ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။
ဟေရှာယ 7:11 - Common Language Bible ``နိမိတ်လက္ခဏာတစ်ခုကိုပြတော်မူရန် သင်၏ဘုရားသခင်ထာဝရဘုရားအား တောင်းလျှောက်လော့။ ထိုနိမိတ်လက္ခဏာသည် မရဏာနိုင်ငံမှလည်းကောင်း၊ အထက်ကောင်း ကင်ဘုံမှလည်းကောင်းဖြစ်နိုင်ပါသည်'' ဟု ပြောကြားစေတော်မူ၏။ Judson Bible နက်သောအရပ်၌ ဖြစ်စေ၊ မြင့်သောအထက်အရပ်၌ ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း “သင်၏ဘုရားသခင်ထာဝရဘုရားထံ နိမိတ်လက္ခဏာကို တောင်းလော့။ နက်သောမရဏာနိုင်ငံမှဖြစ်စေ၊ မြင့်သောအထက်အရပ်မှဖြစ်စေ တောင်းလော့”ဟု မိန့်တော်မူ၏။ |
ထို့နောက်ပရောဖက်ကဆက်လက်၍``ဤယဇ်ပလ္လင် သည်ပြိုကွဲ၍ ပလ္လင်ပေါ်ရှိပြာတို့သည်လည်းပျံ့ လွင့်လိမ့်မည်။ ထိုအခါငါ့အားဖြင့်ဤစကား ကိုထာဝရဘုရားမိန့်တော်မူကြောင်းသင် သိလိမ့်မည်'' ဟုဟောလေ၏။
ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင်သည်ယခုနှစ်နှင့်နောင်နှစ်ခါ၌ စပါး ရိုင်းကိုသာလျှင်စားရလိမ့်မည်။ သို့ရာတွင် တတိယနှစ်၌မူဂျုံစပါးကိုစိုက်ပျိုး ရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်း စိုက်၍ စပျစ်သီးများကိုစားရလိမ့်မည်။-
``အကယ်၍ဖာရောဘုရင်က`ငါယုံနိုင်ရန် နိမိတ်လက္ခဏာကိုပြလော့' ဟုဆိုလျှင်သင် သည်အာရုန်အား`ဘုရင်ရှေ့၌သင်၏တောင် ဝှေးကိုပစ်ချရန်ပြောလော့။ တောင်ဝှေးသည် မြွေဖြစ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။-
ထိုနောက်ဟေရှာယသည်ဟေဇကိမင်း အား``နောင်အခါဖြစ်ပျက်မည့်အမှုအရာ များ၏ရှေ့ပြေးနိမိတ်ကားဤသို့တည်း။ သင် သည်ယခုနှစ်၌လည်းကောင်း၊ နောင်နှစ်ခါ၌ လည်းကောင်းစပါးရိုင်းကိုသာလျှင်စားရ လိမ့်မည်။ သို့ရာတွင်တတိယနှစ်၌မူဂျုံ စပါးကိုစိုက်ပျိုးရိတ်သိမ်းရလိမ့်မည်။ စပျစ်ပင်များကိုလည်းစိုက်၍စပျစ် သီးများကိုစားရလိမ့်မည်။-
ထိုအခါမင်းကြီးက``ငါသည်ဗိမာန်တော် သို့သွားရောက်နိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ် နိမိတ်လက္ခဏာကိုထောက်၍သိရှိနိုင်ပါမည် နည်း'' ဟုမေးတော်မူ၏။
ယခုဆူးပင်များပေါက်လျက်ရှိရာအရပ်တွင် အာရဇ်ပင်(သစ်ကတိုး) များပေါက်၍လာလိမ့်မည်။ ဆူးခြုံများရှိရာအရပ်တွင်မုရတုပင်များ ပေါက်ရောက်လာလိမ့်မည်။ ဤအမှုအရာသည်၊ငါထာဝရဘုရား၏ လက်ရာတော်ကိုအောက်မေ့သတိရစေရန် ထာဝစဉ်တည်မြဲသည့်အမှတ်လက္ခဏာတစ်ရပ် ဖြစ်လိမ့်မည်'' ဟုမိန့်တော်မူ၏။
အာခတ်က``ငါသည်ထာဝရဘုရားအား အကဲမစမ်းလိုပါ။ သို့ဖြစ်၍နိမိတ် လက္ခဏာကိုတောင်းလျှောက်လိမ့်မည် မဟုတ်'' ဟုဆို၏။
ထာဝရဘုရားသည်မြေအိုးတစ်လုံးကိုသွား ရောက်ဝယ်ယူရန် ငါ့အားစေခိုင်းတော်မူ၏။ ကိုယ် တော်ကငါနှင့်အတူအသက်ကြီးသူပြည်သူ့ ခေါင်းဆောင်အချို့နှင့် ယဇ်ပုရောဟိတ်အချို့ တို့ကိုလည်းခေါ်ဆောင်ကာ၊-
ထိုနောက်ထာဝရဘုရားသည် ငါ့ကိုမိမိ နှင့်အတူလိုက်ပါလာသူတို့၏ရှေ့တွင်အိုး ကိုခွဲစေတော်မူပြီးလျှင်၊-
ငါသည်ဤဒေသတွင်သင်တို့အားအပြစ် ဒဏ်ခတ်မည်ဟူ၍လည်းကောင်း၊ သင်တို့ကို သုတ်သင်ဖျက်ဆီးမည်ဟူ၍ထားခဲ့သော ငါ ၏ကတိတော်သည်အမှန်တကယ်ဖြစ်လာ လိမ့်မည်ဖြစ်ကြောင်းကို သင်တို့အားငါ ထာဝရဘုရားသက်သေပြမည်။-
နို့စို့သူငယ်တစ်ဦးကိုအနှီးဖြင့်ပတ်လျက် နွားစားခွက်တွင်သိပ်ထားသည်ကိုသင်တို့ တွေ့မြင်ကြလိမ့်မည်။ ဤအခြင်းအရာကို တွေ့မြင်သော်သူငယ်တော်ဖြစ်ကြောင်းသိရှိ နိုင်ကြလိမ့်မည်'' ဟုဆို၏။