ငါ့အပြစ်ကို ဘော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဘော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။
ဟေရှာယ 50:8 - Common Language Bible ဘုရားသခင်သည်ငါ၏အနီးတွင်ရှိတော်မူ၍၊ ငါ၌အပြစ်မဲ့ပုံကိုသက်သေခံအထောက်အထား ပြတော်မူမည်ဖြစ်သဖြင့်၊ ငါသည်အသရေပျက်ရလိမ့်မည်မဟုတ်ကြောင်းကို သိပါ၏။ ငါ့အားစွပ်စွဲပြောဆိုရဲသူတစ်စုံတစ်ယောက်ရှိပါမူ၊ ရုံးတော်သို့သွားကြကုန်အံ့။ ထိုသူသည်မိမိ၏စွပ်စွဲချက်ကိုယူဆောင်ခဲ့ပါစေ။ Garrad Bible ငါ့ ကို ဖြောင့် မှန် သည် ဟု စီ ရင် သော အ ရှင် နီး သည့် အ တွက်၊ ငါ နှင့် ဘက် ပြိုင် ဝံ့ သူ ကား မည် သူ နည်း။ စုံ ညီ ရပ် ကြ ကုန် အံ့။ တ ရား ဘက် ကား မည် သူ နည်း။ ချဉ်း ကပ် ပါ စေ။ Judson Bible ငါ့ကို အပြစ်လွှတ်သောသူသည် အနီးမှာရှိ၏။ အဘယ်သူသည် ငါနှင့် တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့။ အဘယ်သူသည် ငါနှင့် ရန်ဘက်ပြုမည်နည်း။ ထိုသူသည် ချဉ်းကပ်စေ။ မြန်မာ့စံမီသမ္မာကျမ်း ငါ့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုသောသူသည် အနီးတွင်ရှိ၏။ မည်သူသည် ငါ့ကို ဆန့်ကျင်ဘက်ပြုမည်နည်း။ ငါတို့ အတူတကွ မတ်တတ်ရပ်ကြမည်။ မည်သူသည် ငါနှင့်တရားဆိုင်မည်နည်း။ သူသည် ငါ့ထံသို့လာပါစေ။ |
ငါ့အပြစ်ကို ဘော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဘော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။
သို့ရာတွင် အို ထာဝရဘုရား" ကိုယ်တော်ရှင်သည်ကွန်တော်မျိုး၏အနီးတွင် ရှိတော်မူပါ၏။ ပညတ်တော်ရှိသမှတို့သည်မှန်ကန်ပါ၏။
``သိုး၊ နွား၊ မြည်း၊ အဝတ်အစရှိသောပျောက် ဆုံးသည့်ပစ္စည်းကိုပိုင်ဆိုင်မှုနှင့်ပတ်သက်၍ လူနှစ်ဦးအငြင်းပွားခဲ့သည်ရှိသော်၊ ထိုသူ နှစ်ဦးတို့အားထာဝရဘုရားရှေ့တော်၌ အစစ်ခံ၍၊ တရားရှုံးသူကနှစ်ဆလျော် ရမည်။
ထာဝရဘုရားက``သင်တို့၏အမှုကို ယခုစဉ်းစားဆုံးဖြတ်ကြပါစို့။ သင်တို့သည်အပြစ်သွေးစွန်းလျက်ရှိကြ၏။ သို့ရာတွင်ငါသည်သင်တို့အားမိုးပွင့်ကဲ့သို့ဖြူစင်အောင် ဆေးကြောတော်မူမည်။ သင်တို့သည်အပြစ်သွေးဖြင့်နီမြန်းလျက်နေသော်လည်း ဝါဂွမ်းကဲ့သို့ဖြူဖွေး၍လာလိမ့်မည်။-
ဘုရားသခင်က ``အချင်းရပ်ဝေးနိုင်ငံတို့၊ ဆိတ်ဆိတ်နေ၍ ငါပြောသည်ကိုနားထောင်ကြလော့။ သင်တို့အမှုကိုရုံးတော်သို့တင်ရန်အသင့် ပြင်ဆင်ကြလော့။ သင်တို့သည်လျှောက်လဲပြောဆိုနိုင်ခွင့်ရရှိကြလိမ့်မည်။ အဘယ်သူမှန်သည်ကိုစီရင်ဆုံးဖြတ်ရန် ငါတို့စုဝေးကြကုန်အံ့။
ဣသရေလအမျိုးတို့၏ဘုရင်ထာဝရ ဘုရားက ``အချင်းလူမျိုးတကာဘုရားများတို့၊ သင်တို့၏အမှုကိုတင်ပြကြလော့။ သင်တို့၏အခိုင်မာဆုံးသောလျှောက်လဲချက် များကို ယူဆောင်လာကြလော့။ ဤအရပ်သို့လာ၍အနာဂတ်တွင်အဘယ်သို့ ဖြစ်ပျက်မည်ကိုပြောကြားကြလော့။ အတိတ်ကအဖြစ်အပျက်များကိုဖြေရှင်းဖော်ပြကာ၊ နောင်အခါ၌ယင်းတို့အဘယ်သို့အဆုံးသတ်မည်ကို ငါတို့အားပြောပြကြလော့။ သို့မှသာလျှင်ထိုအရာများဖြစ်ပျက်လာချိန်၌ ငါတို့သိရှိကြလိမ့်မည်။
``တရားရုံးတော်သို့ငါတို့သွားကြကုန်အံ့။ သင်တို့၏စွပ်စွဲချက်ကိုယူဆောင်ခဲ့ကြလော့။ သင်တို့ဘက်မှမှန်ကန်ကြောင်းသက်သေခံ အထောက်အထားပြနိုင်ရန်၊ သင်တို့၏အမှုကိုတင်ပြကြလော့။
ငါထာဝရဘုရားသည်ယာကုပ်၏သားမြေး အပေါင်းကိုကယ်ဆယ်မည်။ သူတို့သည်လည်းငါ့ကိုထောမနာပြုကြ လိမ့်မည်။
သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။
``တစ်စုံတစ်ယောက်သည်ရုံးတော်တွင်သင့်အား တရားစွဲလျှင်သူနှင့်အတူလမ်းခရီး၌ရှိနေ စဉ်သူနှင့်လျင်မြန်စွာပြန်လည်သင့်မြတ်အောင်ပြု လော့။ သို့မပြုပါမူသူသည်သင့်အားတရား သူကြီး၏လက်သို့အပ်၍ တရားသူကြီးသည် လည်းထောင်မှူးလက်သို့အပ်ပြီးလျှင်သင့်ကို ထောင်ချထားလိမ့်မည်။-
ထိုသူနှစ်ဦးတို့သည် တစ်ခုတည်းသောကိုး ကွယ်ရာဌာန၌တာဝန်ကျယဇ်ပုရောဟိတ် များနှင့် တရားသူကြီးများထံတွင်အစစ် ခံရမည်။-
ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။
ထိုနောက်ကောင်းကင်မှကျယ်စွာသောအသံ က``ယခုအခါဘုရားသခင်၏ကယ်တင် ခြင်းသက်ရောက်လာလေပြီ။ ယခုအခါ ဘုရားသခင်သည်ဘုရင်ဖြစ်ကြောင်းပြသ တော်မူပြီ။ ခရစ်တော်သည်လည်းသူ၏အာ ဏာတော်စက်ကိုပြတော်မူပြီ။ အဘယ် ကြောင့်ဆိုသော်ငါတို့၏ညီအစ်ကိုများ အားနေ့ရောညဥ့်ပါ ငါတို့၏ဘုရားသခင် ရှေ့တော်တွင် ပြစ်တင်စွပ်စွဲလျက်နေသူကို ကောင်းကင်ဘုံမှနှင်ထုတ်လိုက်ပြီဖြစ်သော ကြောင့်တည်း။-