သို့ရာတွင်ကျွန်တော်မျိုးသည်နာကျင်၍ စိတ်ပျက်အားလျော့လျက်ရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးအားချီပင့်၍ကယ်တော်မူပါ။
ဟေရှာယ 53:3 - Common Language Bible ငါတို့သည်သူ့အားစက်ဆုတ်ရွံရှာ၍ပစ်ပယ် ထားကြ၏။ သူသည်ဆင်းရဲဒုက္ခနှင့်ဝေဒနာကိုခံရ၏။ သူ့ကိုလှည့်၍ပင်ကြည့်မည့်သူတစ်ဦး တစ်ယောက်မျှမရှိ။ ငါတို့သည်သူ့အားတန်ဖိုးမဲ့သူအလား လျစ်လူရှု၍ထားကြ၏။ Garrad Bible မ ထီ မဲ့ မြင် ပြု ခြင်း၊ လူ တို့ စွန့် ပယ် ခြင်း ကို ခံ ရ လျက်၊ ရော ဂါ နှင့် ကျွမ်း ဝင်၍၊ ဝေ ဒ နာ ခံ စား ရ သူ ဖြစ် ၏။ မျက် နှာ လွှဲ ချင် ဖွယ် နှင့် အ မျှ မ ထီ လေး စား ခံ ရ သ ဖြင့်၊ ငါ တို့ ပ မာ ဏ မ ပြု ကြ။ Judson Bible မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင်အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူ ဖြစ်၏။ သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။ မြန်မာ့စံမီသမ္မာကျမ်း သူသည် မထီမဲ့မြင်ပြုခြင်းကိုခံရ၏။ လူတို့၏ငြင်းပယ်ခြင်းကိုခံရ၏။ ဒုက္ခဝေဒနာခံရသောသူ၊ နာကျင်ခြင်းဝေဒနာနှင့် မိတ်ဖွဲ့ရသူဖြစ်၏။ မျက်နှာလွှဲခြင်းဖြင့် သူ့ကိုမထီမဲ့မြင်ပြုကြ၏။ ငါတို့သည်လည်း သူ့ကိုအလေးမထားကြ။ |
သို့ရာတွင်ကျွန်တော်မျိုးသည်နာကျင်၍ စိတ်ပျက်အားလျော့လျက်ရှိပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးအားချီပင့်၍ကယ်တော်မူပါ။
ကျွန်တော်မျိုးသည်သေအံ့ဆဲဆဲဖြစ်လျက် နေသူတစ်ယောက်ဖြစ်ပါ၏။ အားအင်လည်းကုန်ခန်းပါပြီ။
လူမျိုးတကာတို့၏ရွံရှာမုန်းတီးခြင်းကို များစွာခံရ၍၊ မင်းဆိုးမင်းညစ်တို့၏အစေခံဖြစ်သူအား၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် သည့် ဘုရားသခင်၊ကယ်တင်ရှင်က၊ ``ပြည်ရှင်မင်းတို့သည်သင့်အားလွတ်မြောက် စေပြီးလျှင် ထ၍အရိုအသေပေးကြလိမ့်မည်။ မင်းညီမင်းသားများသည်လည်းသင့်ကိုမြင်၍၊ ဦးညွှတ်ပျပ်ဝပ်ကာအလေးပြုကြလိမ့်မည်။'' အဘယ်ကြောင့်ဆိုသော်၊ကတိတည်တော်မူသော ထာဝရဘုရားတည်းဟူသော၊ ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ် တော်မူသောဘုရားသခင်သည်၊ သင့်ကိုရွေးချယ်ခန့်ထားတော်မူပြီ ဖြစ်သောကြောင့်တည်းဟုမိန့်တော်မူပါ၏။
ငါသည်မိမိကိုရိုက်နှက်သူတို့အားကျောခင်း ၍ ပေးပါ၏။ ငါ၏မုတ်ဆိတ်မွေးတို့ကိုဆွဲနုတ်ပြီးလျှင် ငါ၏မျက်နှာကိုတံတွေးနှင့်ထွေး၍၊ ငါ့ကိုသူတို့စော်ကားကြသောအခါငါသည် သူတို့အားဆီးတားမှုကိုမပြု။
လူအများပင်သူ့ကိုတွေ့မြင်သောအခါ လိပ်ပြာလန့်၍သွားကြ၏။ သူသည်လွန်စွာရုပ်ပျက်ဆင်းပျက်ဖြစ်၍နေ သဖြင့် လူနှင့်ပင်မတူတော့။
ထာဝရဘုရားက၊ ``ထိုသူသည်ငါ၏အလိုတော်အရဝေဒနာ ခံရခြင်းဖြစ်၏။ သူသည်အပြစ်ဖြေရာယဇ်အဖြစ်ဖြင့်မိမိကိုယ် ကို တင်လှူပူဇော်သည်ဖြစ်၍ မိမိ၏သားမြေးအမြောက်အမြားကိုတွေ့မြင်ခွင့် ရရှိလိမ့်မည်။ သူသည်အသက်ရှည်လိမ့်မည်။ ငါ၏အကြံအစည်တော်အောင်မြင်မှုကိုလည်း အထောက်အကူပြုလိမ့်မည်။
``သို့ရာတွင်သူသည်ငါတို့ခံထိုက်သည့်ဆင်းရဲ ဒုက္ခကိုလည်းကောင်း၊ ငါတို့ခံရမည့်ဝေဒနာကိုလည်းကောင်းခံပေသည်။ ယင်းသို့သူခံစားလျက်နေရသည့်ဒုက္ခဝေဒနာ ကိုပင်လျှင်၊ သူ့အားထာဝရဘုရားပေးအပ်သည့် အပြစ်ဒဏ်ဟုငါတို့ထင်မှတ်ကြ၏။
``ယေရုရှလင်မြို့သားတို့၊ သင်တို့၏တပ်များ ကိုစုရုံးစေကြလော့၊ ငါတို့ကိုရန်သူများ ဝိုင်းထားကြပြီ။ သူတို့သည်ဣသရေလ အမျိုးသားတို့၏ခေါင်းဆောင်များကို သုတ်သင်ပယ်ရှင်းပစ်ရန်ကြိုးစားကြ၏။
ငါသည်မိမိအားမုန်းသည့်သိုးထိန်းသုံး ယောက်ကိုသည်းမခံနိုင်သဖြင့် သူတို့ အားတစ်လတည်းတွင်ဖယ်ရှားပစ်လိုက်၏။-
ထိုနောက်သူတို့သည်ကိုယ်တော်၏မျက်နှာတော်ကို တံတွေးနှင့်ထွေးကြ၏။ ကိုယ်တော်ကိုလက်သီးနှင့် ထိုးကြ၏။ အချို့သောသူတို့သည်ပါးတော်ကို လက်ဝါးဖြင့်ရိုက်ပြီးလျှင်၊-
``အရှင်၊ ထိုလူလိမ်အသက်ရှင်စဉ်အခါက၊ `ငါ သည်သုံးရက်ကြာသော်သေခြင်းမှထမြောက်မည်' ဟုပြောဆိုခဲ့သည်ကိုအကျွန်ုပ်တို့မှတ်မိပါ၏။-
ကိုယ်တော်က ``နားထောင်ကြလော့။ ငါတို့သည် ယေရုရှလင်မြို့သို့ခရီးပြုလျက်ရှိကြ၏။ ယေရုရှလင်မြို့တွင်လူသားအား ယဇ်ပုရော ဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ၏ လက်သို့အပ်နှံကြလိမ့်မည်။ သူတို့သည်လူ သားအားသေဒဏ်စီရင်၍ လူမျိုးခြားတို့၏ လက်သို့အပ်နှံကြလိမ့်မည်။-
လူမျိုးခြားတို့သည်လူသားအားပြောင်လှောင်၍ တံတွေးနှင့်ထွေးကြလိမ့်မည်။ ကြိမ်ဒဏ်ပေး၍ အသေသတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက် ကြာသောအခါလူသားသည် သေခြင်းမှ ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
``ငါသည်သေလုနီးပါးစိတ်ဒုက္ခရောက်လှ၏။ သင်တို့ဤအရပ်တွင်သတိနှင့်စောင့်နေကြ လော့'' ဟုတပည့်တော်တို့သုံးဦးတို့အားမိန့် တော်မူ၏။
ဦးခေါင်းတော်ကိုကူလုံးနှင့်ရိုက်ကြ၏။ ကိုယ် တော်ကိုတံတွေးနှင့်ထွေးကြ၏။ ရှေ့တော်၌ ဒူးထောက်လျက်ဦးညွှတ်ရှိခိုးကြ၏။-
ကိုယ်တော်က ``အမှုအရာခပ်သိမ်းကိုအသင့် ပြင်ဆင်ရန် ဦးစွာပထမဧလိယကြွလာရ သည်ကားမှန်၏။ သို့ရာတွင်ကျမ်းစာတော်က လူသားသည်များစွာသောဒုက္ခဆင်းရဲကိုလည်း ကောင်း၊ ပစ်ပယ်ခြင်းကိုလည်းကောင်းခံရမည်ဟု အဘယ်ကြောင့်ဆိုသနည်း။-
ငွေကိုတပ်မက်သူများဖြစ်သည့်ဖာရိရှဲများ သည်ထိုစကားများကိုကြားလျှင်ကိုယ်တော် ကိုသရော်ကြ၏။-
ကိုယ်တော်သည်ယေရုရှလင်မြို့အနီးသို့ရောက် ၍ ထိုမြို့ကိုမြင်တော်မူလျှင်ငိုကြွေးတော်မူ၏။-
ထိုအခါလူတို့သည်သူငယ်မသေဆုံးပြီး ကြောင်းကိုသိသဖြင့်ကိုယ်တော်ကိုပြောင်လှောင် ကြ၏။-
ထိုနောက်ဆက်လက်၍ ``လူသားသည်ဝေဒနာများ စွာခံတော်မူရမည်။ ဘာသာရေးခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်သူ့ကိုပစ်ပယ်ကြလိမ့်မည်။ လူသား သည်အသေခံရမည်။ သုံးရက်မြောက်သောနေ့ ၌ရှင်ပြန်ထမြောက်လိမ့်မည်'' ဟုတပည့်တော် တို့အားမိန့်တော်မူ၏။
သူတို့က ``သင်သည်ရှမာရိအမျိုးသားဖြစ် သည်ဟူ၍လည်းကောင်း၊ နတ်မိစ္ဆာစွဲကပ်သူဖြစ် သည်ဟူ၍လည်းကောင်းငါတို့စွပ်စွဲသည်မှာ မမှန်ပါလော'' ဟုဆိုကြ၏။
``ထာဝရဘုရား၏လူမျိုးတော်သည် ကြွယ်ဝချမ်းသာသဖြင့် ဘုရားကိုပုန်ကန်ကြ၏။ သူတို့သည်ဝဖြိုးလာကြ၏။ အစားအစာဝစွာစားရကြ၏။ သူတို့အားဖန်ဆင်းသောဘုရားသခင်ကို စွန့်၍ တန်ခိုးကြီးသောကယ်တင်ရှင်အားပစ်ပယ် ကြ၏။
ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။-
ခရစ်တော်သည်လူ့ဇာတိနှင့်သက်တော်ထင်ရှား ရှိစဉ်အခါက မိမိအားသေခြင်းမှကယ်တင် တော်မူနိုင်သောဘုရားသခင်၏ထံတော်သို့ ကြွေးကြော်ကာမျက်ရည်ကျလျက်ဆုတောင်း ပတ္ထနာပြုတော်မူ၏။ ဘုရားသခင်သည်လည်း ကိုယ်တော်၏ဆုတောင်းပတ္ထနာကိုနားညောင်း တော်မူပေသည်။ အဘယ်ကြောင့်ဆိုသော်ကိုယ် တော်သည်စိတ်နှလုံးနှိမ့်ချလျက် ဘုရား သခင်၏အလိုတော်ကိုဝန်ခံတော်မူသော ကြောင့်တည်း။-