ဘုရားသခင်က``ထိုသူတို့သည်အဘယ်သို့ သောလူမျိုးဖြစ်သည်ကို နောင်အခါအစဉ် သက်သေခံအမှတ်အသားရရှိစေရန် စာ စောင်တစ်ခုတွင်ရေးမှတ်၍ထားလော့'' ဟု ငါအားစေခိုင်းတော်မူပါ၏။-
ဟေရှာယ 8:1 - Common Language Bible ထာဝရဘုရားသည်ငါ့အား``စာရေးသင်ပုန်း ကြီးတစ်ခုကိုယူ၍`မြန်မြန်တိုက်၊ မြန်မြန်လု' ဟူသည့်စကားရပ်ကိုစာလုံးကြီးကြီးနှင့် ရေးမှတ်လော့။- Garrad Bible တစ် ဖန် ထာ ဝ ရ ဘု ရား က၊ ကြီး ကျယ် သော သင် ပုန်း ကို ကိုင် ပြီး လျှင်၊ မ ဟာ ရ ရှာ လ လ ဟာ ရှ ဗတ် အ ဖို့ ဟု၊ အ ဖတ် လွယ် သော အ က္ခ ရာ ဖြင့် ရေး သား လော့။ သ စ္စာ စောင့် သူ ပ ရော ဟိတ် ဥ ရိ ယ နှင့် ယေ ဗ ရ ခိ၏ သား ဇာ ခ ရိ တို့ ကို၊ သက် သေ အ ဖြစ် ဖြင့် ငါ ခန့် ထား မည် ဟု ငါ့ အား မိန့် တော် မူ ပြီး နောက်၊ Judson Bible တစ်ဖန် ထာဝရဘုရားက၊ သင်သည် ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန်ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ်ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထားလော့ဟု ငါ့အား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက ငါ့အား “သင်သည် ကျောက်ပြားကြီးတစ်ချပ်ကိုယူ၍ ကညစ်တံဖြင့် ‘မဟေရရှာလလဟာရှဗတ်’ဟူ၍ ရေးသားလော့။ |
ဘုရားသခင်က``ထိုသူတို့သည်အဘယ်သို့ သောလူမျိုးဖြစ်သည်ကို နောင်အခါအစဉ် သက်သေခံအမှတ်အသားရရှိစေရန် စာ စောင်တစ်ခုတွင်ရေးမှတ်၍ထားလော့'' ဟု ငါအားစေခိုင်းတော်မူပါ၏။-
ငါ၏တပည့်တို့သည်ငါ့အားဘုရားသခင် ပေးတော်မူသောဗျာဒိတ်တော်များကို စောင့်ရှောက်ထိန်းသိမ်းရကြပေမည်။-
ကာလအနည်းငယ်ကြာသောအခါငါ၏ ဇနီးသည်သည်ကိုယ်ဝန်ဆောင်ကာသားယောကျာ်း ကိုဖွားမြင်လေသည်။ ထာဝရဘုရားကလည်း ``ထိုသားကိုမြန်မြန်တိုက်မြန်မြန်လုဟု နာမည်မှည့်လော့။-
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက``သင့်ကိုငါမိန့်တော်မူ သမျှသောစကားတို့ကိုစာစောင်တွင်ရေး မှတ်၍ထားလော့။-
``သင်သည်စာလိပ်တစ်ခုကိုယူ၍ဣသရေလ ပြည်၊ ယုဒပြည်နှင့်နိုင်ငံတကာတို့ကိုရည်မှတ် ၍ ငါမိန့်မှာတော်မူခဲ့သမျှသောစကားတို့ ကိုရေးမှတ်လော့။ ယောရှိမင်းလက်ထက်၌ငါ ၏ဗျာဒိတ်တော်ကိုစတင်ခံယူရချိန်မှ အစပြု၍ ယနေ့တိုင်အောင်သင့်အားငါမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် လော့။-
``သင်သည်အခြားစာလိပ်တစ်ခုကိုယူ၍ ယောယကိမ်မင်းမီးရှို့လိုက်သည့်စာလိပ်တွင် ပါရှိသမျှသောစကားတို့ကိုရေးမှတ်၍ ထားလော့။-
ထိုအခါယေရမိသည်အခြားစာလိပ်တစ် ခုကိုယူ၍မိမိ၏စာရေးဗာရုတ်အားပေး၏။ ဗာရုတ်သည်ယောယကိမ်မင်းမီးရှို့လိုက်သည့် စာလိပ်တွင်ပါရှိသမျှသောစကားတို့ကို ငါနှုတ်တိုက်ချပေးသည့်အတိုင်းရေးချလေ သည်။ ငါနှုတ်တိုက်ချပေးသည့်အလားတူ စကားများကိုထပ်လောင်းဖြည့်စွက်၍ ပေးလေသည်။
ဤကိစ္စနှင့်ပတ်သက်၍ဉာဏ်ပညာရှိရန်လို ပေသည်။ ဉာဏ်ပညာရှိသူသည်သားရဲ၏ ကိန်းဂဏန်းအနက်ကိုတွက်ချက်ကြည့်နိုင် ၏။ ထိုကိန်းဂဏန်းသည်လူတစ်ယောက်၏ နာမည်ကိုကိုယ်စားပြု၏။ ထိုကိန်းဂဏန်း မှာခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ် သတည်း။
ထိုနောက်မြို့ရိုးကိုတိုင်းရာကောင်းကင်တမန် အသုံးပြုသည့်လူတို့၏အတိုင်းအထွာအရ၊ အမြင့်နှစ်ရာတစ်ဆယ့်ခြောက်ပေရှိသတည်း။-