ပေကဟိ၏တပ်မတော်အရာရှိတစ်ဦးဖြစ် သူပေကာသည် ဂိလဒ်ပြည်သားလူငါးကျိပ် နှင့်အတူ လျှို့ဝှက်ကြံစည်ကာပေကဟိကို ရှမာရိနန်းတော်အတွင်း၌လုပ်ကြံပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
ဟေရှာယ 7:1 - Common Language Bible ယုဒပြည်တွင် သြဇိ၏မြေး၊ ယောသံ၏သား၊ အာခတ်နန်းစံစဉ်အခါစစ်ဖြစ်လေသည်။ ရှုရိ ဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ရေမလိ ၏သားပေကာတို့သည် ယေရုရှလင်မြို့ကို တိုက်ခိုက်ကြသော်လည်းထိုမြို့ကိုသိမ်းယူ နိုင်စွမ်းမရှိကြ။ Garrad Bible ဩ ဇိ မင်း မြေး၊ ယော သံ မင်း သား ယု ဒ ဘု ရင် အာ ခတ် မင်း လက် ထက် ရှု ရိ ဘု ရင် ရေ ဇိန် မင်း၊ ရေ မ လိ သား ဣ သ ရေ လ ဘု ရင် ပေ ကာ မင်း တို့ သည် ယေ ရု ရှ လင် မြို့ ကို တိုက် ခိုက် ရန် ချီ လာ သော် လည်း၊ အ ထ မ မြောက် နိုင်။ Judson Bible ယုဒရှင်ဘုရင် ဩဇိသားဖြစ်သော၊ ယောသံ၏သားအာခတ်မင်းလက်ထက်၌၊ ရှုရိရှင်ဘုရင် ရေဇိန်မင်းနှင့် ဣသရေလရှင်ဘုရင် ရေမလိမင်း၏သား ပေကာမင်းတို့သည်၊ ယေရုရှလင်မြို့ကို တိုက်ခြင်းငှာ ချီလာကြ၏။ သို့သော်လည်း၊ အကြံမမြောက်နိုင်ကြ။ မြန်မာ့စံမီသမ္မာကျမ်း ဩဇိမင်းကြီး၏သားတော်ယောသံ၊ ယောသံမင်းကြီး၏သားတော် ယုဒဘုရင်အာခတ်မင်းကြီး၏လက်ထက်တွင် ဆီးရီးယားဘုရင်ရေဇိန်မင်းကြီး၊ ရေမလိ၏သား အစ္စရေးဘုရင်ပေကာမင်းကြီးတို့သည် ဂျေရုဆလင်မြို့ကို ချီတက်တိုက်ခိုက်၏။ သို့သော် မအောင်နိုင်ခဲ့ပေ။ |
ပေကဟိ၏တပ်မတော်အရာရှိတစ်ဦးဖြစ် သူပေကာသည် ဂိလဒ်ပြည်သားလူငါးကျိပ် နှင့်အတူ လျှို့ဝှက်ကြံစည်ကာပေကဟိကို ရှမာရိနန်းတော်အတွင်း၌လုပ်ကြံပြီးနောက် သူ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
ယုဒဘုရင်သြဇိ၏နန်းစံငါးဆယ့်နှစ်နှစ် မြောက်၌ ရေမလိ၏သားပေကာသည် ဣသရေ လဘုရင်အဖြစ်နန်းတက်၍ရှမာရိမြို့၌ အနှစ်နှစ်ဆယ်နန်းစံလေသည်။-
ရှုရိဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ပေကာ တို့အား ယုဒပြည်ကိုတိုက်ခိုက်ကြရန် ထာဝရ ဘုရားစေလွှတ်တော်မူသည်မှာယောသံ၏ လက်ထက်၌ဖြစ်၏။-
ရေမလိ၏သားပေကာ၏ နန်းစံတစ်ဆယ့်ခုနစ် နှစ်မြောက်၌ယောသံ၏သားအာခတ်သည်၊ အ သက်နှစ်ဆယ်ရှိသောအခါယုဒပြည်ဘုရင် အဖြစ်နန်းတက်၍ ယေရုရှလင်မြို့၌တစ်ဆယ့် ခြောက်နှစ်နန်းစံရ၏။ သူသည်မိမိ၏ဘေးတော် ဒါဝိဒ်မင်း၏စံနမူနာကောင်းကိုမယူဘဲ ထာဝရဘုရားနှစ်သက်တော်မမူသည့် အမှုတို့ကိုပြု၍၊-
ရှုရိဘုရင်ရေဇိန်နှင့်ဣသရေလဘုရင်ပေကာ တို့သည် စစ်ချီ၍ယေရုရှလင်မြို့ကိုဝိုင်းရံ ထားကြသော်လည်း အာခတ်မင်းကိုမနှိမ်နင်း နိုင်ကြ။-
ဤကျမ်းစောင်တွင် ယုဒဘုရင်များဖြစ်သောသြဇိမင်း၊ ယောသံမင်း၊ အာခတ်မင်းနှင့်ဟေဇကိမင်းတို့၏လက်ထက်၌ ယုဒပြည်နှင့်ယေရုရှလင်မြို့အဘယ်သို့ဖြစ်ပျက်မည်ကို အာမုတ်၏သားဟေရှာယအားထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော်များပါရှိ၏။
ကိုယ်တော်က``ဤလူစုသည်ဆိတ်ငြိမ်စွာ စီးဆင်းလျက်နေသော ရှိလောင်ချောင်းရေ ကိုပစ်ပယ်ကာရေဇိန်မင်းနှင့်ပေကာမင်း တို့၏ရှေ့တွင်တုန်လှုပ်လျက်နေသဖြင့်၊-
ထာဝရဘုရားသည်သူတို့အားတိုက်ခိုက် ကြစေရန် ရန်သူတို့ကိုလှုံ့ဆော်တော်မူ၏။-
ရှုရိပြည်သားတို့သည်သင်ထုတ်လုပ်သည့် ကုန်ပစ္စည်းအမျိုးမျိုးကိုဝယ်ယူကာ ယင်း တို့၏တန်ဖိုးကိုမြ၊ ကျောက်နီ၊ မရမ်းစေ့ ရောင်အထည်အလိပ်၊ ပန်းထိုးထည်၊ ပိတ်ချော၊ သန္တာနှင့်ပတ္တမြားတို့ဖြင့်ပေးချေကြ၏။-
ယုဒနိုင်ငံတွင်သြဇိမင်း၊ ယောသံမင်း၊ အာ ခတ်မင်း၊ ဟေဇကိမင်းနှင့်ဣသရေလနိုင်ငံ တွင်ယောရှမင်း၏သားယေရောဗောင်မင်းတို့ စိုးစံသည့်လက်ထက်၌ ဗေရိ၏သားဟောရှေ ထံသို့ရောက်ရှိလာသောထာဝရဘုရား၏ နှုတ်ကပတ်တော်ကားဤသို့တည်း။
ယုဒနိုင်ငံတွင်ယောသံဘုရင်၊ အာခတ်ဘုရင်၊ ဟေဇကိဘုရင်တို့စိုးစံသည့်အချိန်ကာလ ၌ ထာဝရဘုရားသည်မောရရှမြို့သား မိက္ခာအားဤသို့ဗျာဒိတ်ပေးတော်မူ၏။ ထာဝရဘုရားသည်ရှမာရိမြို့နှင့် ယေရုရှလင်မြို့တို့နှင့်စပ်လျဉ်း၍ အောက် ပါအကြောင်းအရာများကိုဖော်ပြတော် မူ၏။