ကျွန်တော်မျိုးတို့သည်အဘယ်အခါ၌မျှ ကိုယ်တော်ရှင်အားကျောခိုင်းကြတော့မည် မဟုတ်ပါ။ ကျွန်တော်မျိုးတို့အားအသက်ရှင်စေတော်မူလျှင် ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
ဟေရှာယ 50:5 - Common Language Bible ထာဝရဘုရားသည်ငါ့အားနားလည်နိုင်သော သဘောကိုပေးတော်မူပြီဖြစ်၍၊ ငါသည်ကိုယ်တော်ကိုမပုန်ကန်။ အထံတော်မှလည်းသွေရှောင်၍မသွားပါ။ Garrad Bible အ ရှင် ထာ ဝ ရ ဘု ရား သည် ငါ့ နား ကို ဖွင့် တော် မူ၍၊ ငါ လည်း မ ငြင်း မ ဆန်၊ မ ဖောက် မ ပြန် ချေ။ Judson Bible အရှင်ထာဝရဘုရားသည် ငါ့နားကိုဖွင့်တော်မူ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်၊ မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားသည် နာခံတတ်သောသဘောကိုပေးတော်မူသဖြင့် ငါသည် ဖီဆန်ခြင်းမပြု၊ ကျောခိုင်း၍မသွား။ |
ကျွန်တော်မျိုးတို့သည်အဘယ်အခါ၌မျှ ကိုယ်တော်ရှင်အားကျောခိုင်းကြတော့မည် မဟုတ်ပါ။ ကျွန်တော်မျိုးတို့အားအသက်ရှင်စေတော်မူလျှင် ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
မျက်မမြင်တို့သည်မျက်စိမြင်ကြလိမ့်မည်။ နားပင်းသူတို့သည်လည်းနားကြားကြလိမ့်မည်။
သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊ သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍ သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။ ထို့ကြောင့်ဤအမှုအရာများအကြောင်းကို သင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။ ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။
ထိုနောက်ရှေ့သို့အနည်းငယ်ကြွတော်မူ၍မြေ ပေါ်တွင်ပျပ်ဝပ်တော်မူပြီးလျှင် ``အို အကျွန်ုပ် ၏အဖ၊ ဖြစ်နိုင်ပါကဤဒုက္ခဝေဒနာခွက်ကို အကျွန်ုပ်ထံမှလွှဲဖယ်ပေးတော်မူပါ။ သို့ရာတွင် အကျွန်ုပ်၏အလိုအတိုင်းမဟုတ်ပါ။ ကိုယ်တော် ၏အလိုတော်အတိုင်းသာဖြစ်စေတော်မူပါ'' ဟုဆုတောင်းတော်မူ၏။
သို့ရာတွင်ငါသည်ခမည်းတော်ကိုချစ်ကြောင်း ကမ္ဘာကသိရန်လိုပေသည်။ သို့ဖြစ်၍ငါသည် ခမည်းတော်ငါ့အားမိန့်မှာတော်မူသမျှကို ငါလိုက်နာဆောင်ရွက်၏။ ထ၍ဤနေရာမှသွားကြကုန်အံ့'' ဟု မိန့်တော်မူ၏။
ငါသည်ခမည်းတော်၏ပညတ်တို့ကိုစောင့် ထိန်း၍ခမည်းတော်၏မေတ္တာ၌တည်နေသကဲ့ သို့ သင်တို့သည်ငါ့ပညတ်တို့ကိုစောင့်ထိန်း လျှင်ငါ့မေတ္တာ၌တည်နေကြလိမ့်မည်။''
ထိုမှတစ်ပါးလည်းငါ့ကိုစေလွှတ်တော်မူသော အရှင်သည်ငါနှင့်အတူရှိတော်မူ၏။ ထိုအရှင် နှစ်သက်တော်မူသောအမှုကိုငါသည်အခါ ခပ်သိမ်းလုပ်ဆောင်သည်ဖြစ်၍ ထိုအရှင်သည် ငါ့အားတစ်ကိုယ်တည်းစွန့်ပစ်၍ထားတော်မမူ'' ဟုမိန့်တော်မူ၏။
``အရှင်အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်သည်ကောင်း ကင်မှရရှိသည့်ဗျာဒိတ်ရူပါရုံကိုမလွန်ဆန် နိုင်ပါ။ `သင်တို့သည်နောင်တရ၍ဘုရားသခင် ထံပြောင်းလဲရကြမည်။ နောင်တနှင့်လျော်ကန် သည့်အကျင့်ကိုကျင့်ရကြမည်' ဟု၊-
မိမိကိုယ်ကိုနှိမ့်ချတော်မူလျက်လက်ဝါးကပ် တိုင်ပေါ်တွင် အသေခံသည့်တိုင်အောင်၊နာခံခြင်းလမ်းစဉ်ကို လိုက်လျှောက်တော်မူ၏။
ကိုယ်တော်သည်ဘုရားသခင်၏သားတော် ပင်ဖြစ်သော်လည်း ဆင်းရဲဒုက္ခများကိုခံခြင်း အားဖြင့်နာခံတတ်ရန်သင်ယူတော်မူ၏။-