သင်တို့အထဲမှအဘယ်သူသည်ဤစကားကို နားထောင်ပါမည်နည်း။ သင်တို့သည်ယခုအချိန်မှစ၍သေချာစွာ နားထောင်ကြမည်လော။
သင် တို့ အ နက် ဤ အ ဖြစ် အ ပျက် ကို နား စိုက်၍၊ နောက် နောင် နာ ခံ နား ထောင် မည့် သူ ကား မည် သူ နည်း။
သင်တို့တွင် အဘယ်သူသည် ဤစကားကို နားထောင်မည်နည်း။ နောင်ကာလဖို့ အဘယ်သူကြား၍ မှတ်မည်နည်း။
သင်တို့တွင် မည်သူသည် ဤအကြောင်းအရာကို စူးစိုက်နားထောင်မည်နည်း။ နောင်ကာလတွင် မည်သူသည် အာရုံစိုက်နားထောင်၍ ကြားလိမ့်မည်နည်း။
သို့ရာတွင်ယခုအခါကိုယ်တော်၏လူစုသည် တိုက်ခိုက်လုယက်ခြင်းကိုခံရကြလေပြီ။ သူတို့အားအကျဉ်းထောင်အမှောင်ခန်းများတွင် သော့ခတ်၍ဝှက်ထားကြ၏။ ကယ်ဆယ်မည့်သူတစ်စုံတစ်ယောက်မျှမရှိဘဲ သူတို့သည်တိုက်ခိုက်လုယက်ခြင်းကို ခံရကြလေသည်။
အဘယ်သူသည်ဣသရေလအမျိုးသား တို့အား၊ တိုက်ခိုက်လုယက်သူတို့လက်သို့အပ်နှံပါ သနည်း။ ထိုသူကားငါတို့ပြစ်မှားကြသည့်ထာဝရ ဘုရားပင် ဖြစ်ပါသည်တကား။ ငါတို့သည်ကိုယ်တော်အလိုရှိတော်မူသကဲ့သို့ မနေမထိုင်ကြ။ ကိုယ်တော်ပေးတော်မူသည့်သြဝါဒတော်တို့ကိုလည်း မလိုက်လျှောက်ကြ။
``အကယ်၍သင်တို့သာလျှင်ငါ၏အမိန့် တော်များကို နားထောင်ကြမည်ဆိုပါမူ အဘယ်မျှကောင်းလိမ့်မည်နည်း။ ငြိမ်သက်ခြင်းချောင်းရေကဲ့သို့၊သင်တို့အတွက် စီးဆင်းလာမည်သာ။ အောင်မြင်ခြင်းသည်လည်းကမ်းခြေတွင် ရိုက်ခတ်သည့်လှိုင်းလုံးများကဲ့သို့သင်တို့အတွက် ပေါ်ထွက်လာမည်သာ။
သင်သည်မိမိ၏ဘုရားသခင်ထာဝရ ဘုရားကို ပုန်ကန်မိကြောင်းနှင့်အပြစ်ရှိ ကြောင်းကိုသာလျှင်ဝန်ခံလော့။ စိမ်းလန်း သည့်သစ်ပင်ရှိသမျှအောက်တွင် သင်သည် လူမျိုးခြားတို့၏ဘုရားများအားမြတ်နိုး ခဲ့ကြောင်းကိုဝန်ခံလော့။ ငါ့စကားကိုနား မထောင်မိခဲ့ကြောင်းကိုလည်းဝန်ခံလော့။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။
ငါက``အို ထာဝရဘုရား၊ အဘယ်ကြောင့် ဤပြည်သည်ဖြတ်သန်းသွားလာ၍မရ၊ ယို ယွင်းပျက်စီးလျက်သဲကန္တာရသဖွယ်ဖြစ် ၍နေပါသနည်း။ ဤအမှုအရာအကြောင်း ကိုသိရှိနိုင်စွမ်းရှိသည့်ပညာရှိကားအဘယ် သူဖြစ်ပါသနည်း။ သူတစ်ပါးတို့အားထပ် ဆင့်ပြောပြနိုင်ရန်အဘယ်သူအား ဤအမှု အရာအကြောင်းကိုကိုယ်တော်ရှင်ဖော်ပြ ထားပါသနည်း'' ဟုလျှောက်၏။
ထာဝရဘုရားကိုကြောက်ရွံ့သောသူသည် ပညာရှိ၏။ ကိုယ်တော်သည်မြို့ကိုဤသို့ဆင့် ဆိုတော်မူ၏။ ``မြို့ထဲရှိလူပရိသတ် အပေါင်းတို့၊ နာခံကြလော့၊-
သို့ဖြစ်၍ဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ သို့မှသာ၊-
သူတို့သည်မည်သည့်အကြောင်းကြောင့် စစ်ရှုံးရသည်ကိုမသိကြ။ ဖြစ်ပျက်သည့်အကြောင်းအရာကိုလည်း နားမလည်နိုင်ကြ။