လူမျိုးတကာတို့ကိုးကွယ်ကြသည့်ရုပ်တု များသည် ရွှေငွေဖြင့်ပြီးကြ၏။ ယင်းတို့သည်လူတို့လက်ဖြင့်ပြုလုပ်သော အရာများဖြစ်ပေသည်။
ဟေရှာယ 40:19 - Common Language Bible ကိုယ်တော်သည်အတတ်ပညာသည်များသွန်း လုပ်၍၊ ပန်းထိမ်ဆရာတို့ရွှေဖြင့်မွမ်းမံကာ၊ငွေ အခြေခံတွင် တပ်ဆင်ထားသည့်ရုပ်တုနှင့်မတူ။ Garrad Bible ရုပ် ပွား ဆင်း တု ကို ကား ပန်း တည်း သွန်း ခြင်း၊ ပန်း တိမ် ရွှေ မွမ်း မံ ခြင်း၊ ငွေ ကြိုး ဖွဲ့ ခြင်း များ ဖြင့် ပြု လေ့ ရှိ၏။ Judson Bible ပန်းတဉ်းသမားသည် ရုပ်တုကိုသွန်းပြီးမှ၊ ပန်းထိမ်သမားသည် ရွှေနှင့်မွမ်းမံ၍၊ ငွေကြိုးကိုလည်း လုပ်တတ်၏။ မြန်မာ့စံမီသမ္မာကျမ်း ပန်းတဉ်းသမားသည် ရုပ်တုဆင်းတုကိုသွန်းလုပ်တတ်၏။ ပန်းထိမ်သမားသည်လည်း ထိုရုပ်တုကိုရွှေဖြင့်မွမ်းမံပြီး ငွေဆွဲကြိုးများ လုပ်ပေးတတ်၏။ |
လူမျိုးတကာတို့ကိုးကွယ်ကြသည့်ရုပ်တု များသည် ရွှေငွေဖြင့်ပြီးကြ၏။ ယင်းတို့သည်လူတို့လက်ဖြင့်ပြုလုပ်သော အရာများဖြစ်ပေသည်။
ရုပ်တုများကိုပြုလုပ်သူတို့နှင့်ရုပ်တုကို ကိုးစားသူအပေါင်းတို့သည်မိမိတို့ပြု လုပ်သည့် ရုပ်တုများကဲ့သို့ဖြစ်ကြပါစေသော။
ထိုနေ့ရက်ကာလရောက်သောအခါလူတို့သည် မိမိတို့သွန်းလုပ်ထားသည့်ရွှေ၊ ငွေရုပ်တုများ ကိုပွေးကောင်နှင့်လင်းနို့တို့၏အကြားတွင် စွန့်ပစ်၍ထားကြလိမ့်မည်။-
သူတို့၏ပြည်သည်ရုပ်တုဆင်းတုများနှင့်ပြည့် နှက်နေလျက်လူတို့သည် မိမိတို့လက်ဖြင့်ပြု လုပ်သည့်အရာများကိုဝတ်ပြုကိုးကွယ် ကြပါ၏။
သင်တို့သည်ငွေဖြင့်မွမ်းမံထားသည့်ရုပ်တု များနှင့်ရွှေဖြင့်မွမ်းမံထားသည့်ရုပ်တုများ ကိုယူ၍``ငါတို့မျက်မှောက်မှသွားကြပေ တော့'' ဟုဆိုကာ၊ အညစ်အကြေးသဖွယ် ပစ်ထုတ်လိုက်လိမ့်မည်။-
သူတို့ကိုးကွယ်သည့်ရုပ်တုများသည်တာရှု ပြည်မှ ထွက်သည့်ငွေနှင့်လည်းကောင်း၊ ဥဖတ်မြို့မှထွက်သည့်ရွှေနှင့်လည်းကောင်း မွမ်းမံထားသဖြင့်၊ အနုပညာသည်တို့၏လက်ရာဖြစ်ပေသည်။ ထိုရုပ်တုများသည်ကျွမ်းကျင်သူယက်ကန်း သည်တို့၊ ယက်လုပ်ထားသောခရမ်းရောင်ထည်၊ အပြာရောင်ထည်တို့ဖြင့်တန်ဆာဆင်၍ ထား၏။
ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်နှင့် ပြုလုပ်သောဘုရားတို့ကိုထောမနာပြု ကြ၏။
ဣသရေလအမျိုးသားလက်မှုပညာ သည်သွန်းလုပ်သောရုပ်တုသည်ဘုရား မဟုတ်။ ရှမာရိမြို့သားတို့ကိုးကွယ်သော ရွှေနွားရုပ်သည်အစိတ်စိတ်အမြွှာမြွှာ ဖြစ်ရလိမ့်မည်။-
သားဖြစ်သူသည်လည်းထိုငွေကိုမယူဘဲ အမိအားပြန်၍ပေးလေသည်။ ထိုအခါ မိခင်သည်ငွေနှစ်ပိဿာကိုယူ၍ပန်းထိမ် အားပေးအပ်ကာ သစ်သားရုပ်တုတစ်ခု ထုလုပ်စေပြီးလျှင်ငွေဖြင့်မွမ်းမံစေ၏။ ထိုရုပ်တုကိုမိက္ခာ၏အိမ်တွင်ထားရှိ သတည်း။