သရွတ်ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ။ တဖန်မြေမှုန့် ဖြစ်စေတော်မူမည်လော။
ဟေရှာယ 64:7 - Common Language Bible ကိုယ်တော်ရှင်၏နာမတော်နှင့်ထံတော်သို့ တစ်ဦးတစ်ယောက်မျှဆုတောင်းပတ္ထနာမ ပြုပါ။ ``ကူမတော်မူပါ'' ဟုလည်းတစ်ဦး တစ်ယောက်မျှလာရောက်ပန်ကြားမှုမပြု ပါ။ ကျွန်တော်မျိုးတို့အပြစ်များကြောင့် ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုလွှဲ တော်မူ၍ကျွန်တော်မျိုးတို့အားစွန့်ပစ် တော်မူပါပြီ။ Garrad Bible မျက် နှာ တော် လွှဲ လျက် ဒု စ ရိုက် တန် ခိုး လက် အောက် သို့၊ အ ကျွန်ုပ် တို့ ကို အပ် လိုက် တော် မူ ပြီး ဖြစ်၍၊ နာ မ တော် အား ပ ဌ နာ ပြု သူ၊ ကိုယ် တော်၌ မှီ ဝဲ ရန် စိတ် ကို ဆော် သူ တစ် ဦး မျှ မ ရှိ ချေ။ Judson Bible နာမတော်ကို ပတ္ထနာပြုသောသူ၊ ကိုယ်တော်ကိုမှီဝဲခြင်းငှာ ကိုယ်ကိုကိုယ် နှိုးဆော်သောသူ တစ်ယောက်မျှမရှိပါ။ အကြောင်းမူကား၊ မျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အကျွန်ုပ်တို့ထံမှ မျက်နှာတော်ကိုလွှဲ၍ ဒုစရိုက်လက်ထဲ၌ အကျွန်ုပ်တို့ကို နစ်မွန်းစေသဖြင့် ကိုယ်တော်၏နာမတော်ကိုခေါ်သောသူ၊ မိမိစိတ်ကို နှိုးဆော်၍ ကိုယ်တော်ကို ဖက်တွယ်သောသူတစ်ယောက်မျှမရှိ။ |
သရွတ်ကိုလုပ်သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့တော်မူပါ။ တဖန်မြေမှုန့် ဖြစ်စေတော်မူမည်လော။
သင်၏သားသမီးတို့သည် ဘုရားသခင်ကို ပြစ်မှားသောကြောင့်၊ ပြစ်မှားစဉ်တွင်၊ သူတို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း၊
ထာဝရဘုရားသည်ဘုရားဖြစ်တော်မူသည်ဟု ဝန်ခံကြလော့။ ကိုယ်တော်သည်ငါတို့အားဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်ကိုယ်တော်၏လူစုတော်ဖြစ်ကြ၏။ ကိုယ်တော်စောင့်ထိန်းတော်မူသည့်သိုးစုဖြစ် ကြ၏။
ထာဝရဘုရားက ``ထိုသူတို့သည်မသိနားမလည်သူများပေလော။ ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။ သူတို့သည်ငါ၏လူစုတော်ထံမှလုယူ တိုက်ခိုက်၍ အသက်မွေးကြကုန်သည်။ ငါ၏ထံသို့လည်းဆုတောင်းပတ္ထနာမပြု ကြ'' ဟုမိန့်တော်မူ၏။
အီဂျစ်အမျိုးသားတို့ကကိုယ်တော်ရှင်သည် ဣသရေလအမျိုးသားတို့ကိုတောင်များ ပေါ်သို့ခေါ်ဆောင်၍၊ အကုန်အစင်ရှင်းလင်း သုတ်သင်ပစ်ရန်အီဂျစ်ပြည်မှထုတ်ဆောင် သွားသည်ဟူ၍ဆိုဖွယ်ရာအကြောင်းရှိ စေရပါမည်လော။ ပြင်းပြသောအမျက် တော်ကိုပြေစေလျက်ကိုယ်တော်၏လူမျိုး တော်အားပေးမည့်အပြစ်ဒဏ်မှလွတ် ငြိမ်းချမ်းသာခွင့်ရစေပါ။-
``သင်တို့လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုကြသောအခါ ငါသည်သင်တို့အားလှည့်၍ကြည့်တော်မူလိမ့်မည်မဟုတ်။ သင်တို့၏လက်များသည်အပြစ်သွေးစွန်းလျက်နေသဖြင့် သင်တို့အဘယ်မျှပင်ပြင်းပြစွာဆုတောင်းပတ္ထနာပြုကြသော်လည်းငါနားထောင်လိမ့်မည်မဟုတ်။-
သို့ရာတွင်ငါ၏လူမျိုးတော်၏ရန်သူများ သည် ငါ၏ကွယ်ကာစောင့်ထိန်းမှုကိုအလိုရှိ ပါမူ ငါနှင့်ပြေလည်ကျေအေးမှုရရှိရန် ဆောင်ရွက်ကြရာ၏။ သူတို့သည်ငါနှင့်ပြေ လည်ကျေအေးမှုရရှိရန် အမှန်ပင်ဆောင် ရွက်ကြရာ၏'' ဟုမိန့်တော်မူလိမ့်မည်။
အခြားအိုးများနှင့်မထူးခြားသည့်မြေအိုး သည် အိုးထိန်းသည်နှင့်အတူငြင်းခုံဝံ့ပါမည် လော။ ရွှံ့စေးကအိုးထိန်းသည်အား အဘယ်သို့သောအရာကိုသင်ပြုလုပ် သနည်းဟု မေးရပါမည်လော။ မြေအိုးကမိမိကိုပြုလုပ်သူတွင်ကျင် လည်မှု မရှိဟုညည်းညူရပါမည်လော။
``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။
ငါသည်အမျက်ထွက်သဖြင့်သင်တို့ထံမှ မျက်နှာလွှဲ၍နေခဲ့၏။ သို့ရာတွင်မေတ္တာတော်ကိုသင်တို့အားထာဝစဉ် ငါပြမည်'' ဟု သင်တို့ကိုကယ်တင်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
ထာဝရဘုရားကထိုသူတို့အား``သင်တို့ သည်ဥပုသ်နေ့ကိုစောင့်ထိန်းကာငါနှစ်သက် သည့်အမှုကိုပြု၍ ငါ၏ပဋိညာဉ်တော်ကို သစ္စာစောင့်ကြမည်ဆိုပါမူ၊-
ငါသည်သူတို့၏အပြစ်များနှင့်လောဘ လွန်ကူးမှုများအတွက်အမျက်ထွက်သဖြင့် သူတို့အားအပြစ်ဒဏ်ခတ်၍သူတို့ထံမှ လွှဲရှောင်ခဲ့၏။ သို့သော်လည်းသူတို့သည်ခေါင်း မာလျက် မိမိတို့ပြုလိုရာပင်ပြုကျင့်လျက် နေကြ၏။
အနှိပ်အစက်ခံရသူတို့အားကယ်မမည့်သူ မရှိသည်ကိုလည်းမြင်တော်မူ၍အံ့သြတော် မူ၏။ သို့ဖြစ်၍ကိုယ်တော်သည်သူတို့အားလက် တော်ဖြင့်ကယ်တော်မူ၍ ကိုယ်တော်ရှင်၏ဖြောင့် မတ်တော်မူခြင်းအားဖြင့်အောင်ပွဲခံတော်မူ လိမ့်မည်။-
ကိုယ်တော်ကြားတော်မမူခြင်းမှာသင်တို့ အပြစ်များကြောင့်ဖြစ်သည်။ သင်တို့အား ကိုယ်တော်နှင့်ကင်းကွာစေသည့်အရာမှာ လည်းသင်တို့အပြစ်များပင်ဖြစ်၏။-
သင်တို့သည်တရားရုံးတော်သို့သွားသော် လည်း တရားမျှတမှုမရှိ၊ တရားသည့် ဘက်၌မနေကြ။ မိမိတို့အမှုနိုင်ရန် အတွက်မုသားစကားပြောဆိုလျက် အကြောင်းမဲ့ငြင်းခုံတတ်ကြ၏။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏အဖ ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးတို့၏ဘိုးဘေး များဖြစ်သောအာဗြဟံနှင့်ယာကုပ်တို့ပင် လျှင် ကျွန်တော်မျိုးတို့အားအသိအမှတ်မ ပြုနိုင်ကြပါ။ သို့ရာတွင်ထာဝရဘုရား သည် ကျွန်တော်မျိုးတို့၏အဖဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားရှေးကာလ ထဲက အစဉ်အမြဲကယ်ဆယ်တော်မူခဲ့ သူမှာကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။-
ဤအကြောင်းကြောင့်အနန္တတန်ခိုးရှင် ထာဝရဘုရားက ``ငါသည်သတ္တုကိုအရည်ကျို၍ချွတ်သကဲ့သို့၊ ငါ့လူမျိုးတော်ကိုသန့်စင်အောင်ပြုမည်။ သူတို့အားငါဆန်းစစ်၍ကြည့်မည်။ ငါ၏လူမျိုးတော်သည်အပြစ်ဒုစရိုက်ကို ကူးလွန်ကြလေပြီ။ ငါသည်သူတို့အားအဘယ်သို့ပြုရမည်နည်း။
ငါသည်မိမိ၏လူမျိုးတော်နေထိုင်ရာပြည် ကိုအမျက်တော်ဖြင့် ဖျက်ဆီးပစ်မည်ပြုသော အခါထိုပြည်ကိုတံတိုင်းကာနိုင်မည့်သူ၊ မြို့ ရိုးများပြိုရာတွင်ရပ်၍ခုခံနိုင်မည့်သူကို ငါရှာကြည့်၏။ သို့ရာတွင်တစ်စုံတစ်ယောက် ကိုမျှမတွေ့ရ။-
ထိုနောက်အိုးလွတ်ကိုနီရဲလာအောင် မီးကျီး ခဲများအပေါ်တွင်တင်ထားလော့။ ထိုအခါ ချေးကိုမီးစားသဖြင့် အိုးသည်ဘာသာရေး ထုံးနည်းနှင့်အညီသန့်စင်လာလိမ့်မည်။-
``ငါ၏လူမျိုးတော်သည်မိမိတို့၏အပြစ် ကိုသိ၍ ငါ့ထံသို့ပြန်လာမည့်အချိန်ရောက် သည်အထိငါသည်သူတို့ကိုစွန့်ပစ်ထား မည်။ သူတို့သည်ဆင်းရဲဒုက္ခခံနေရစဉ် ငါ့အားကြိုးစား၍ရှာကြလိမ့်မည်။''
သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-
``သူတို့သည်ပူပြင်းသောဒေါသစိတ်မွှန်၍ အုပ်ချုပ်သူများကိုသတ်ကြ၏။ သူတို့သည် ဘုရင်များကိုတစ်ပါးပြီးတစ်ပါးလုပ်ကြံ သတ်ဖြတ်ကြ၏။ သို့ရာတွင်မည်သူကမျှ ငါ့ထံသို့ကူမရန်ဆုတောင်းပတ္ထနာမ ပြုကြ'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ယဇ် ပုရောဟိတ်တို့အား``သားသည်ဖခင်အား လည်းကောင်း၊ အစေခံသည်သခင်အားလည်း ကောင်းရိုသေလေးစား၏။ ငါသည်သင်တို့၏ ဖခင်ဖြစ်ပေသည်။ အဘယ်ကြောင့်သင်တို့ ငါ့အားမရိုသေကြပါသနည်း။ ငါသည် သင်တို့၏သခင်ဖြစ်ပေသည်။ အဘယ်ကြောင့် သင်တို့ငါ့အားမလေးစားကြပါသနည်း။ သင်တို့သည် ငါ့အားမထီမဲ့မြင်ပြုပြီး လျှင်``ကိုယ်တော်ရှင်အားကျွန်တော်မျိုးတို့ အဘယ်သို့မထီမဲ့မြင်ပြုမိကြပါသ နည်း'' ဟုမေးလျှောက်ကြ၏။-
ငါတို့အားလုံး၌ဖခင်တစ်ဦးတည်ရှိသည် မဟုတ်ပါလော။ ဤဘုရားသခင်တစ်ပါးတည်း ပင်လျှင် ငါတို့အားဖန်ဆင်းတော်မူသည်မ ဟုတ်ပါလော။ သို့ဖြစ်ပါမူငါတို့သည်အဘယ် ကြောင့် မိမိတို့အချင်းချင်းထားရှိသည့်သစ္စာ ကတိကိုဖျက်ကြပါသနည်း။ အဘယ်ကြောင့် ငါတို့ဘိုးဘေးများနှင့်ဘုရားသခင်ပြု တော်မူခဲ့သည့်ပဋိညာဉ်တော်ကိုမထီမဲ့ မြင်ပြုကြပါသနည်း။-