ဇိအုန်မြို့သတင်းကောင်းကိုဦးစွာပထမ ပြောကြားသူမှာငါထာဝရဘုရားပင်တည်း။ ငါသည်ယေရုရှလင်မြို့သို့တမန်တစ်ဦးကို စေလွှတ်၍ ``သင်တို့၏အမျိုးသားများသည်ပြန်လာ ကြလိမ့်မည်။ သူတို့သည်မိမိတို့ပြည်သို့ပြန်လာကြလိမ့် မည်'' ဟု ပြောကြားစေခဲ့၏။
ငါ မူ ကား ထို သူ တို့ ကို မြော် ကြည့် ကြ လော့ ဟု ဇိ အုန် မြို့ အား တင် ကူး ကြား ပြော သည့် အ လျောက်၊ ယေ ရု ရှ လင် မြို့ အား လည်း၊ ဝမ်း မြောက် ဖွယ် သ တင်း ကြော် ငြာ သူ့ ကို စေ လွှတ် ၏။
ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေ့ဦးစွာ ငါသည် ဇိအုန်မြို့အား ပြော၏။ ဝမ်းမြောက်စရာသတင်းကို ကြားပြောသော တမန်ကိုလည်း၊ ယေရုရှလင်မြို့သို့ ငါစေလွှတ်၏။
ဇိအုန်တောင်အား “ကြည့်ရှုလော့။ သူတို့ကိုကြည့်ရှုလော့”ဟု အဦးဆုံး ပြောသောသူမှာ ငါဖြစ်၏။ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူကို ဂျေရုဆလင်မြို့သို့ ငါစေလွှတ်၏။
အို ယေရုရှလင်မြို့၊ မြင့်သောတောင်ပေါ်သို့တက်၍၊ သတင်းကောင်းကိုကြေညာလော့။ အို ဇိအုန်တောင်၊ အသံကျယ်စွာဟစ်၍သတင်းကောင်းကို ကြေညာလော့။ မကြောက်နှင့်၊ ပွင့်လင်းစွာပြောကြားလော့။ ယုဒမြို့များအားသူတို့၏ဘုရားသခင် ကြွလာစေတော်မူမည့်အကြောင်းကိုပြောကြားလော့။
ဤသို့ဖြစ်ပျက်စေသူကားအဘယ်သူနည်း။ အဘယ်သူသည်သမိုင်း၏ဖြစ်ရပ်များကို စီရင်ဖန်တီးတော်မူပါသနည်း။ ငါထာဝရဘုရားသည်ကပ်ကာလအစ ကပင်လျှင် ရှိနေတော်မူခဲ့၍၊ ထာဝရအရှင်ငါဘုရားသခင်သည်ကပ် ကာလ အဆုံး၌လည်းရှိနေတော်မူလတ္တံ့။
``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် ငါ၏အသိသက်သေများတည်း။ သင်တို့ငါ့အားသိကျွမ်းယုံကြည် ကြစေရန်လည်းကောင်း၊ ငါသည်တစ်ဆူတည်းသောဘုရားဖြစ်ကြောင်း သိရှိနားလည်ကြစေရန်လည်းကောင်း၊ ငါသည်သင်တို့အားငါ၏အစေခံလူမျိုး အဖြစ် ရွေးချယ်ခဲ့ပေသည်။ ငါမှတစ်ပါးအခြားဘုရားမရှိ။ အဘယ်အခါကမျှမရှိခဲ့။ နောင်ကိုလည်း ရှိလိမ့်မည်မဟုတ်။
ကုရုဘုရင်အားလည်း`သင်သည်ငါ၏ကိုယ် စား အုပ်စိုးရမည့်သူဖြစ်၏။ သင်သည်ငါအလိုရှိသည့်အမှုတို့ကိုပြုရမည်။ ယေရုရှလင်မြို့ကိုပြန်လည်တည်ထောင်ရန်နှင့် ဗိမာန်တော်အုတ်မြစ်များကိုချရန် အမိန့်ပေးရမည်ဟုငါဆို၏' '' ဟူ၍ မိန့်တော်မူ၏။
ဣသရေလအမျိုးကိုအစိုးရ၍ကာကွယ် စောင့်ရှောက်တော်မူသောထာဝရဘုရား၊ အနန္တတန်ခိုးရှင်ထာဝရဘုရားက ``ငါသည်ကပ်ကာလအစမှအဆုံးတိုင် အောင် တည်နေတော်မူသောအရှင်၊ တစ်ဆူတည်းသောဘုရားသခင်ဖြစ်တော် မူ၏။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှမရှိ။
ရှေးပဝေသဏီအခါကဖြစ်ပျက်ခဲ့သည့် အမှုကို အောက်မေ့သတိရကြလော့။ ငါတစ်ပါးတည်းသာလျှင်ဘုရားသခင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ငါနှင့်တူသောအခြားဘုရားမရှိကြောင်း ကိုလည်းကောင်းသိမှတ်ဝန်ခံကြလော့။
ထာဝရဘုရားက ``အို ငါခေါ်ယူတော်မူသည့်လူမျိုးတော်၊ ဣသရေလအမျိုးသားတို့၊ ငါပြောသည်ကိုနားထောင်ကြလော့။ ငါသည်ဘုရားသခင်ဖြစ်၏။ ကပ်ကာလအစမှအဆုံးတိုင်တည်နေတော်မူသော အရှင်၊ဖြစ်တော်မူ၏။
ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားက၊ ``ရှေးအခါက၊ငါသည်ဖြစ်ပျက်မည့်အမှု အရာကို ကြိုတင်ဟောကြားခဲ့၏။ ထိုနောက်ထိုအရာကိုရုတ်တရက်ဖြစ်ပေါ် လာစေ၏။
ငြိမ်းချမ်းရေးတည်းဟူသောသတင်းကောင်းကို ယူဆောင်လာသူ၊စေတမန်တစ်ဦး တောင်ရိုးကိုဖြတ်ကျော်နေသည်ကိုတွေ့မြင်ရပုံမှာ ကျက်သရေရှိလှပါသည်တကား။ ထိုစေတမန်သည်ကယ်တင်ခြင်းသတင်းကို ကြေညာလျက်၊ ဇိအုန်မြို့အား``သင်၏ဘုရားသခင်သည် ဘုရင်ဖြစ်တော်မူ၏'' ဟုဆို၏။
ကြည့်လော့၊ သတင်းကောင်းကိုယူဆောင်လာ သူစေတမန်သည်တောင်များကိုကျော်ဖြတ် လျက်နေ၏။ သူသည်အောင်ပွဲခံရသည့်သတင်း ကိုကြေညာရန်လာလျက်ရှိပေသည်။ အို ယုဒ ပြည်သားတို့သင်တို့၏ဋ္ဌမ္မပွဲသဘင်များ ကိုကျင်းပကြလော့။ ထာဝရဘုရားအား သင်တို့ဆက်ကပ်ပေးလှူကြလော့။ သူယုတ် မာများသည်သင်တို့ပြည်သို့နောက်တစ်ဖန် ချင်းနင်းဝင်ရောက်ရကြတော့မည်မဟုတ်။ သူတို့သည်လုံးဝဆုံးပါးပျက်စီးသွား ကြလေကုန်ပြီ။
ဟောပြောကြေညာသူများကိုမစေလွှတ် လျှင် အဘယ်သို့နှုတ်ကပတ်တရားတော်ကို ဟောပြောကြေညာနိုင်မည်နည်း။ ကျမ်းစာ တော်တွင်ဖော်ပြပါရှိသည်အတိုင်း``သတင်း ကောင်းကိုယူဆောင်လာသူတို့၏ခြေတို့သည် လွန်စွာတင့်တယ်စွတကား။-''
စမုရနမြို့အသင်းတော်၏ကောင်းကင်တမန် ထံသို့ဤသို့စာရေး၍သြဝါဒပေးလော့။ ``ဤသြဝါဒသည်အစနှင့်အဆုံးဖြစ်သူ၊ သေပြီးမှအသက်ပြန်၍ရှင်လာသူ၏ထံမှ ဖြစ်သည်။-