ရှင်ဘုရင်မည်သည်မှာမိမိ၏ကြီးမားသော စစ်သည်အလုံးအရင်းကြောင့်စစ်ပွဲတွင် အနိုင်ရသည်မဟုတ်။ စစ်သားသည်လည်းမိမိ၏ခွန်အားဗလကြောင့် အနိုင်ရသည်မဟုတ်။
ဟေရှာယ 40:30 - Common Language Bible အသက်အရွယ်ငယ်သူများပင်လျှင် နွမ်းလျမောပန်းတတ်ကြ၏။ လူငယ်လူရွယ်များသည်အားအင်ကုန်ခန်း၍ လဲကျကြလေသည်။ Garrad Bible ပျို ရွယ် သူ တို့ ပင် ပန်း မော ဟိုက်၍ လု လင် တို့ လဲ ကျ ကြ သော် လည်း။ Judson Bible လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း လူငယ်တို့ပင်လျှင် အားအင်ကုန်ခန်း၍ မောပန်းကြလိမ့်မည်။ သန်မာသောလူငယ်တို့သည်လည်း ခလုတ်တိုက်လဲကျကြလိမ့်မည်။ |
ရှင်ဘုရင်မည်သည်မှာမိမိ၏ကြီးမားသော စစ်သည်အလုံးအရင်းကြောင့်စစ်ပွဲတွင် အနိုင်ရသည်မဟုတ်။ စစ်သားသည်လည်းမိမိ၏ခွန်အားဗလကြောင့် အနိုင်ရသည်မဟုတ်။
ခြင်္သေ့များပင်လျှင်အစာချို့တဲ့၍ငတ်မွတ်ကြ လိမ့်မည်။ သို့ရာတွင်ထာဝရဘုရား၏စကားကို နားထောင်သူတို့မူကားကောင်းသည့်အရာ တစ်စုံတစ်ခုမျှချို့တဲ့ရလိမ့်မည်မဟုတ်။
ကိုယ်တော်သည်ကျွန်တော်မျိုး၏အသက်ကို လွန်စွာတိုစေတော်မူပါပြီတကား။ ကိုယ်တော်၏ရှေ့တော်တွင်ကျွန်တော်မျိုး၏ အသက်တာသည်ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ်သက်ရှိလူသတ္တဝါမည်သည်ကား ထွက်သက်ဝင်သက်တမျှ၊
တဖန် နေအောက်မှာရှိသော အမှုအရာတို့ကို ငါပြန်၍ ကြည့်ရှုသောအခါ၊ လျင်မြန်သောသူသည် ပြိုင်၍ ပြေးသော်လည်း မနိုင်တတ်။ ခွန်အားကြီးသောသူသည် စစ်တိုက်၍ မအောင်တတ်။ ပညာရှိသောသူသည် ဝစွာ မစားတတ်။ ဥာဏ်ကောင်းသောသူသည် စည်းစိမ်ကို မရတတ်။ လိမ္မာသောသူသည် သူတပါးရှေ့၌ မျက်နှာ မရတတ်။ ခပ်သိမ်းသောသူတို့၌ ကာလအချိန်စေခြင်း၊ အဆင်သင့်ခြင်းရှိသည်အတိုင်း ဖြစ်တတ်သည်ကို ငါမြင် ၏။
မိမိတို့၏လေးမြားများဖြင့်လူငယ်လူရွယ် တို့ကို ပစ်ခတ်သတ်ကြလိမ့်မည်။ သူတို့သည် နို့စို့သူငယ်များအားကရုဏာပြလိမ့်မည် မဟုတ်။ ကလေးသူငယ်တို့ကိုလည်းသနား လိမ့်မည်မဟုတ်။-
သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။
မောဘပြည်နှင့်မြို့တို့သည်ပျက်စီးကာ သူတို့၏လက်ရွေးစင်လူငယ်လူရွယ်တို့သည် အသတ်ခံရကြလေပြီ။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား တည်းဟူသော ဘုရင်ဖြစ်တော်မူ၏။ ဤကားငါမြွက်ဟသည့်စကားဖြစ်၏။
အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ် တော်ရှင်၏အမျက်တော်နှင့်ပြည့်လျက်ရှိ သဖြင့် မျိုသိပ်၍ပင်မထားနိုင်တော့ပါ'' ဟုပြန်လည်လျှောက်ထား၏။ ထိုအခါ ထာဝရဘုရားက``ငါ၏အမျက် တော်ကိုလမ်းများပေါ်ရှိကလေးသူငယ်တို့ အပေါ်သို့လည်းကောင်း၊ လူငယ်လူရွယ်အစု အဝေးများပေါ်သို့လည်းကောင်းသွန်းလောင်း လော့။ ဇနီးမောင်နှံများနှင့်အလွန်အိုမင်းသူ များသည်ချမ်းသာရာရကြလိမ့်မည်မဟုတ်။ သူတို့၏အိမ်များ၊ လယ်ယာများနှင့်အမျိုး သမီးများသည်သူတစ်ပါးလက်သို့ရောက်ရှိ ရကြလိမ့်မည်။ ငါသည်ဤပြည်မှလူတို့ကို လက်တော်ကိုဆန့်လျက်အပြစ်ဒဏ်ပေးတော် မူမည်။-
သေမင်းသည်ငါတို့၏ပြူတင်းပေါက်အားဖြင့် ငါတို့ဘုံဗိမာန်များသို့ဝင်ရောက်လာလေပြီ။ သူသည်လမ်းများပေါ်ရှိကလေးသူငယ် တို့နှင့်၊ စျေးရပ်ကွက်များရှိလူငယ်လူရွယ်တို့ကို သတ်ဖြတ်လေပြီ။
လျင်မြန်စွာပြေးနိုင်သူများပင်လျှင်လွတ် မြောက်လိမ့်မည်မဟုတ်။ သန်စွမ်းသောသူများ သည်လည်းအားအင်ကုန်ခန်း၍စစ်သူရဲတို့ သည်လည်းမိမိတို့၏အသက်ကိုကယ်နိုင် လိမ့်မည်မဟုတ်။-
ဒါဝိဒ်သည်လူလေးရာနှင့်ဆက်၍သွား၏။ အခြားလူနှစ်ရာမှာမောပန်းလွန်းသဖြင့် ချောင်းကိုမကူးနိုင်ဘဲနေရစ်ကြ၏။