ဟေဗြဲ 5:8 - Common Language Bible8 ကိုယ်တော်သည်ဘုရားသခင်၏သားတော် ပင်ဖြစ်သော်လည်း ဆင်းရဲဒုက္ခများကိုခံခြင်း အားဖြင့်နာခံတတ်ရန်သင်ယူတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 သား ဖြစ် သော် လည်း ခံ တော် မူ သော ဒု က္ခ များ ဖြင့် လိုက် နာ နည်း ကို သင်၍၊ အခန်းကိုကြည့်ပါ။Judson Bible8 ဘုရားသခင်၏ သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခကို ခံသောအားဖြင့် နားထောင်ခြင်း အကျိုးအကြောင်းကို သင်တော်မူ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ကိုယ်တော်သည် သားတော်ဖြစ်သော်လည်း ဒုက္ခဝေဒနာခံစားခြင်းအားဖြင့် နာခံမှုကိုသင်ယူလျက် အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်သော်လည်း မိမိခံစားရသောဆင်းရဲဒုက္ခအားဖြင့် နာခံတတ်ရန် သင်ယူတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်ကအဘယ်ကောင်းကင်တမန်ကိုမျှ ``သင်သည်ငါ၏သားဖြစ်၏။ ယနေ့ပင်ငါသည်သင်၏အဖဖြစ်လာ၏'' ဟူ၍သော်လည်းကောင်း၊ အဘယ်ကောင်းကင်တမန်နှင့်မျှပတ်သက်၍ ``ငါသည်သူ၏အဖဖြစ်မည်။ သူသည်လည်းငါ၏သားဖြစ်ရလိမ့်မည်'' ဟူ၍သော်လည်းကောင်း မိန့်မြွက်တော်မူခဲ့ဖူးသည်မရှိ။-
သို့နှင့်လည်းသူသည်ငါတို့၏အပြစ်များအတွက် ထိုးနှက်သည့်ဒဏ်ရာများကိုရရှိလျက်၊ ငါတို့ပြုသည်မကောင်းမှုများအတွက် ရိုက်နှက်ခြင်းကိုခံရ၏။ သူသည်ယင်းသို့အပြစ်ဒဏ်ခံယူသည်ဖြစ်၍ ငါတို့သည်အပြစ်ဖြေလွှတ်ခွင့်ကိုရရှိကြ၏။ သူခံရသောဒဏ်ရာဒဏ်ချက်အားဖြင့်ငါ တို့သည် အနာပျောက်ကင်းခွင့်ကိုရရှိကြ၏။