တုရုဘုရင်ဟိရံမင်းသည်ဒါဝိဒ်ထံသို့သံ တမန်များကိုစေလွှတ်လေ၏။ နန်းတော်တည် ဆောက်ရန်အတွက်သစ်ကတိုးသစ်၊ လက်သမား နှင့်ပန်းရန်ဆရာများကိုလည်းပေးပို့လိုက်၏။-
အာမုတ် 1:9 - Common Language Bible ထာဝရဘုရားက``တုရုမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သို့ပြည်နှင်ဒဏ်ပေးခဲ့ပြီ။ ကိုယ် တိုင်ချုပ်ဆိုခဲ့သောမဟာမိတ်စာချုပ်ကို ချိုးဖောက်ခဲ့ပြီ။- Garrad Bible ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် မှာ၊ အ မျိုး သား တို့ ဖွဲ့ သော မ ဟာ မိတ် ကို သ တိ မ မူ ဘဲ၊ ဧ ဒုံ လူ မျိုး သို့ မြို့ လုံး ကျွတ် အပ် နှင်း လေ့ ရှိ သော၊ တု ရု မြို့၏ လွန် ကျူး မှု သုံး မျိုး မ က၊ လေး မျိုး အ လျောက် ခံ သင့် ဒဏ် ကို၊ ငါ မ ပ လပ် စေ ဘဲ၊ Judson Bible တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ တုရုမြို့သည် ညီအစ်ကိုချင်းဖွဲ့သော မိတ်သဟာယကို မစောင့်၊ ချုပ်ထားသော သူအပေါင်းတို့ကို ဧဒုံမင်း၌အပ်သော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက “တိုင်ရာမြို့သည် အပြစ်သုံးလေးမျိုးမက ကျူးလွန်သောကြောင့် ငါအပြစ်မပေးဘဲမနေ။ အကြောင်းမူကား သူတို့သည် ညီအစ်ကိုချင်းဖွဲ့သောပဋိညာဉ်ကို မအောက်မေ့ဘဲ ပြည်သူတစ်ရပ်လုံးကို ဧဒုံပြည်သို့ အပ်လိုက်လေပြီ။ |
တုရုဘုရင်ဟိရံမင်းသည်ဒါဝိဒ်ထံသို့သံ တမန်များကိုစေလွှတ်လေ၏။ နန်းတော်တည် ဆောက်ရန်အတွက်သစ်ကတိုးသစ်၊ လက်သမား နှင့်ပန်းရန်ဆရာများကိုလည်းပေးပို့လိုက်၏။-
ဂေဗလ၊အမ္မုန်၊အာမလက်၊ဖိလိတ္တိအမျိုးသား များနှင့် တုရုမြို့သားများပါဝင်ကြ၏။
တုရုမြို့နှင့်ဇိဒုန်သို့ပေးပို့နိုင်သည့်စစ်ကူ အကြွင်းအကျန်မှန်သမျှကိုဖြတ်တောက် ပစ်ရန် ဖိလိတ္တိပြည်ကို၊သုတ်သင်ပယ်ရှင်းရမည့် နေ့ရက်ကာလကျရောက်လာလေပြီ။ ငါထာဝရဘုရားသည်ကရေတေကမ်းခြေမှ လာသူအပေါင်းဖြစ်သည့် ဖိလိတ္တိအမျိုးသားတို့အားသုတ်သင်ပယ်ရှင်းမည်။
သင်ချမ်းသာသမျှကုန်စည်များ၊ သင်၏သင်္ဘောသားအားလုံး၊သင်္ဘောပြုပြင်သူ လက်သမားဆရာများနှင့်ကုန်သည်များ၊ သင်္ဘောပေါ်ရှိစစ်သူရဲများနှင့်ရှိရှိသမျှ သော လူတို့သည် သင်၏သင်္ဘောပျက်သောအခါပင်လယ်ထဲ တွင် နစ်မြုပ်သေဆုံးကြကုန်၏။
သင်သည်ရောင်းဝယ်ဖောက်ကားရာတွင်ဆိုး ညစ်မှုကိုပြုသဖြင့် သင်၏အပြစ်များ ကြောင့်သင်၏ကိုးကွယ်ဝတ်ပြုရာဌာန များကိုညစ်ညမ်းစေ၏။ ထိုကြောင့်သင့်ကို ယခုကြည့်ကြသူအပေါင်းတို့ရှေ့တွင် ငါ သည်သင်၏မြို့ကိုပြာပုံဖြစ်အောင်မြေ အထိလောင်ကျွမ်းစေ၏။ ငါတို့သည်ပြာ ကိုသာလျှင်မြင်ရကြမည်။-
ထာဝရဘုရားက``ဧဒုံပြည်သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားကြသဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်ညီအစ်ကိုချင်း ဣသရေလတို့ကိုမရမကလိုက်၍ မညှာမတာညှင်းဆဲခဲ့ပြီ။ သူတို့၏ အမျက်ဒေါသကိုဘယ်အခါမျှ မပြေစေဘဲကမ်းကုန်လောက်အောင် ပင်ပြင်းထန်စေခဲ့သည်။-
ထာဝရဘုရားက``ဂါဇမြို့သားတို့သည် တစ်ကြိမ်ပြီးတစ်ကြိမ်ပြစ်မှားခဲ့သဖြင့် ငါသည်သူတို့ကိုအမှန်ပင်ဒဏ်ပေးရ တော့မည်။ သူတို့သည်လူတစ်မျိုးလုံးကို ဧဒုံပြည်သားများလက်ဝယ်သို့ ကျွန် အဖြစ်နှင့်ရောင်းစားခဲ့ပြီ။-
ရန်သူများသည်၊ထိုသူတို့၏မြို့တံခါး များကိုဖြိုချချိန်၌၊ သင်သည်နံဘေးသို့ဖယ်၍ရပ်နေခဲ့၏။ သင်သည်၊ယေရုရှလင်မြို့၏စည်းစိမ်ဥစ္စာ များကို သိမ်းယူကာ၊မိမိတို့အချင်းချင်းတို့အား ခွဲဝေပေးသူလူမျိုးခြားများနှင့်မခြား၊ ဆိုးယုတ်သူဖြစ်ပေသည်။
ထာဝရဘုရား၏ဗျာဒိတ်တော်ကားဤသို့ တည်း။ ကိုယ်တော်သည်ဟာဒရက်ပြည်နှင့်ဒမာသက် မြို့ကိုအပြစ်ဒဏ်ခတ်ရန်စီရင်ချက်ချမှတ် တော်မူလေပြီ။ ထာဝရဘုရားသည်ဣသရေ လလူမျိုးနွယ်များကိုသာလျှင်မဟုတ်၊ ရှုရိ ပြည်၏မြို့တော်ကိုလည်းပိုင်တော်မူ၏။-
``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲ ဒမြို့၊ သင်သည်အမင်္ဂလာရှိ၏။ သင်တို့တွင်ငါပြုခဲ့ သည့်အံ့ဖွယ်အမှုအရာများကိုတုရုနှင့်ဇိဒုံမြို့ တို့တွင်သာပြုခဲ့ပါမူ ထိုမြို့တို့သည်ရှေးမဆွကပင် လျှင်လျှော်တေကိုဝတ်၍ပြာနှင့်လူးလျက်နောင်တ ရကြလိမ့်မည်။-
သို့ရာတွင်တရားစီရင်တော်မူရာနေ့၌ သင်တို့သည် တုရုနှင့်ဇိဒုံမြို့တို့ထက်ပို၍အပြစ်ဒဏ်ခံရကြ ပေအံ့။-
``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည်လည်းအမင်္ဂလာရှိ၏။ သင်တို့တွင်ပြုခဲ့သည့်အံ့ဖွယ်အမှုအရာများ ကိုတုရုနှင့်ဇိဒုံမြို့တွင်သာပြုခဲ့ပါမူ ထိုမြို့ တို့သည်ရှေးမဆွကပင်လျှော်တေကိုဝတ်၍ ပြာ ထဲမှာထိုင်လျက်နောင်တရပြီးဖြစ်လိမ့်မည်။-
ဘုရားသခင်သည်တရားစီရင်တော်မူရာ ကာလ၌ သင်တို့ထက်ပို၍တုရုနှင့်ဇိဒုံမြို့ တို့အားကရုဏာထားတော်မူပေအံ့။-