အစ်ကိုတို့သည်ကျွန်ုပ်အားမကောင်းကြံခဲ့ ကြပါသော်လည်းဘုရားသခင်က ကျွန်ုပ် တို့ယနေ့တွေ့မြင်ရသည့်အတိုင်းလူများ အသက်ချမ်းသာစေရန်ထိုမကောင်းမှုမှ အကျိုးတရားကိုဖော်ခဲ့တော်မူပြီ။-
အာမုတ် 3:6 - Common Language Bible မြို့တွင်း၌စစ်ခရာသံကိုကြားရလျှင် မြို့သားတို့သည် မထိတ်လန့်ဘဲနေလိမ့် မည်လော။ ထာဝရဘုရားစီရင်သောကြောင့်သာလျှင် မြို့ထဲသို့ဘေးဒုက္ခကျရောက်လာရသည် မဟုတ်လော။ Garrad Bible မြို့ သား တို့ မ လန့် ဘဲ၊ တံ ပိုး မှုတ် ခြင်း၊ ထာ ဝ ရ ဘု ရား စီ ရင် တော် မ မူ ဘဲ၊ မြို့၌ ဘေး သင့် ခြင်း များ ရှိ မည် လော။ Judson Bible မြို့ထဲမှာ တံပိုးမှုတ်လျှင်၊ မြို့သားတို့သည် မကြောက်မလန့်ဘဲနေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစ်စုံတစ်ခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။ မြန်မာ့စံမီသမ္မာကျမ်း မြို့ထဲတွင် တံပိုးမှုတ်သံကြားသောအခါ လူတို့ မထိတ်လန့်ဘဲ နေမည်လော။ ထာဝရဘုရားပြုတော်မမူဘဲ မြို့ထဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်မည်လော။ |
အစ်ကိုတို့သည်ကျွန်ုပ်အားမကောင်းကြံခဲ့ ကြပါသော်လည်းဘုရားသခင်က ကျွန်ုပ် တို့ယနေ့တွေ့မြင်ရသည့်အတိုင်းလူများ အသက်ချမ်းသာစေရန်ထိုမကောင်းမှုမှ အကျိုးတရားကိုဖော်ခဲ့တော်မူပြီ။-
သူပြောသောစကားမဆုံးမီပင်မင်းကြီး သည်ရောက်ရှိလာလျက်``ဤဘေးဒုက္ခနှင့်ငါ တို့အားတွေ့ကြုံစေသူမှာ ထာဝရဘုရားပင် ဖြစ်ပါသည်တကား။ ငါသည်ကိုယ်တော်ကူမ တော်မူမည်ကို အဘယ်ကြောင့်ဆက်လက်စောင့် မျှော်နေရပါမည်နည်း'' ဟုဆို၏။
ငါသည်အလင်းနှင့်အမှောင်ကိုဖန်ဆင်း၏။ ကောင်းကြီးမင်္ဂလာနှင့်ဘေးအန္တရာယ်ကိုပါ ဆောင်ယူပေး၏။ ဤအမှုအရာအပေါင်းကိုငါထာဝရဘုရား ပြုတော်မူပေသည်။
လူမျိုးတကာတို့၏ဘုရင်ဖြစ်တော်မူသော ကိုယ်တော်ရှင်အားအဘယ်သူသည် မကြောက်ရွံ့မရိုသေဘဲနေပါမည်နည်း။ ကိုယ်တော်အားကြောက်ရွံ့ရိုသေထိုက်ပါ၏။ လူမျိုးတကာတို့တွင်ရှိသောပညာရှိ အပေါင်းတို့တွင်လည်းကောင်း၊ သူတို့၏ဘုရင်ရှိသမျှတို့တွင်လည်းကောင်း၊ ကိုယ်တော်ရှင်နှင့်တူသူတစ်ဦးတစ်ယောက်မျှ မရှိပါ။
ငါ့အသည်းနာလှ၏။ မခံမရပ်နိုင်အောင် အသည်းနာ၏။ ငါသည်ပြင်းစွာနှလုံးတုန်၊ရင်ခုန်လျက် နေပါသည်တကား။ ငါသည်အငြိမ်မနေနိုင်တော့ပြီ။ တံပိုးခရာမှုတ်သံကိုလည်းကောင်း၊တိုက်ပွဲ ကြွေးကြော်သံများကိုလည်းကောင်းငါကြား ရ၏။
ယုဒပြည်တစ်လျှောက်လုံး၌တံပိုးခရာမှုတ် ကြလော့။ ရှင်းလင်းကျယ်လောင်စွာကြွေးကြော်ကြလော့။ ယုဒပြည်သားများနှင့်ယေရုရှလင်မြို့သား တို့အား ခံတပ်မြို့များသို့ပြေးဝင်ကြရန်ပြောကြားကြလော့။
ငါသည်ထာဝရဘုရားဖြစ်၏။ သင်တို့သည်အဘယ်ကြောင့်ငါ့ကိုမကြောက်ကြသနည်း။ ငါ၏ရှေ့တော်၌အဘယ်ကြောင့်မတုန်မလှုပ်ကြသနည်း။ ငါသည်ပင်လယ်အတွက်နယ်နိမိတ်၊ ပင်လယ်ရေမကျော်မဖြတ်နိုင်သည့်အမြဲတမ်းနယ်နိမိတ်ကိုသဲများဖြင့်သတ်မှတ်ထား၏။ ပင်လယ်သည်လှိုင်းတံပိုးထနိုင်သော်လည်း ထိုနယ်နိမိတ်ကိုမဖြတ်မကျော်နိုင်။ လှိုင်းတံပိုးတို့သည်ထ၍မြည်ဟည်းသော်လည်း ထိုနယ်စပ်ကိုမကျော်မလွန်နိုင်။-
ဗင်္ယာမိန်ပြည်သားတို့၊ ဘေးမဲ့လုံခြုံရာသို့ပြေး ကြလော့။ ယေရုရှလင်မြို့မှထွက်သွားကြလော့။ တေကောရွာ၌တံပိုးခရာကိုမှုတ်ကြလော့။ ဗေသက္ကရင်ရွာတွင်အချက်ပြမီးရှူးတိုင်ကို မြှောက်တင်ကြလော့။ ဘေးအန္တရာယ်နှင့်ပျက်စီး ခြင်းသည်မြောက်အရပ်မှရောက်ရှိလာတော့ မည်။-
သူသည်ရန်သူချဉ်းကပ်လာသည်ကိုမြင် လျှင် လူအပေါင်းတို့အားတံပိုးခရာမှုတ် ၍အချက်ပေးရ၏။-
``ဂိဗာမြို့တွင်တံပိုးခရာကိုမှုတ်လော့၊ ရာမ မြို့တွင်တပ်လှန့်သံကိုပေးလော့။ ဗေသဝင် မြို့တွင်စစ်ချီသံကြွေးကြော်လော့၊ ဗင်္ယာမိန် မျိုးနွယ်တို့တိုက်ပွဲဝင်ကြ။-
အစာမပါသောကျော့ကွင်းဖြင့်ကောင်းကင်မှ ငှက်တစ်ကောင်ကိုထောင်ဖမ်းနိုင်သလော။ တစ်စုံတစ်ရာကိုဖမ်းမိသောကြောင့်သာ ကျော့ကွင်းပြုတ်သွားရသည်မဟုတ်လော။
ခံတပ်မြို့များ၊ မြင့်မားသည့်ရဲတိုက်များ ကိုတိုက်ခိုက်နေသူ၊ စစ်သူရဲတို့၏တံပိုး ခရာသံများ၊ ညာသံများဖြင့်ဆူညံနေ သောနေ့ဖြစ်ပေသည်။
ထိုအချိန်ကာလမတိုင်မီအခါကအဘယ် သူမျှလူများ၊ တိရစ္ဆာန်များကိုငှားရမ်းစေ ခိုင်းနိုင်စွမ်းမရှိ။ အဘယ်သူမျှလည်းမိမိ တို့ရန်သူများ၏ဘေးမှကင်းလွတ်လုံခြုံမှု မရှိ။ ငါသည်လူမျိုးတစ်ဦးနှင့်တစ်ဦးရန် ဘက်ဖြစ်စေခဲ့၏။-
ဘုရားသခင်သည်မိမိ၏ရည်ရွယ်ပြဋ္ဌာန်းချက် နှင့်အညီ သခင်ယေရှုကိုရန်သူလက်သို့ပေး အပ်တော်မူ၏။ သင်တို့သည်အပြစ်ကူးသူတို့ လက်ဖြင့် ထိုအရှင်ကိုလက်ဝါးကပ်တိုင်တွင် တင်၍သတ်ခဲ့ကြ၏။-
ယင်းသို့ထိုသူတို့စုဝေးကြခြင်းမှာကိုယ်တော် ရှင်၏တန်ခိုးတော်နှင့် အလိုတော်အရခွဲခန့် ပြဋ္ဌာန်းထားတော်မူသမျှသောအရာတို့ကို ဖြစ်ပျက်လာစေရန်ပင်ဖြစ်၏။-
ငါတို့သည်အဘယ်ကြောင့်သခင်ဘုရားအား ကြောက်ရွံ့ရကြောင်းကိုသိသဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်၏။ ငါတို့၏အကြောင်းကို ဘုရားသခင်အကြွင်းမဲ့သိတော်မူ၏။ သင် တို့သည်လည်းစိတ်နှလုံးထဲကငါ့အကြောင်း ကိုလည်း ကောင်းစွာသိကြလိမ့်မည်ဟုငါ မျှော်လင့်၏။-