တော်ကိုလည်းမတောင်းမလျှောက် ကြ။-
``အို ငါ၏လူမျိုးတော်၊ငါ့စကားကိုနားထောင်၍ ငါ့ထံသို့လာကြလော့။ ဤသို့ပြုလျှင်သင်တို့သည်အသက်ရှင်ခွင့် ရရှိကြလိမ့်မည်။ ငါသည်သင်တို့နှင့်ထာဝရပဋိညာဉ်ပြုပြီးလျှင်၊ ဒါဝိဒ်အားကတိထားခဲ့သည့်ကောင်းချီး မင်္ဂလာများကိုသင်တို့အားချပေးမည်။
ငါက``အရှင်သည်ထိုသူတို့လက်တွင်းသို့ ကျရောက်ရလိမ့်မည်မဟုတ်ပါ။ အရှင့်အား အကျွန်ုပ်ပြန်ကြားခဲ့သည့်ထာဝရဘုရား ၏ဗျာဒိတ်တော်အတိုင်းလိုက်နာဆောင်ရွက် တော်မူရန်အကျွန်ုပ်ပန်ကြားပါ၏။ ဤ အတိုင်းပြုတော်မူလျှင်အစစအရာရာ အဆင်ပြေလျက် အရှင်သည်အသက်ချမ်း သာရာရပါလိမ့်မည်။-
သူသည်ငါ၏အမိန့်များကိုလိုက်နာ၍ ငါ၏ ပညတ်တော်တို့ကိုသေချာစွာစောင့်ထိန်း၏။ ထိုသူသည်သူတော်ကောင်းဖြစ်သဖြင့် အသက် ရှင်လိမ့်မည်ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ငါက`သင်တို့အတွက်မြေရိုင်းကိုထွန်ယက် ၍တရားမျှတမှုမျိုးစေ့ကိုကြဲလော့၊ ငါ့ အားသစ္စာစောင့်ခြင်း၏အသီးအနှံကို ရိတ်သိမ်းလော့၊ သင်တို့၏ထာဝရဘုရား ထံသို့ပြန်လာချိန်ရောက်ပြီ။ ငါသည်လည်း ကြွလာ၍သင်တို့အားကောင်းကြီးပေး တော်မူမည်' ဟုမိန့်တော်မူ၏။-
ထာဝရဘုရားထံသို့သွားလော့။ သို့ပြု လျှင်အသက်ချမ်းသာလိမ့်မည်။ ထိုသို့မ ပြုလျှင်ကိုယ်တော်အရှင်သည်မီးကဲ့သို့ ရွာသွန်းလာပြီး ယောသပ်အမျိုးအနွယ် တို့ကိုလောင်ကျွမ်းလိမ့်မည်။ ဗေသလမြို့ သားများကိုလောင်ကျွမ်းကုန်၍ထိုမီး ကိုမည်သူကမျှမငြိမ်းသတ်နိုင်ချေ။-
ကိုယ်တော်၏အမိန့်တော်တို့ကိုလိုက်နာ လျက် စိတ်နှလုံးနှိမ့်ချသူပြည်သူပြည် သားအပေါင်းတို့၊ ထာဝရဘုရား၏ထံ တော်သို့လာကြလော့။ ဖြောင့်မှန်ရာကိုပြု ကျင့်လျက်ထာဝရဘုရား၏ရှေ့တော်၌ မိမိတို့ကိုယ်ကိုနှိမ့်ချကြလော့။ ထာဝရ ဘုရားအမျက်တော်ထွက်ရာကာလ၌ သင်တို့သည်အပြစ်ဒဏ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။
တောင်းသောသူသည်ရ၏။ ရှာသောသူသည်တွေ့၏။ တံခါးခေါက်သူအား တံခါးကိုဖွင့်၍ပေးလိမ့်မည်။-
``သင်တို့အားငါယနေ့ပေးသမျှသောပညတ် တို့ကိုစောင့်ထိန်းကြလော့။ သင်တို့၏သားသမီး တို့သည်လည်း ဘုရားသခင်၏ပညတ်ရှိသမျှ ကို တစ်သဝေမတိမ်းလိုက်လျှောက်စေရန်သွန် သင်လော့။-
ဤပညတ်များသည်အကျိုးမဲ့ဖြစ်သည်မဟုတ်။ သင်တို့အသက်ရှင်ရာရှင်ကြောင်းဖြစ်၏။ သင် တို့သည်ဤပညတ်တို့ကိုစောင့်ထိန်းလျှင်ယော်ဒန် မြစ်တစ်ဖက်ရှိသင်တို့ဝင်ရောက်မည့်ပြည်တွင် ကြာရှည်စွာနေထိုင်ရကြလိမ့်မည်'' ဟုမှာ ကြားလေသည်။
သို့ရာတွင်သင်တို့သည် ထိုနိုင်ငံများ၌သင် တို့၏ဘုရားသခင်ထာဝရဘုရားကိုရှာ ကြလိမ့်မည်။ ထာဝရဘုရားကိုအစွမ်း ရှိသမျှနှင့်ရှာလျှင်တွေ့လိမ့်မည်။-