ချင်းနင်းဝင်ရောက်လာသောရန်သူစစ်သည် တို့၏ ဖိနပ်များနှင့်သွေးစွန်းလျက် ရှိသည့်အဝတ်အစားများသည်မီးရှို့ ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။
အာမုတ် 2:2 - Common Language Bible ငါသည်မောဘပြည်အပေါ်သို့မီးမိုးရွာ စေပြီးကေရုတ်မြို့၏ရဲတိုက်များကိုပြာ ချလိုက်မည်။ စစ်သည်တို့၏အော်သံဟစ် သံ၊ ခရာသံနှင့်တိုက်ပွဲသံများဆူဆူ ညံညံပြင်းထန်နေသောအချိန်မှာပင် မောဘပြည်သားများသေဆုံးလိမ့်မည်။- Garrad Bible ကေ ရုတ် မြို့ နန်း ဆောင် များ ကျွမ်း လောင် ရန် မီး ကို၊ အ သံ ဗ လံ ပြု ခြင်း၊ အောင် သံ လွှင့် ခြင်း၊ တံ ပိုး မှုတ် ခြင်း နှင့် တ ကွ၊ မော ဘ ပြည် သို့ စေ လွှတ် မည့် အ တိုင်း၊ သေ ပျက် ရ သော မော ဘ လူ မျိုး အ နက်၊ တ ရား မင်း ကို ပယ် ရှား လျက်၊ Judson Bible မောဘပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ကေရုတ်မြို့၏ဘုံဗိမာန်တို့ကို လောင်စေမည်။ ကြီးသော အသံဗလံပြုခြင်း၊ အော်ဟစ်ခြင်း၊ တံပိုးမှုတ်ခြင်းနှင့်တကွ မောဘပြည်သည် ဆုံးရှုံးရလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါသည် မောဘပြည်အပေါ် မီးကိုလွှတ်၍ ကေရုတ်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်။ မောဘပြည်သည် မြည်ဟည်းသံများ၊ ကြွေးကြော်သံများ၊ တံပိုးမှုတ်သံများကြားတွင်ပင် ကျဆုံးသွားရလိမ့်မည်။ |
ချင်းနင်းဝင်ရောက်လာသောရန်သူစစ်သည် တို့၏ ဖိနပ်များနှင့်သွေးစွန်းလျက် ရှိသည့်အဝတ်အစားများသည်မီးရှို့ ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။
``ဟေရှဘုန်မြို့နှင့်ဧလာလေမြို့တို့မှ လူတို့ ငိုကြွေးကြသောအသံကိုယာဟတ်မြို့တိုင် အောင်ကြားရကြ၏။ ထိုအသံကိုဇောရမြို့ မှဟောရနိမ်မြို့နှင့်ကေလက်မြို့တို့မှပင် ကြားနိုင်လေသည်။ နိမရိမ်ချောင်းသည် လည်းခန်းခြောက်၍သွား၏။-
မြို့များ၊ ခံတပ်များသည်အသိမ်းခံရကြ လိမ့်မည်။ ထိုနေ့၌မောဘစစ်သည်တော်တို့ သည်သားဖွားဝေဒနာခံရသောအမျိုး သမီးကဲ့သို့ကြောက်လန့်ကြလိမ့်မည်။-
ခိုကိုးရာမဲ့ဒုက္ခသည်များသည်ဟေရှဘုန် မြို့တွင်ခိုလှုံရန်ကြိုးစားကြ၏။ သို့ရာတွင် အခါတစ်ပါးကရှိဟုန်မင်းနန်းစံခဲ့သည့် ဟေရှဘုန်မြို့သည်မီးဟုန်းဟုန်းထ၍နေ လေသည်။ မီးသည်စစ်မက်ဝါသနာပါသည့် မောဘပြည်သူတို့၏နယ်ခြားဒေသများနှင့် တောင်ထိပ်များကိုကျွမ်းလောင်စေလေပြီ။-
အရှင်ထာဝရဘုရားက``ယုဒအမျိုး သားတို့သည် လူမျိုးခြားအပေါင်းတို့နှင့် တူသည်ဟုမောဘပြည်နှင့်စိရမြို့သား တို့ဆိုသဖြင့်၊-
ထို့ကြောင့်ငါသည်ရဗ္ဗာမြို့ရိုးများအပေါ် သို့မီးမိုးရွာစေပြီး ရဗ္ဗာရဲတိုက်များကို ပြာချလိုက်မည်။ စစ်တိုက်သောနေ့၌အော် သံဟစ်သံတညံညံကြားရပြီး တိုက်ပွဲ သည်မုန်တိုင်းတမျှပြင်းထန်လိမ့်မည်။-
ထို့ကြောင့်ငါသည်ဟာဇေလမင်းမျိုး အပေါ်သို့မီးမိုးရွာစေပြီး ဗင်ဟာဒဒ် မင်း၏ရဲတိုက်များကိုပြာချလိုက်မည်။-