ဟေရှာယ 9:2 - Common Language Bible အမှောင်တွင်သွားလာနေသူတို့သည် ကြီးစွာသောအလင်းကိုမြင်ရကြ၏။ သူတို့သည်သေမင်း၏အရိပ်လွှမ်းမိုးရာပြည်တွင် နေထိုင်ခဲ့ရသော်လည်း၊ ယခုအခါသူတို့အပေါ်သို့အလင်းရောင် ကျရောက်လာလေပြီ။ Garrad Bible မှောင် မိုက်၌ သွား လာ ရ သော လူ မျိုး သည်၊ ကြီး စွာ သော အ လင်း ကို မြင် ရ၍၊ သေ မင်း အ ရိပ် တွင် ထိုင် နေ ရ သူ တို့ အ ပေါ်၌ လည်း၊ အ လင်း တောက် ပ လိမ့် မည်။ Judson Bible မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း အမှောင်ထဲ၌ လျှောက်လှမ်းသောလူတို့သည် ကြီးမားသောအလင်းကိုမြင်ရပြီ။ သေမင်းအရိပ်လွှမ်းမိုးသောပြည်၌နေထိုင်သောသူတို့တွင် အလင်းထွန်းလင်းပြီ။ |
အချို့သောသူတို့သည်မှောင်မိုက်အတိဖုံးလွှမ်းရာ အရပ်၌နေထိုင်ရလျက်သံကြိုးဖြင့် ချည်နှောင်ခြင်းခံရလျက်ဒုက္ခခံရကြ၏။
ကိုယ်တော်သည်သူတို့အားမှောင်မိုက်အတိ ဖုံးလွှမ်းရာ အရပ်မှထုတ်ဆောင်တော်မူ၍ သူတို့အားချည်နှောင်ထားသည့်သံကြိုး များကို အပိုင်းပိုင်းဖြတ်တော်မူ၏။
အို ထာဝရဘုရား၊ အကယ်၍ကျွန်တော်မျိုးသည်အမှောင်ဆုံး ချိုင့်ဝှမ်းကို ဖြတ်၍ပင်သွားရစေကာမူမကြောက်ပါ။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးနှင့်အတူရှိတော်မူသောကြောင့် ဖြစ်ပါ၏။
ကျွန်တော်မျိုးသည်လဲလျောင်းလိုက်သောအခါ ငြိမ်သက်စွာအိပ်ပျော်သွားပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သာလျှင်ကျွန်တော်မျိုးအားလုံခြုံစွာ နေနိုင်ခွင့်ကိုပေးတော်မူပါ၏။
ထာဝရဘုရားအားကြောက်ရွံ့ရိုသေ၍၊ ကိုယ်တော်အစေခံ၏စကားကိုနားထောင်သူ အပေါင်းတို့၊ သင်တို့လျှောက်ရသည့်လမ်းသည်မှောင်လျက် နေကောင်းနေလိမ့်မည်။ သို့ရာတွင်သင်တို့သည်ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ သင်တို့၏ဘုရားသခင်ကိုမှီခိုအားကိုးကြလော့။
``နေ့အခါနေသည်လည်းကောင်း၊ ညဥ့်အခါလသည်လည်းကောင်း၊ သင်၏အလင်းဖြစ်တော့မည်မဟုတ်။ ငါထာဝရဘုရားသည်သာလျှင်သင်၏ အတွက် ထာဝစဉ်အလင်းဖြစ်လိမ့်မည်။ ငါ၏ဘုန်းအသရေရောင်ခြည်တော်သည် သင့်အပေါ်၌ထွန်းလင်းလိမ့်မည်။
မြေထဲပင်လယ်မှသည်အရှေ့သို့လားသော် ယော်ဒန်မြစ်တစ်ဖက်ကမ်းနှင့်ဂါလိလဲ ပြည်တိုင်အောင် ရောက်ရှိသည့်ဇာဗုလုန်နှင့် နဿလိသားချင်းစုတို့၏နယ်မြေတည်း ဟူသောလူမျိုးခြားတို့နေထိုင်ရာအရပ် သည် ယခင်ကအသရေပျက်ခဲ့သော်လည်း နောင်အခါ၌အသရေရှိလိမ့်မည်။
ထာဝရဘုရားသည်ကြယ်တာရာ အပေါင်းတို့ကို ဖန်ဆင်းတော်မူ၏။ ခိမကြယ်စုနှင့်ခသိလကြယ်စုကိုလည်း ဖန်ဆင်းတော်မူခဲ့ပြီ။ အမှောင်ကိုအလင်းဖြစ်စေ၍နေ့ကိုလည်း ညအဖြစ်သို့ပြောင်းလဲခဲ့ပြီ။ ပင်လယ်ရေအပေါင်းတို့ကိုခေါ်ယူကာ မြေကြီးပေါ်မှာသွန်းတော်မူခဲ့ပြီ။ ကိုယ်တော်ရှင်၏နာမတော်မှာထာဝရဘုရား ဖြစ်တော်မူ၏။
အမှောင်တွင်နေထိုင်ကြသောသူတို့သည် အလင်းရောင်ကြီးကိုမြင်ရလေပြီ။ သေမင်းအရိပ်တွင်နေထိုင်ကြသူတို့၏အပေါ်သို့ အလင်းရောင်သက်ရောက်လိမ့်မည်'' ဟုဟောကြားခဲ့၏။
သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။-
ငါ့ကိုယုံကြည်သူမှန်သမျှသည်အမှောင် တွင်မနေရစေခြင်းငှာ ငါသည်အလင်း အဖြစ်လောကသို့ကြွလာပြီ။-
တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
အခါတစ်ပါးကသင်တို့သည်မှောင်မိုက်တွင် နေထိုင်ခဲ့ကြ၏။ ယခုအခါ၌မူသခင် ဘုရား၏လူစုတော်ဝင်များဖြစ်လာကြ သဖြင့်အလင်းသို့ရောက်ရှိကြလေပြီ။ သို့ ဖြစ်၍အလင်း၌ကျင်လည်သူများကဲ့သို့ ပြုကျင့်ကြလော့။-
သို့ရာတွင်သင်တို့သည်အရွေးခံလူမျိုးဖြစ် ၏။ တော်ဝင်ယဇ်ပုရောဟိတ်များ၊ သန့်ရှင်းမြင့် မြတ်သည့်လူမျိုး၊ ဘုရားသခင်ပိုင်တော်မူ သောလူမျိုးဖြစ်ကြ၏။ ယင်းသို့ရွေးချယ်တော် မူခြင်းခံရသည်မှာ ဘုရားသခင်ပြုတော် မူသောအံ့ဖွယ်ကောင်းသည့်အမှုအရာများ ကိုဖော်ပြကြေညာနိုင်စေခြင်း၊ ဘုရားသခင် သည်သင်တို့အားအမှောင်ထဲမှအံ့ဖွယ်ရာ အလင်းထဲသို့ခေါ်ယူတော်မူပေသည်။-