အာဟပ်သည်သြဗဒိအား``မြင်းနှင့်လားများ မသေစေခြင်းငှာ မြက်တောတွေ့ကောင်းတွေ့နိုင် ရန်တစ်ပြည်လုံးရှိစမ်းရေတွင်းနှင့်ချောင်းများ ရှိရာအရပ်ရပ်သို့ ငါတို့သွား၍ကြည့်ရှုကြ ကုန်အံ့။'' ဟုဆို၏။-
အာမုတ် 4:8 - Common Language Bible ရေငတ်လွန်းသဖြင့်အချို့မြို့မှမြို့သားတို့ သည် အနီးအနားမြို့သို့ပင်ပန်းကြီးစွာနှင့် ရေရှာထွက်ကြသော်လည်း သောက်စရာဘို့ အလုံအလောက်မရခဲ့ကြ။ သို့သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာဘဲနေ ကြလေပြီ။ Garrad Bible နှစ် မြို့ သုံး မြို့ တို့ သည်၊ တစ် မြို့ သို့ ရေ သောက် လို ၍ သွား ရ လျက်၊ အ ငတ် မ ပြေ သော် လည်း၊ အ ထံ တော် သို့ သင် တို့ မ ပြန် ကြ သေး ချေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။ Judson Bible ထိုသို့ မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှာ မြို့တစ်မြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း မြို့နှစ်မြို့သုံးမြို့မှလူတို့သည် ရေသောက်ရန် မြို့တစ်မြို့သို့သွားသော်လည်း ရေကို အလုံအလောက်မသောက်ရ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
အာဟပ်သည်သြဗဒိအား``မြင်းနှင့်လားများ မသေစေခြင်းငှာ မြက်တောတွေ့ကောင်းတွေ့နိုင် ရန်တစ်ပြည်လုံးရှိစမ်းရေတွင်းနှင့်ချောင်းများ ရှိရာအရပ်ရပ်သို့ ငါတို့သွား၍ကြည့်ရှုကြ ကုန်အံ့။'' ဟုဆို၏။-
အရှေ့ဘက်ရှိအာရှုရိပြည်နှင့်အနောက် ဘက်ရှိဖိလိတ္တိပြည်တို့သည် ဣသရေလ ပြည်ကိုဖျက်ဆီးချေမှုန်းရန်အသင့်ပြင် ဆင်ကြကုန်၏။ သို့နှင့်လည်းထာဝရဘုရား ၏အမျက်တော်သည်မပြေ။ သူတို့အားဆုံး မရန်ကိုယ်တော်သည်လက်တော်ကိုဆန့်လျက် ပင်ရှိထားတော်မူသေး၏။
သို့ရာတွင်ယေရုရှလင်မြို့မှပရောဖက်များကမူ ထိုသူတို့ထက်ပင်ပို၍ဆိုးရွားစွာပြုကျင့်ကြ သည်ကို တွေ့မြင်ရ၏။ သူတို့သည်သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မုသားကိုပြောဆိုကြ၏။ သူတို့ကလူတို့အားအမှားကိုပြုကျင့်ရန် အားပေးကူညီကြသဖြင့် အဘယ်သူမျှမိမိပြုသည့်မကောင်းမှုများ ကို မရပ်စဲကြတော့ပေ။ ထိုသူအပေါင်းတို့သည်သောဒုံမြို့သား များနှင့်တူကြ၏။ ယေရုရှလင်မြို့သားတို့သည် ဂေါမောရမြို့သူမြို့သားများကဲ့သို့ပင် ဆိုးညစ်ယုတ်မာကြ၏'' ဟုမိန့်တော်မူ၏။
ဤအကြောင်းကြောင့်ငါသည်မိုးဦးကိုခေါင် စေ၍ မိုးနှောင်းကိုလည်းမရွာဘဲနေစေခြင်း ဖြစ်၏။ သင်သည်ပြည့်တန်ဆာအသွင်ကိုဆောင် လျက်ရှိ၏။ သင်၌အရှက်အကြောက်မရှိ တော့ပေ။
ဤသို့ပြုပြီးနောက်သူသည်ငါ့ထံသို့ပြန် လာလိမ့်မည်ဟုငါထင်မှတ်ခဲ့၏။ သို့ရာတွင် သူသည်ပြန်၍မလာ၊ ယင်းသို့မလာကြောင်း ကိုသူ၏ညီမ၊ သစ္စာဖောက်ယုဒမြင်လေ၏။-
ထာဝရဘုရားသည်သစ္စာရှိမှုကိုအမှန်ပင်လိုလားတော်မူ၏။ ကိုယ်တော်သည်သင်တို့အားဒဏ်ခတ်တော်မူသော်လည်းသင်တို့သည်ဂရုမစိုက်ကြ။ ဖျက်ဆီးချေမှုန်းတော်မူသော်လည်းပဲ့ပြင်ဆုံးမမှုကိုသင်တို့မခံမယူလိုကြ။ သင်တို့သည်ကျောက်ခဲထက်ခေါင်းမာလျက်နောင်တမရဘဲနေကြ၏။
``သူတို့သည်ငါ့ထံပြန်မလာကြသဖြင့် အီဂျစ်ပြည်သို့ပြန်ရကြမည်။ အာရှုရိ ဘုရင်သည်သူတို့ကိုအုပ်စိုးလိမ့်မည်။-
ဣသရေလပြည်သားတို့၏မာန်မာန အကျိုးဆက်သည်သူတို့၏တစ်ဖက်၌ သက်သေခံလိမ့်မည်။ သူတို့သည်ဤအမှု အရာတို့နှင့်တွေ့ကြုံခဲ့ရသော်လည်းသူ တို့၏ဘုရားသခင်ငါထာဝရဘုရား ထံတော်သို့ပြန်၍မလာကြ။-
``ငါသည်သင်တို့မြို့ရွာတိုင်း၌ငတ်မွတ် ခြင်းဘေးကျရောက်စေလျက်နှင့်သင်တို့ သည်ငါ့ထံသို့ပြန်မလာကြ။-
သင်တို့သည်အစားအစာကိုစားသော်လည်း တင်းတိမ်မှုမရှိ။ ဆာလောင်မြဲဆာလောင်လျက် ရှိနေမည်။ သင်တို့ရရှိသမျှသောဥစ္စာပစ္စည်း များကိုစုဆောင်းထားနိုင်လိမ့်မည်မဟုတ်။ စုဆောင်းထားသောဥစ္စာပစ္စည်းများကိုလည်း ငါသည်စစ်ဘေးဒဏ်ဖြင့်ဖျက်ဆီးပစ်မည်။-
သင်တို့သည်ဂျုံစပါးအမြောက်အမြားကို စိုက်ပျိုးပါသော်လည်း အနည်းငယ်မျှသာ ရိတ်သိမ်းရကြပေသည်။ သင်တို့တွင်အစာ ရေစာရှိသော်လည်းဝစွာစားရန်မလုံ လောက်၊ စပျစ်ရည်ရှိသော်လည်းမူးယစ်အောင် သောက်ရန်မလုံလောက်၊ အဝတ်အစားများ ရှိသော်လည်း နွေးထွေးအောင်ဝတ်ဆင်ရန် မလုံလောက်၊ အလုပ်သမားသည်လည်းစား ဝတ်နေရေးအတွက် လုံလောက်အောင်လုပ်ခ ကိုမရရှိ။-
ငါသည်သင်တို့ကြိုးစား၍စိုက်ပျိုးသမျှ သော သီးနှံပင်များကိုလေပူအားဖြင့်လည်း ကောင်း၊ ပိုးထိ၍နွမ်းရိစေခြင်းဖြင့်လည်း ကောင်း၊ မိုးသီးများအားဖြင့်လည်းကောင်း ဖျက်ဆီးပစ်ခဲ့၏။ သို့နှင့်လည်းသင်တို့ သည်နောင်တမရကြ။-