ထိုသတင်းကိုဂါသမြို့၌သော်လည်းကောင်း အာရှကေလုန်မြို့လမ်းများပေါ်၌သော်လည်း ကောင်း မပြောကြားကြနှင့်။ ဖိလိတ္တိအမျိုးသမီးတို့ဝမ်းမြောက်ခွင့်မရ ကြစေနှင့်။ ဘုရားမဲ့သူတို့၏သမီးများရွှင်မြူးခွင့်မရ ကြစေနှင့်။
အာမုတ် 3:9 - Common Language Bible အာဇုတ်နှင့်အီဂျစ်ပြည်ဘုံနန်းများတွင်စံ နေသူအပေါင်းတို့အား ဤသို့ကြေငြာလော့။ ``ရှမာရိမြို့ပတ်လည်ရှိတောင်များပေါ်၌ စုရုံးလာပြီး ထိုမြို့ထဲ၌ကူးလွန်နေသော ပြစ်မှုများနှင့်ဖြစ်ပေါ်နေသည့်ယိုယွင်းမှု ကြီးကိုရှုစားကြလော့။'' Garrad Bible အာ ဇုတ် မြို့ ရှိ ဘုံ ဗိ မာန် များ၌ လည်း ကောင်း၊ အိ ဂျစ် ပြည် ရှိ နန်း ဆောင် များ ၌ လည်း ကောင်း၊ ကြော် ငြာ လျက်၊ ရှမာ ရိ တောင် တန်း ပေါ်၌ စု ရုံး ပြီး လျှင်၊ မြို့ အ တွင်း တွင် များ ပြား သော ဖီ ဆန် သောင်း ကျန်း မှု ကို၊ ရှု ကြည့် ကြ ဟု ဆင့် ဆို လော့။ Judson Bible အာဇုတ်မြို့ ဘုံဗိမာန်တို့နှင့် အဲဂုတ္တုပြည်ဘုံဗိမာန်တို့တွင် သတင်းကြားပြောရမည်မှာ၊ ရှမာရိတောင်တို့ အပေါ်မှာစုဝေး၍၊ ရှမာရိမြို့ထဲမှာ ရုန်းရင်းခတ်ခြင်းအမှုကိုလည်းကောင်း၊ မြို့ထဲမှာ ညှဉ်းဆဲခံရသော သူတို့ကိုလည်းကောင်း ကြည့်ရှုကြလော့။ မြန်မာ့စံမီသမ္မာကျမ်း အာဇုတ်မြို့ခံတပ်များနှင့် အီဂျစ်ပြည်ခံတပ်များတွင် ကြွေးကြော်လော့။ “ရှမာရိတောင်ပေါ်မှာ စုဝေး၍ မြို့ထဲတွင် ဝရုန်းသုန်းကားမှုကြီးဖြစ်နေသည်ကို၊ ညှဉ်းပန်းနှိပ်စက်မှုဖြစ်နေသည်ကို ကြည့်ကြလော့။ |
ထိုသတင်းကိုဂါသမြို့၌သော်လည်းကောင်း အာရှကေလုန်မြို့လမ်းများပေါ်၌သော်လည်း ကောင်း မပြောကြားကြနှင့်။ ဖိလိတ္တိအမျိုးသမီးတို့ဝမ်းမြောက်ခွင့်မရ ကြစေနှင့်။ ဘုရားမဲ့သူတို့၏သမီးများရွှင်မြူးခွင့်မရ ကြစေနှင့်။
အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။
နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို၎င်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎င်း ရတတ်၏။
တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
ရှမာရိတောင်ကုန်းများပေါ်တွင်စပျစ်ဥယျာဉ် များကိုတစ်ဖန်စိုက်ပျိုးလျက် ယင်းသို့စိုက်ပျိုး သူတို့သည်ထိုဥယျာဉ်များမှထွက်သည့်အသီး များကိုစားသုံးရကြလိမ့်မည်။-
``အီဂျစ်မြို့များဖြစ်သောမိဂဒေါလ၊နောဖနှင့် တာပနက်မြို့တို့အား၊ သင်တို့သည်မိမိတို့အတွက်ခုခံကာကွယ် အသင့်ပြင်ဆင်ကြလော့။ သင်တို့တွင်ရှိသမျှသောအရာတို့သည် စစ်ပွဲတွင် ဆုံးရှုံးပျက်စီးလိမ့်မည်။''
``ဗာဗုလုန်မြို့သည်ကျဆုံးလေပြီ။ ထိုမြို့ ၏မေရောဒပ် ဘုရားသည်လည်းကျိုးပဲ့ကြေမွ၍သွားလေပြီ။ ဗာဗုလုန်မြို့ရှိစက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် ရုပ်တုများသည် အရှက်ကွဲလျက်ချေမှုန်းခြင်းကိုခံရကြပါသည် တကား။ ဤသတင်းကိုထိုလူမျိုးတကာတို့အား ပြောကြားကြေညာလော့။ အချက်ပြအလံဟူ၍ကြော်ငြာလော့။ ထိုသတင်းကိုလျှို့ဝှက်၍မထားနှင့်။
သို့ရာတွင်ဣသရေလတောင်များ၌မူကား သစ်ပင်တို့သည်အရွက်များပြန်၍ထွက်လာ ပြီးလျှင် ငါ၏လူမျိုးတော်ဖြစ်သောအသင် ဣသရေလအမျိုးသားတို့အတွက်အသီး များသီးကြလိမ့်မည်။ သင်တို့သည်မကြာမီ မိမိတို့ပြည်သို့ပြန်ရကြအံ့။-
ငါသည်သူတို့အားထိုပြည်တွင်ဣသရေလ တောင်များပေါ်မှာလူမျိုးတစ်မျိုးတည်း ဖြစ်စေတော်မူမည်။ သူတို့၌အုပ်စိုးမည့် ဘုရင်တစ်ပါးတည်းရှိလိမ့်မည်။ လူမျိုး နှစ်မျိုးနိုင်ငံနှစ်နိုင်ငံကွဲပြားလျက် မရှိရ။-
ငါ၏လူတို့အားတစ်ဖန်ကြီးပွားလာစေ၍ ``ဣသရေလပြည်သားတို့၏ရောဂါကိုပျောက် ကင်းစေလိုသည့်အခါတိုင်း ငါသည်သူတို့၏ ဆိုးယုတ်မှုနှင့်အပြစ်ဒုစရိုက်ကိုသာတွေ့ နေရ၏။ သူတို့သည်အချင်းချင်းလိမ်လည် လှည့်ဖြားကြ၏။ အိမ်များထဲသို့ဖောက်ထွင်း ဝင်ရောက်၍ဥစ္စာပစ္စည်းများကိုခိုးယူကြ၏။ လမ်းသွားလမ်းလာများကိုလုယက်ကြ၏။-
အာဇုတ်နှင့်အာရှကေလုန်မြို့များ၌ကြီး စိုးနေသူတို့ကိုရှင်းပစ်မည်။ ဧကြုန်မြို့ ကိုလည်းငါဒဏ်ခတ်မည်။ ကျန်ကြွင်းနေ သူဖိလိတ္တိမှန်သမျှလည်းသေရလိမ့် မည်'' ဟုမိန့်တော်မူ၏။
အားနွဲ့သူများကိုညှင်းဆဲပြီးဆင်းရဲ သူများကိုဖိနှိပ်၍ မိမိလင်တို့အားငါ တို့သောက်ဖို့အရက်ယူခဲ့ဟုအမိန့်ပေး လျက်၊ အစားကောင်းစားရသောဗာရှန် နွားမများကဲ့သို့ ဝဖီးနေကြသည့်ရှမာရိ မိန်းမတို့ဤစကားကိုနားထောင်လော့။-
သင်တို့သည်ဆင်းရဲသားတို့ကိုဖိနှိပ်၍ သူ တို့၏ဂျုံစပါးကိုလုယက်ကြပြီ။ ထို့ကြောင့် သင်တို့ကိုယ်တိုင်အဖို့ဆောက်လုပ်ခဲ့သော တိုက်တာကောင်းများ၌သင်တို့သည်မစံ ရကြ။ ကိုယ်တိုင်စိုက်ပျိုးခဲ့သောကြည်နူး စရာစပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းမသောက်ရကြ။-
ဇိအုန်မြို့၌သက်တောင့်သက်သာစွာဇိမ်ခံ နေကြသူတို့၊ ရှမာရိတောင်ပေါ်တွင်လုံလုံ ခြုံခြုံနှင့်စံမြန်းနေကြသူတို့၊ ပြည်သူ များကအသနားခံနေရသူတို့၊ လူမျိုး များထဲမှအထွတ်အမြတ်ဖြစ်သောဣသ ရေလလူမျိုးတော်တို့၊ သင်တို့သည်အရှက် တကွဲအကျိုးနည်းဖြစ်ရတော့မည်။-
ဆိုးယုတ်သောနေ့ကာလကျရောက်တော့မည် ကိုသင်တို့ဝန်မခံလိုကြ။ သင်တို့ပြုပုံသည် အကြမ်းဖက်မှုကိုသာအားပေးရာရောက် နေ၏။-
တန်ဖိုးမရှိသောဂျုံစပါးကိုတက်စျေး ဖြင့်ရောင်းမည်။ အကြွေးနစ်လွန်းသဖြင့် ဆင်းရဲနေသူကိုရှာပြီးကျွန်အဖြစ်နှင့် ခြေနင်းတစ်ရံစာမျှဖြင့်ဝယ်ယူမည်'' ဟုသင်တို့ဆိုကြလေပြီ။
ဆိုးသွမ်းသောသူတို့၏အိမ်များတွင်မတ ရားသဖြင့် ရရှိထားသောဥစ္စာပစ္စည်းများ ရှိ၏။ သူတို့သည်မမှန်ကန်သည့်အခြင် အတွယ်တို့ကိုသုံးကြ၏။ ထိုမမှန်ကန် သည့်အခြင်အတွယ်တို့ကိုငါရွံရှာ၏။-
ဖိလိတ္တိအမျိုးသားတို့သည်ပဋိညာဉ်သေတ္တာ တော်ကိုသိမ်းယူကြပြီးလျှင် ဧဗနေဇာမြို့ မှမိမိတို့နေထိုင်ရာအာဇုတ်မြို့သို့ပင့်ဆောင် ကာ၊-