အသံတစ်ခုက``တောကန္တာရ၌ထာဝရဘုရား ကြွတော်မူရန်ခရီးလမ်းကိုအသင့်ပြင်ကြလော့၊ ငါတို့ဘုရားသခင်ကြွတော်မူရန် လမ်းကိုရှင်းလင်းကြလော့။
ကြွေး ကြော် သူ၏ စ ကား သံ ကား၊ ထာ ဝ ရ ဘု ရား ကြွ တော် မူ ရာ လမ်း ကို၊ သဲ တော၌ ရှင်း လင်း ကြ လော့။ ငါ တို့ ဘု ရား သ ခင် အ ဖို့ လမ်း မ တော် ကို၊ သဲ က န္တာ ရ၌ ညီ ညွတ် စေ ကြ လော့။
တော၌ ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ ငါတို့ ဘုရားသခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့်စေကြလော့။
ကြွေးကြော်သံတစ်ခုမှာ “တောကန္တာရ၌ ထာဝရဘုရားကြွတော်မူမည့်လမ်းကို ပြင်ဆင်ကြလော့။ သဲကန္တာရ၌ ငါတို့၏ဘုရားသခင်ကြွတော်မူမည့် လမ်းမကြီးကို ဖြောင့်တန်းစေကြလော့။
ဘုရားသခင်အားသီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်အားထောမနာ သီချင်းဆိုကြလော့။ မိုးတိမ်ကိုစီးတော်မူသောအရှင်၏အတွက် လမ်းခရီးကိုပြင်ဆင်ကြလော့။ ထိုအရှင်၏နာမတော်ကားထာဝရဘုရား ဖြစ်သတည်း။ ကိုယ်တော်၏ရှေ့တော်တွင်ဝမ်းမြောက်ကြလော့။
ထိုအရပ်တွင်``သန့်ရှင်းမြင့်မြတ်ရာသို့ သွားသည့်လမ်း'' ဟု နာမည်တွင်သောလမ်းမကြီးတစ်သွယ် ပေါ်ပေါက်၍လာလိမ့်မည်။ အဘယ်အပြစ်ကူးသူမှန်သမျှထိုလမ်းကို လျှောက်သွားရလိမ့်မည်မဟုတ်။ အဘယ်လူမိုက်ကမျှထိုလမ်းတွင် လျှောက်နေသူတို့အား လမ်းမှားစေနိုင်လိမ့်မည်မဟုတ်။
ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကိုဖြိုချရကြလိမ့်မည်။ တောင်ကုန်းများသည် မြေညီဖြစ်လျက် ကြမ်းတမ်းသည့်နယ်မြေသည် ချောမော၍လာရလိမ့်မည်။
ငါပြုမည့်အမှုအရာသစ်ကိုစောင့်မျှော် ကြည့်ရှုကြလော့။ ထိုအမှုအရာသည်ဖြစ်ပျက်ဆဲပင်ရှိသဖြင့် ယင်းကို ယခုသင်တို့တွေ့မြင်နိုင်ကြပါသည်တကား။ ငါသည်တောကန္တာရကိုဖြတ်၍လမ်းပေါက်စေ ပြီးလျှင်၊ သင်တို့အားစမ်းရေကိုပေးတော်မူမည်။
``ငါသည်တောင်တန်းများကိုဖြတ်၍လမ်းမကြီး တစ်သွယ်ကိုဖောက်လုပ်မည်။ ငါ၏လူမျိုးတော်အတွက်ခရီးလမ်းကို ပြင်ဆင်မည်။
ထာဝရဘုရားက ``ငါ၏လူမျိုးတော်အား ငါ့ထံပြန်စေကြလော့။ ငါ့လူမျိုးတော်တို့ ၏လမ်းခရီးမှဆူးညှောင့်ခလုတ်ရှိသမျှ ကိုပယ်ရှားကြလော့။ လမ်းကိုဖောက်လုပ် ၍အသင့်ပြင်ကြလော့။
အနန္တတန်ခိုးရှင်ထာဝရဘုရားက``ငါ သည်မိမိ၏တမန်တော်ကိုစေလွှတ်၍ ငါ့ အဖို့လမ်းခရီးကိုပြင်ဆင်စေမည်။ ထို နောက်သင်တို့စောင့်မျှော်နေသောထာဝရ ဘုရားသည် မိမိ၏ဗိမာန်တော်သို့ကြွလာ တော်မူလိမ့်မည်။ သင်တို့စောင့်မျှော်နေသော တမန်တော်သည်လာ၍ ငါ၏ပဋိညာဉ်တော် ကိုဖော်ပြကြေညာလိမ့်မည်'' ဟုမိန့်တော် မူ၏။
ယောဟန်က ``ငါသည်ပရောဖက်ဟေရှာယ ဖော်ပြခဲ့သည်အတိုင်း၊ `ထာဝရဘုရားသခင်၏လမ်းခရီးတော်ကို ဖြောင့်တန်းအောင်ပြုကြလော့' ဟု တောကန္တာရ၌ကြွေးကြော်နေသောအသံဖြစ်၏'' ဟုဆို၏။