ယုဒဘုရင်သြဇိ၏နန်းစံငါးဆယ့်နှစ်နှစ် မြောက်၌ ရေမလိ၏သားပေကာသည် ဣသရေ လဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ အနှစ်နှစ်ဆယ်နန်းစံလေသည်။-
ဟေရှာယ 7:9 - Common Language Bible ဣသရေလပြည်၏အင်အားသည် ရှမာရိ မြို့ဖြစ်၍ရှမာရိမြို့၏အင်အားမှာလည်း ပေကာမင်းပင်ဖြစ်ပေသည်။'' ``အကယ်၍သင်တို့သည် ခိုင်မြဲစွာဘုရားသခင်အားယုံကြည်ကိုးစားမှုမပြုလျှင် အဘယ်အခါ၌မျှရပ်တည်နိုင်ကြလိမ့် မည်မဟုတ်'' ဟုမိန့်တော်မူ၏။ Judson Bible ဒမာသက်မြို့၏ ခေါင်းကား၊ ရေဇိန်မင်းဖြစ်ရမည်။ ဧဖရိမ်ပြည်၏ခေါင်းကား၊ ရှမာရိမြို့။ ရှမာရိမြို့၏ခေါင်းကား၊ ရေမလိသားဖြစ်ရ၏။ သို့သော်လည်း၊ ခြောက်ဆယ်ငါးနှစ်အတွင်းတွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှာ၊ ချိုးဖဲ့လိမ့်မည်။ သင်တို့သည် မယုံလျှင်၊ မတည်ရကြဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဧဖရိမ်ပြည်၏ဦးခေါင်းသည် ရှမာရိမြို့၊ ရှမာရိမြို့၏ဦးခေါင်းသည် ရေမလိ၏သားဖြစ်၏။ သင်တို့၌ ယုံကြည်ခြင်းမရှိလျှင် သင်တို့တည်မြဲလိမ့်မည်မဟုတ်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ |
ယုဒဘုရင်သြဇိ၏နန်းစံငါးဆယ့်နှစ်နှစ် မြောက်၌ ရေမလိ၏သားပေကာသည် ဣသရေ လဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ အနှစ်နှစ်ဆယ်နန်းစံလေသည်။-
နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ဣသရေလနိုင်ငံသည်အမင်္ဂလာရှိ၏။ မိမိ ၏သေသောက်ကြူးသောခေါင်းဆောင်များဆောင်း ထားသည့်ပန်းဦးရစ်များနွမ်းသကဲ့သို့၊ ထို နိုင်ငံ၏ဘုန်းအသရေသည်ညှိုးနွမ်းလျက် နေ၏။ ထိုခေါင်းဆောင်တို့သည်ဝင့်ဝါမော်ကြွား ကာ၊ မိမိတို့ဦးခေါင်းကို နံ့သာဆီမွှေးကောင်း စွာလိမ်း၍ထားကြသော်လည်းသေသောက် ကြူးကာလဲ၍နေကြ၏။-
ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-
သူ့အားသတိရှိမှု၊ တည်ငြိမ်မှုရှိရန်နှင့်ထိတ် လန့်မှုနှင့်စိတ်အနှောက်အယှက်မဖြစ်ရန် ကိုပြောကြားလော့။ ရေဇိန်မင်းနှင့်တကွ ရှုရိပြည်သူတို့၏အမျက်နှင့်ပေကာမင်း ၏အမျက်သည် ထင်းစနှစ်ခုမှအငွေ့တလူ လူထွက်လျက်နေသောမီးခိုးထက်ပို၍ ဥပဒ်မပေးနိုင်။-
ထိုသူငယ်သည်မေမေ၊ ဖေဖေဟူ၍ပင်ခေါ် တတ်သည့်အရွယ်သို့မရောက်မီ အာရှုရိ ဘုရင်သည် ဒမာသက်မြို့ရှိစည်းစိမ်ဥစ္စာ မှန်သမျှနှင့်ရှမာရိမြို့မှတိုက်ရာပါ ပစ္စည်းများကိုသိမ်းယူ၍သွားလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။
ယင်းသို့ပြုတော်မူကြောင်းကိုရှမာရိမြို့ တွင်နေထိုင်သူမှန်သမျှနှင့်ဣသရေလ အမျိုးသားမှန်သမျှတို့သိရှိကြလိမ့်မည်။ ယခုအခါသူတို့သည်မာန်မာနထောင်လွှား လျက်စိတ်ကြီးဝင်လျက်နေကြ၏။ သူတို့က၊-
ဟောရှဲ၏သားအာဇရိ၊ ကာရာ၏သား ယောဟနန်နှင့်အခြားမောက်မာထောင်လွှား သူလူအပေါင်းတို့သည် ငါ့အား``သင်သည်မု သားစကားကိုပြော၏။ ငါတို့ဘုရားသခင် သည်ငါတို့အားအီဂျစ်ပြည်သို့သွားရောက် နေထိုင်မှုမပြုရဟုပြောကြားရန် သင့်ကို စေလွှတ်တော်မူခဲ့သည်မဟုတ်။-
ဣသရေလအမျိုးသားတို့သည် အပြစ် ကူးလွန်၍ဘုရားသခင်အားပုန်ကန်ကြ သောကြောင့် ဤအဖြစ်မျိုးနှင့်တွေ့ကြုံရ ကြမည်။ ဣသရေလအမျိုးသားတို့၏ ပုန်ကန်မှုအတွက် မည်သူ့ကိုအပြစ်တင် ရပါမည်နည်း။ ရှမာရိမြို့တော်မဟုတ် လော။ ယုဒလူမျိုးများကိုးကွယ်နေသည့် မြင့်ရာအရပ်ကားအဘယ်မှာနည်း။ ယေရုရှလင်မြို့တော်၌မဟုတ်လော။-
သို့ရာတွင်တပ်မှူးသည်ပေါလု၏စကားထက် ရေယာဉ်မှူးနှင့်သင်္ဘောပိုင်ရှင်တို့၏စကားကို ပို၍ယုံ၏။-
သို့ဖြစ်၍အားမငယ်ကြနှင့်။ ငါသည်ဘုရား သခင်ကိုယုံကြည်သူဖြစ်၏။ ထို့ကြောင့်ငါ့ အားကောင်းကင်တမန်ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။-
သင်တို့ဆိုသည်အတိုင်းလည်းမှန်၏။ ထိုသူတို့ ခုတ်ဖြတ်ခြင်းခံရကြသည်မှာသူတို့သည် ဘုရားသခင်ကိုယုံကြည်မှုမရှိကြသော ကြောင့်ဖြစ်၏။ သင်တို့မူကားကိုယ်တော်ကို ယုံကြည်သဖြင့်သံလွင်ပင်၏တစ်စိတ်တစ် ဒေသဖြစ်လာရ၏။ သို့သော်သင်တို့ကိုယ်ကို အထင်မကြီးဘဲကြောက်ရွံ့ခြင်းရှိကြလော့။-
ယုံကြည်ခြင်းမရှိသူသည်ဘုရားသခင် ၏စိတ်တော်နှင့်မတွေ့နိုင်ရာ။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ထံတော်သို့ချဉ်းကပ် သူသည်ကိုယ်တော်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်သည်မိမိကိုရှာ သောသူအား အကျိုးပေးတော်မူကြောင်းကို လည်းကောင်းယုံကြည်ရမည်ဖြစ်သောကြောင့် တည်း။
ဘုရားသခင်၏သားတော်ကိုယုံကြည်သူသည် ထိုသက်သေခံချက်ကိုစိတ်နှလုံးထဲတွင်မှတ် ကျုံးထား၏။ ဘုရားသခင်ကိုမယုံကြည်သူ သည်ကား သားတော်အကြောင်းကိုယ်တော်သက် သေခံတော်မူသည်ကိုမယုံကြည်သဖြင့် ဘုရားသခင်အားမုသားသုံးသည်ဟုဆို ရာရောက်၏။-