မင်းကြီးက``ထာဝရဘုရားသည်ငါ၏အနာ ကိုပျောက်ကင်းစေသဖြင့် ငါသည်သုံးရက်ကြာ သော်ဗိမာန်တော်သို့သွားနိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ်သက်သေလက္ခဏာအားဖြင့်သိရှိနိုင် ပါမည်နည်း'' ဟုမေးတော်မူ၏။-
ဟေရှာယ 38:22 - Common Language Bible ထိုအခါမင်းကြီးက``ငါသည်ဗိမာန်တော် သို့သွားရောက်နိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ် နိမိတ်လက္ခဏာကိုထောက်၍သိရှိနိုင်ပါမည် နည်း'' ဟုမေးတော်မူ၏။ Garrad Bible ဟေ ဇ ကိ မင်း က လည်း ဗိ မာန် တော် ကို တက် ဖူး ခွင့် သက် သေ လ က္ခ ဏာ ကား အ သို့ နည်း ဟု မေး နှင့် သ တည်း။ Judson Bible ဟေဇကိမင်းကလည်း၊ ငါသည် ဗိမာန်တော်သို့တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာသက်သေရှိသနည်းဟု မေး၏။ မြန်မာ့စံမီသမ္မာကျမ်း ဟေဇကိမင်းကြီးကလည်း “ထာဝရဘုရား၏အိမ်တော်သို့ အကျွန်ုပ်တက်သွားရမည့် နိမိတ်လက္ခဏာကား အဘယ်နည်း”ဟု မေးလေ၏။ |
မင်းကြီးက``ထာဝရဘုရားသည်ငါ၏အနာ ကိုပျောက်ကင်းစေသဖြင့် ငါသည်သုံးရက်ကြာ သော်ဗိမာန်တော်သို့သွားနိုင်လိမ့်မည်ဖြစ်ကြောင်း အဘယ်သက်သေလက္ခဏာအားဖြင့်သိရှိနိုင် ပါမည်နည်း'' ဟုမေးတော်မူ၏။-
သူတို့က``ထာဝရဘုရား၏အိမ်တော်သို့ ငါတို့သွားကြကုန်အံ့'' ဟုဆိုသောအခါ ငါသည်ရွှင်လန်းဝမ်းမြောက်ပါ၏။
ဟေရှာယက``ထာဝရဘုရားသည်မိမိ၏ ကတိတော်အတိုင်းပြုတော်မူမည်ဖြစ်ကြောင်း အရှင်သိရှိစေရန်နိမိတ်လက္ခဏာတစ်ခု ကိုပြတော်မူပါလိမ့်မည်။-
ထိုအချိန်ကာလလောက်၌ပင်ဗာလဒန်၏ သားဗာဗုလုန်ဘုရင်မေရောဒပ္ဗာလဒန်သည် ဟေဇကိမင်းဖျားနာလျက်ရှိကြောင်းကြား သိရသဖြင့်၊ သဝဏ်လွှာတစ်စောင်နှင့်လက် ဆောင်ပဏ္ဏာပေးပို့ဆက်သလေ၏။-
ထိုနောက်သခင်ယေရှုသည်ထိုသူ့ကိုဗိမာန် တော်ထဲတွင်တွေ့တော်မူသဖြင့် ``သင်သည်ယခု ကျန်းမာလာလေပြီ။ နောက်ထပ်အပြစ်မကူး နှင့်။ သို့မဟုတ်ပါမူ သင်သည်ဤမျှထက်ဆိုး ရွားသောအဖြစ်မျိုးနှင့်ကြုံရလိမ့်မည်'' ဟု မိန့်တော်မူ၏။