ထာဝရဘုရားက``သင်သည်အဘယ်ကြောင့် ဤဆိုးယုတ်သောအမှုကိုပြုရသနည်း။ သင့် ညီအသွေး၏အသံသည်မြေထဲမှ ငါ့ထံသို့ အော်ဟစ်လျက်ရှိသည်တကား။-
ဟဗက္ကုတ် 2:11 - Common Language Bible အိမ်နံရံကျောက်များကပင်လျှင်သင်တို့ကို% အော်ဟစ်စွပ်စွဲလျက် ခေါင်ရှိဒိုင်းများကပဲ့% တင်သံပေးကြလေကုန်ပြီ။ % Garrad Bible တိုက် အိမ် နံ ရံ ရှိ ကျောက် သည် ဟစ် ခြင်း၊ ခေါင် ရှိ ဒိုင်း ကျား လည်း ထောက် ခံ ခြင်း ကို ပြု လိမ့် တ ကား။ Judson Bible အကယ်စင်စစ် ကျောက်တစ်လုံးသည် ကျောက်ထရံထဲက ဟစ်ခေါ်၍၊ ထုပ်တစ်ချောင်းသည် သစ်သားစုထဲက ထူးလေ၏။ မြန်မာ့စံမီသမ္မာကျမ်း စင်စစ် ကျောက်တုံးတစ်တုံးသည် နံရံထဲမှအော်ဟစ်၍ ရက်မတစ်ချောင်းသည် သစ်သားများထဲမှတုံ့ပြန်လိမ့်မည်။ |
ထာဝရဘုရားက``သင်သည်အဘယ်ကြောင့် ဤဆိုးယုတ်သောအမှုကိုပြုရသနည်း။ သင့် ညီအသွေး၏အသံသည်မြေထဲမှ ငါ့ထံသို့ အော်ဟစ်လျက်ရှိသည်တကား။-
အို ယေရုရှလင်မြို့၊ သင်၏မြို့ရိုးတို့ကို ထာဝရဘုရားထံတော်သို့ အော်ဟစ်စေပါလော့။ မြစ်များသဖွယ်သင်၏မျက်ရည်များကို နေ့ရောညပါစီးဆင်းစေပါလော့။ သင်သည်ငိုကြွေးမှုဝမ်းနည်းကြေကွဲမှု တို့ဖြင့် မိမိကိုယ်ကိုနွမ်းနယ်စေပါလော့။
ကိုယ်တော်က ``သင်တို့အားငါဆိုသည်ကား ဤသူတို့တိတ်ဆိတ်စွာနေကြလျှင်ကျောက် ခဲများကကြွေးကြော်ကြလိမ့်မည်'' ဟုမိန့် တော်မူ၏။
သင်တို့သည်ပဋိညာဉ်တော်သစ်ကိုစီရင် တော်မူသောသခင်ယေရှု၏ထံတော်သို့ လည်းကောင်း၊ အာဗေလ၏သွေးထက်သာ ၍မြတ်သောအရာကိုမျှော်လင့်ချက်ပေး သည့်ပက်ဖျန်းသောသွေးတော်၏ထံသို့ လည်းကောင်းရောက်ရှိနေကြ၏။
ယောရှုကလူအပေါင်းတို့အား``ဤကျောက်တုံး သည်ငါတို့အတွက်သက်သေဖြစ်စေမည်။ ငါတို့ အားထာဝရဘုရားမိန့်တော်မူသမျှကိုဤ ကျောက်တုံးသည်ကြားရပြီ။ သို့ဖြစ်၍သင်တို့ သည်သင်တို့၏ဘုရားသခင်ကိုပုန်ကန်လျှင် ဤကျောက်တုံးသည်သက်သေဖြစ်ကြလိမ့် မည်'' ဟုမိန့်ကြားလေ၏။-
ထိုဝိညာဉ်များက``သန့်ရှင်းမြင့်မြတ်ဖြောင့်မှန် တော်မူသောအနန္တတန်ခိုးရှင်၊ အကျွန်ုပ်တို့အား သတ်ဖြတ်ခဲ့သည့်အပြစ်အတွက်ကမ္ဘာသူကမ္ဘာ သားတို့အား အဘယ်ကာလတိုင်အောင်တရား စီရင်အပြစ်ဒဏ်မပေးဘဲနေတော်မူမည် နည်း'' ဟုအသံကျယ်စွာဟစ်အော်ကြ၏။-