ငါ၏အမျိုးသားတို့၊ သင်တို့သည်ဂျုံနှံ သဖွယ်အနင်းအနယ်ခံခဲ့ရကြ၏။ သို့ရာ တွင်ငါသည်ဣသရေလအမျိုးသားတို့၏ ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရ ဘုရားထံတော်မှကြားရသည့်သတင်းကို ယခုသင်တို့အားကြေညာပြီးလေပြီ။
အာမုတ် 3:8 - Common Language Bible ခြင်္သေ့ဟောက်လိုက်လျှင်မည်သူမကြောက်ဘဲ နေနိုင်သနည်း။ အရှင်ထာဝရဘုရားမိန့်တော်မူလျှင် မည် သူကဗျာဒိတ်တော်ကိုမကြွေးကြော်ဘဲ နေနိုင်မည်နည်း။ Garrad Bible ကေ သ ရာ ဇာ ဟုန်း တော် မူ ရာ မ ထိတ် လန့် ဘဲ၊ အ ရှင် ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ ရာ မ ဟော ပြော ဘဲ နေ ဝံ့ သူ ကား၊ မည် သူ နည်း။ Judson Bible ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှ မကြောက်မလန့်ဘဲနေလိမ့်မည်နည်း။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ၊ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း။ မြန်မာ့စံမီသမ္မာကျမ်း ခြင်္သေ့ဟိန်းဟောက်သောအခါ မကြောက်သောသူ ရှိသလော။ ဘုရားရှင်ထာဝရဘုရားမိန့်ဆိုသောအခါ ပရောဖက်မပြုဘဲ နေဝံ့သူ ရှိသလော။ |
ငါ၏အမျိုးသားတို့၊ သင်တို့သည်ဂျုံနှံ သဖွယ်အနင်းအနယ်ခံခဲ့ရကြ၏။ သို့ရာ တွင်ငါသည်ဣသရေလအမျိုးသားတို့၏ ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရ ဘုရားထံတော်မှကြားရသည့်သတင်းကို ယခုသင်တို့အားကြေညာပြီးလေပြီ။
ထာဝရဘုရားက``သိုးထိန်းတို့သည်အဘယ် မျှပင်ငေါက်ငန်းအော်ဟစ်ကြသော်လည်း သား ကောင်ကိုကိုက်သတ်ထားသည့်ခြင်္သေ့ကိုချောက် လှန့်၍မရနိုင်သကဲ့သို့၊ ဇိအုန်တောင်ကိုကာ ကွယ်စောင့်ရှောက်နေသည့် အနန္တတန်ခိုးရှင်ငါ ထာဝရဘုရားအားလည်းအဘယ်အရာ ကမျှဟန့်တားပိတ်ပင်နိုင်လိမ့်မည်မဟုတ်။-
သို့ရာတွင်``ငါသည်ထာဝရဘုရားကို မေ့လိုက်ပါတော့အံ့။ ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ မဟောမပြောလိုတော့ပြီ'' ဟု ကျွန်တော်မျိုးဆိုသောအခါ၊ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်သည် ကျွန်တော်မျိုး၏စိတ်နှလုံးအတွင်း၌မီးကဲ့သို့ တောက်လောင်ကာ ကျွန်တော်မျိုးသည်ထိုဗျာဒိတ်တော်ကိုကိုယ် အတွင်း၌ ပိတ်လှောင်ရန်ကြိုးစားပါသော်လည်းချုပ်ကိုင်၍ မထားနိုင်တော့ပါ။
ထိုအခါငါသည်ခေါင်းဆောင်များနှင့် ပြည်သူ တို့အား``ဤဗိမာန်တော်နှင့်ဤမြို့ကိုဆန့်ကျင် ၍ ငါပြောဆိုသည်ကိုသင်တို့ကြားရကြ၏။ ထိုစကားတို့သည်ငါ့အား၊ ထာဝရဘုရား စေလွှတ်ပြန်ကြားစေတော်မူသည့်စကား များဖြစ်၏။-
``ထိုအမှုအရာများဖြစ်ပျက်လာသော အခါ ငါသည်ဣသရေလအမျိုးသားတို့ အားဦးချိုတည်းဟူသောခွန်အားကြီးစေ မည်။ ထိုနောက်အချင်းယေဇကျေလ၊ ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း လူအပေါင်းတို့သိရှိကြစေရန်သင့်အား ဟောပြောစေမည်''ဟုမိန့်တော်မူ၏။
အာမုတ်က၊ ``ဇိအုန်တောင်မှထာဝရဘုရား၏ကြုံးဝါး သံကို ကြားရလေပြီ။ ယေရုရှလင်မြို့အတွင်းမှထစ်ချုန်းလာသော အသံတော်ကိုကြားရစေပြီ။ သိုးစားကျက်တို့သည်သွေ့ခြောက်ကုန်၍ ကရမေလတောင်ပေါ်မှမြက်ပင်တို့သည် နွမ်းရလေပြီဟုဆို၏။''
သို့ရာတွင်သင်သည်နာဇရိလူတို့အား စပျစ်ရည်ကိုသောက်စေ၍ပရောဖက်တို့ အားငါ၏သတင်းစကားကိုကြားပြော ခြင်းမပြုရန်တားမြစ်ခဲ့ကြလေပြီ။-
ခြင်္သေ့သည်သားကောင်ကိုမတွေ့ဘဲတော ထဲ၌ အကြောင်းမဲ့ဟောက်နေမည်လော။ ခြင်္သေ့ပျိုသည်ဘယ်အရာကိုမျှမဖမ်းမိ ဘဲ မိမိဂူအတွင်း၌အကြောင်းမဲ့ကြုံး ဝါးနေမည်လော။
ငါတို့မူကားမိမိတို့ကြားရမြင်ရသည့် အမှုအရာများအကြောင်းကိုမဟောမ ပြောဘဲမနေနိုင်ပါ'' ဟုပြန်ပြောကြ၏။-
``သင်တို့သည်ဗိမာန်တော်သို့သွား၍ လူတို့ အားဘဝသစ်အကြောင်းအလုံးစုံကို ဟောပြောကြလော့'' ဟုဆို၏။-
ပေတရုနှင့်တမန်တော်တို့က``ငါတို့သည် လူ့အမိန့်ထက်ဘုရားသခင့်အမိန့်တော် ကိုနားထောင်ရမည်။-
ငါ၏ဝါကြွားမှုကိုအချည်းနှီးဖြစ်စေရန် ပြုလုပ်ခွင့်ကိုမည်သူအားမျှပေးလိမ့်မည် မဟုတ်။ သတင်းကောင်းကိုကြေညာရသည့် အတွက် ငါ့မှာဝါကြွားနိုင်ခွင့်မရှိ။ ငါသည် အမိန့်တော်အရကြေညာခြင်းဖြစ်သည်။ အကယ်၍ထိုသတင်းကောင်းကိုမကြေ ညာလျှင် ငါသည်အဘယ်မျှအမင်္ဂလာ ရှိလိမ့်မည်နည်း။-
ထိုအခါအကြီးအကဲတစ်ပါးကငါ့အား``မငို ပါနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်ဝင်ခြင်္သေ့တည်း ဟူသောဒါဝိဒ်မှဆင်းသက်သူသည်အောင်မြင် လေပြီ။ သူသည်ဤစာလိပ်နှင့်ချိပ်တံဆိပ် ခုနစ်ခုကိုဖွင့်နိုင်၏'' ဟုပြောလေ၏။