အာမုတ် 3:10 - Common Language Bible ထာဝရဘုရားက``သူတို့သည်သူတို့၏ ဘုံနန်းများကိုမတရားလုယက်၊ အကြမ်း ဖက်ပြီးမှရယူခဲ့သောပစ္စည်းတို့ဖြင့်ပြည့် စေခဲ့ပြီ။ သူတို့သည်သစ္စာသဘောကိုပင် နားမလည်တော့ပေ။- Garrad Bible ကိုယ့် ဘုံ ဗိ မာန် များ ၌ သောင်း ကျန်း မှု၊ အ ဓ မ္မ မှု ကို သို ထား သော သူ တို့ သည်၊ ဖြောင့် မတ် စွာ ပြု ရန် မ တတ် စွမ်း ကြ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible မြို့သားတို့သည် တရားသောအမှုကို မပြုတတ်၊ အနိုင်အထက်ပြု၍ လုယူသောဥစ္စာကို ဘုံဗိမာန်တို့၌ သိုထားတတ်ကြသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း စင်စစ် သူတို့သည် မှန်ကန်ရာကို မပြုတတ်ကြ။ သူတို့၏ခံတပ်တွင် အကြမ်းဖက် လုယူထားသောပစ္စည်းကို သိုထားကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
ထာဝရဘုရားက ``ထိုသူတို့သည်မသိနားမလည်သူများပေလော။ ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။ သူတို့သည်ငါ၏လူစုတော်ထံမှလုယူ တိုက်ခိုက်၍ အသက်မွေးကြကုန်သည်။ ငါ၏ထံသို့လည်းဆုတောင်းပတ္ထနာမပြု ကြ'' ဟုမိန့်တော်မူ၏။
အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။
နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို၎င်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎င်း ရတတ်၏။
အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။
တဖန်တုံ၊ နေအောက်မှာ ပြုသမျှသော ညှဉ်းဆဲ ခြင်းတို့ကို ငါထပ်၍ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သော သူမရှိ။ ညှဉ်းဆဲတတ်သော သူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။
ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
ထိုနောက်ငါကဤသူတို့ကားဆင်းရဲသူများဖြစ်၏။ မသိနားမလည်သူတို့သည်ထာဝရဘုရား၏အလိုတော်ကိုလည်းကောင်း၊ ဘုရားသခင်ပြဋ္ဌာန်းတော်မူသည့်စည်းမျဉ်းဥပဒေသတော်တို့ကိုသော်လည်းကောင်း မသိကြသဖြင့်မိုက်မဲစွာပြုကျင့်ကြလေပြီ။
သူသည်လှည့်စားမှုကိုမပြု။ သူတစ်ပါး၏ ဥစ္စာကိုအနိုင်အထက်မလုမယူ။ အပေါင်ခံ ပစ္စည်းကိုလည်းပြန်၍ပေး၏။ ငတ်မွတ်နေသူ ကိုကျွေးမွေး၍ အဝတ်မဲ့သူအားအဝတ် အစားများကိုပေး၏။-
ထိုဒေသတွင်နေထိုင်သူတို့သည် အနိုင်အထက် လုယူ၍ လုယက်မှုတို့ကိုပြုကြ၏။ သူတို့သည် ဆင်းရဲချို့တဲ့သူတို့အားနှိပ်စက်၍ လူမျိုးခြား တို့အားမတရားသဖြင့်နိုင်ထက်စီးနင်းပြု ကြ၏။-
ထာဝရဘုရားကငါ့အား``အချင်းလူသား၊ ထိုအချင်းအရာကိုသင်မြင်သလော။ ဤယုဒအမျိုးသားတို့သည်သင်မြင်ခဲ့ရသမျှသောစက်ဆုပ်ဖွယ်ရာအမှုများကိုပြုရသည်မှာအသေးအဖွဲသာဖြစ်၍ သူတို့သည်တိုင်းပြည်တစ်ခုလုံးကိုအကြမ်းဖက်မှုများဖြင့်ပြည့်နှက်စေလေပြီ။ ထိုမျှမကဗိမာန်တော်သို့လာရောက်၍ဤအမှုများကိုပြုရခြင်းအားဖြင့် သူတို့သည်ငါ့အားပို၍ပင်အမျက်ထွက်စေ၏။-
ငါ၏လူတို့အားတစ်ဖန်ကြီးပွားလာစေ၍ ``ဣသရေလပြည်သားတို့၏ရောဂါကိုပျောက် ကင်းစေလိုသည့်အခါတိုင်း ငါသည်သူတို့၏ ဆိုးယုတ်မှုနှင့်အပြစ်ဒုစရိုက်ကိုသာတွေ့ နေရ၏။ သူတို့သည်အချင်းချင်းလိမ်လည် လှည့်ဖြားကြ၏။ အိမ်များထဲသို့ဖောက်ထွင်း ဝင်ရောက်၍ဥစ္စာပစ္စည်းများကိုခိုးယူကြ၏။ လမ်းသွားလမ်းလာများကိုလုယက်ကြ၏။-
အားနွဲ့သူများကိုညှင်းဆဲပြီးဆင်းရဲ သူများကိုဖိနှိပ်၍ မိမိလင်တို့အားငါ တို့သောက်ဖို့အရက်ယူခဲ့ဟုအမိန့်ပေး လျက်၊ အစားကောင်းစားရသောဗာရှန် နွားမများကဲ့သို့ ဝဖီးနေကြသည့်ရှမာရိ မိန်းမတို့ဤစကားကိုနားထောင်လော့။-
လူသားတို့၏ရပိုင်ခွင့်များကိုမတရား ပိတ်ပင်၍ တရားမျှတမှုကိုမှောက်လှန်နေ ကြသူတို့၊ သင်တို့သည်ကြမ္မာဆိုးနှင့်မလွဲ မသွေကြုံရတော့မည်ဟုမိန့်တော်မူ၏။
မြင်းဟူသည်ကျောက်ဆောင်ပေါ်၌ပြေးလေ့ ရှိသလော။ လူသည်နွားဖြင့်လယ်ပြင်ကိုထွန် ယက်လေ့ရှိသလော။ သို့ပါလျက်သင်တို့ သည်တရားမျှတရေးကိုအဆိပ်အဖြစ် သို့လည်းကောင်း၊ အမှန်ကိုအမှားအဖြစ် သို့လည်းကောင်းမှောက်လှန်ခဲ့လေပြီ။
ဆိုးယုတ်သောနေ့ကာလကျရောက်တော့မည် ကိုသင်တို့ဝန်မခံလိုကြ။ သင်တို့ပြုပုံသည် အကြမ်းဖက်မှုကိုသာအားပေးရာရောက် နေ၏။-
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသခင်က``ဣသရေလ၏မာနကိုငါရွံရှာ ၏။ သူတို့စည်းစိမ်ခံရာအိမ်ကြီးများကို လည်းငါစက်ဆုတ်၏။ သူတို့မြို့တော်နှင့်မြို့ တွင်းရှိအရာအားလုံးကို ရန်သူ့လက်သို့ ငါပေးအပ်လိုက်မည်'' ဟုအရှင်ထာဝရ ဘုရားအလေးအနက်ကျိန်ဆိုသတိ ပေးတော်မူပြီ။
ဆိုးသွမ်းသောသူတို့၏အိမ်များတွင်မတ ရားသဖြင့် ရရှိထားသောဥစ္စာပစ္စည်းများ ရှိ၏။ သူတို့သည်မမှန်ကန်သည့်အခြင် အတွယ်တို့ကိုသုံးကြ၏။ ထိုမမှန်ကန် သည့်အခြင်အတွယ်တို့ကိုငါရွံရှာ၏။-
ရုပ်တုကိုးကွယ်သူများကဲ့သို့ပြုကျင့်သူ များအားလည်းကောင်း၊ မိမိတို့သခင်၏အိမ် ကိုဖြည့်တင်းရန် ပစ္စည်းဥစ္စာရရှိရေးအတွက် ခိုးဝှက်သတ်ဖြတ်သူတို့အားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။
ဘုရားသခင်သည်ရှေးကာလ၌မိုးကောင်း ကင်နှင့်ကမ္ဘာမြေကြီးကိုအမိန့်တော်ဖြင့် ဖန်ဆင်းတော်မူကြောင်းကိုလည်းကောင်း၊ ကိုယ် တော်သည်ကမ္ဘာမြေကြီးကိုရေထဲမှရေ အားဖြင့်ပေါ်ပေါက်စေတော်မူကြောင်းကို လည်းကောင်း၊-