ဟေရှာယ 39:1 - Common Language Bible1 ထိုအချိန်ကာလလောက်၌ပင်ဗာလဒန်၏ သားဗာဗုလုန်ဘုရင်မေရောဒပ္ဗာလဒန်သည် ဟေဇကိမင်းဖျားနာလျက်ရှိကြောင်းကြား သိရသဖြင့်၊ သဝဏ်လွှာတစ်စောင်နှင့်လက် ဆောင်ပဏ္ဏာပေးပို့ဆက်သလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို ကာ လ ဗာ လ ဒန် မင်း သား တော် ဗာ ဗု လုန် ဘု ရင် မေ ရော ဒ ဗာ လ ဒန် မင်း သည်၊ ဟေ ဇ ကိ မင်း မ ကျန်း ခန့် ခြင်း မှ ထ မြောက် တော် မူ ကြောင်း ကြား သ ဖြင့်၊ အ မှာ တော် စာ နှင့် လက် ဆောင် တော် များ ကို ပို့ လိုက် ရာ၊ ဟေ ဇ ကိ မင်း ဝမ်း သာ လျက်၊ အခန်းကိုကြည့်ပါ။Judson Bible1 ထိုကာလအခါ ဗာလဒန်သား၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်းနာ၍၊ အနာပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက်၊ တမန်တို့ကို စေလွှတ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ထိုအခါ ဟေဇကိမင်းကြီး ဖျားနာရာမှ ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်း ဗာလဒန်၏သား ဘေဘီလုံဘုရင်မေရောဒဗာလဒန်မင်းကြီး ကြားသိသောအခါ ဟေဇကိမင်းကြီးထံသို့ စာလွှာနှင့်လက်ဆောင်တို့ကို ပေးပို့၏။ အခန်းကိုကြည့်ပါ။ |
သားတော်ယောရံကိုဒါဝိဒ်ထံသို့စေလွှတ် ပြီးလျှင် ဟာဒဒေဇာ၏အပေါ်တွင်အောင်ပွဲ ရသည့်အတွက် နှစ်ထောင်းအားရမှုရှိကြောင်း နှုတ်ခွန်းဆက်စကားပြောကြားစေ၏။ တောဣ ကားဟာဒဒေဇာကိုအကြိမ်ပေါင်းများ စွာတိုက်ခိုက်ခဲ့သူဖြစ်သတည်း။ ယောရံ သည်မိမိနှင့်အတူရွှေ၊ ငွေနှင့်ကြေးဝါ ဖြင့်ပြီးသောပစ္စည်းအသုံးအဆောင်များ ကိုဒါဝိဒ်ထံသို့ယူဆောင်လာလေသည်။-