မင်းကြီးသည်နန်းတော်အုပ်ဧလျာကိမ်၊ နန်း တော်အတွင်းဝန်ရှေဗနနှင့်အသက်ကြီး သူယဇ်ပုရောဟိတ်များကိုအာမုတ်၏သား ဟေရှာယထံသို့စေလွှတ်တော်မူ၏။ ထိုသူ တို့သည်လည်းလျှော်တေကိုဝတ်ဆင်ထား ကြ၏။-
လျှော် တေ ခြုံ သူ လက် သုံး တော် ချုပ် ဧ လျာ ကိမ်၊ သံ တော် ဆင့် ရှေ ဗ န နှင့် ပ ရော ဟိတ် အ ကြီး အ ကဲ တို့ ကို၊ အာ မုတ် သား ပ ရော ဖက် ဟေ ရှာ ယ ထံ ကြား လျှောက် စေ သည် မှာ
လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အသက်ကြီးသော ယဇ်ပုရောဟိတ်တို့ကို၊ အာမုတ်သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်လေ၏။
မင်းကြီးသည် လျှော်တေအဝတ်ဝတ်ထားသည့် နန်းတော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေဗန၊ အသက်ကြီးသောယဇ်ပုရောဟိတ်တို့ကို အာမုတ်၏သား ပရောဖက်ဟေရှာယထံသို့ စေလွှတ်၏။
ထို့နောက်သူတို့သည်ဟေဇကိမင်းအားလူလွှတ် ၍ဖိတ်ခေါ်ကြ၏။ ထိုအခါဟေဇကိ၏နန်းတွင်း အရာရှိသုံးဦးတို့သည် ထိုသူတို့နှင့်တွေ့ဆုံရန် ထွက်လာကြ၏။ သူတို့ကားဟိလခိ၏သားနန်း တော်အုပ်ဧလျာကိမ်၊ နန်းတော်အတွင်းဝန်ရှေဗန နှင့် အာသပ်၏သားအမှုတွဲထိန်းယောအာတို့ ဖြစ်သတည်း။-
မင်းကြီးသည်နန်းတော်အုပ်ဧလျာကိမ်၊ နန်း တော်အတွင်းဝန်ရှေဗနနှင့်အသက်ကြီးသူ ယဇ်ပုရောဟိတ်များကို အာမုတ်၏သားဟေရှာ ယထံသို့စေလွှတ်တော်မူ၏။ ထိုသူတို့သည် လည်းလျှော်တေကိုဝတ်ဆင်ထားကြ၏။-
နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
ဤအဖြစ်အပျက်အလုံးစုံကို မော်ဒကဲ သိရသောအခါပြင်းစွာစိတ်ဒုက္ခရောက်လျက် မိမိ၏အဝတ်များကိုဆုတ်ပြီးလျှင်လျှော် တေကိုဝတ်၍ဦးခေါင်းကိုပြာနှင့်လူး၏။ ထို နောက်သူသည်ပြင်းပြစွာငိုကြွေးမြည်တမ်း လျက် နန်းတော်အဝင်ဝသို့ရောက်သည်တိုင် အောင်မြို့ကိုဖြတ်၍လျှောက်သွားလေသည်။ မည်သူမဆိုလျှော်တေကိုဝတ်၍ နန်းတွင်း သို့မဝင်ရသောကြောင့်သူသည်နန်းတွင်း သို့မဝင်ချေ။-
ဤကျမ်းစောင်တွင် ယုဒဘုရင်များဖြစ်သောသြဇိမင်း၊ ယောသံမင်း၊ အာခတ်မင်းနှင့်ဟေဇကိမင်းတို့၏လက်ထက်၌ ယုဒပြည်နှင့်ယေရုရှလင်မြို့အဘယ်သို့ဖြစ်ပျက်မည်ကို အာမုတ်၏သားဟေရှာယအားထာဝရဘုရားပေးတော်မူသောဗျာဒိတ်တော်များပါရှိ၏။
လွန်ခဲ့သောသုံးနှစ်ကထာဝရဘုရားသည် အာမုတ်၏သားဟေရှာယအား မိမိဝတ်ဆင် ထားသည့်လျှော်တေအဝတ်နှင့်ဖိနပ်ကိုချွတ် ပစ်ရန်မိန့်တော်မူခဲ့သည့်အတိုင်း ဟေရှာယ သည်အဝတ်မဝတ်၊ ဖိနပ်မစီးဘဲသွားလာ လျက်နေခဲ့၏။-
ထိုစဉ်အခါကအနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် သင့်အားငိုကြွေး၍၊ ဝမ်းနည်းသည့် အမှတ်လက္ခဏာပြရန်နှင့်ခေါင်းတုံးရိတ်၍ လျှော်တေကိုဝတ်ရန်စေခိုင်းတော်မူခဲ့၏။-
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါ့ကို နန်းတော်အုပ်ချုပ်ရေးမှူးရှေဗန၏အိမ်သို့ သွား၍သူ့အား၊-
ထာဝရဘုရားကရှေဗနအား``ငါသည် မိမိ၏အစေခံ၊ ဟိလခိ၏သားဧလျာ ကိမ်ကိုခေါ်ယူကာ၊-
ထိုအခါယုဒပြည်သူသုံးဦးတို့သည်သူ နှင့်အတူလာရောက်တွေ့ဆုံကြ၏။ သူတို့ ကားဟိလခိ၏သားနန်းတော်အုပ်ဧလျာ ကိမ်၊ နန်းတော်အတွင်းဝန်ရှေဗနနှင့်၊ အာ သပ်၏သားအမှုတွဲထိန်းယောအာတို့ ဖြစ်သတည်း။-
ဟေဇကိမင်းသည်ထိုသဝဏ်လွှာကိုသံ တမန်များထံမှယူ၍ဖတ်ပြီးလျှင် ဗိမာန် တော်သို့သွား၍ ထာဝရဘုရား၏ရှေ့တော် တွင်ချထား၏။-
ထိုနောက်ထာဝရဘုရားသည်မင်းကြီး၏ ဆုတောင်းပတ္ထနာကိုနားညောင်းတော်မူပြီ ဖြစ်ကြောင်း ဟေရှာယသည်ဟေဇကိမင်း ထံသို့ပေးပို့ရာတွင်-
ထိုအချိန်ကာလလောက်၌ပင် ဟေဇကိမင်း သည်သေလုမတတ်ဖျားနာ၍လာ၏။ အာမုတ် ၏သားပရောဖက်ဟေရှာယသည်မင်းကြီး အားလာရောက်ကြည့်ရှုပြီးနောက်``အရှင်သည် ပြန်လည်ကျန်းမာလာတော့မည်မဟုတ်သ ဖြင့် အရှင်နောက်ဆုံးမှာကြားရန်ရှိသည်တို့ ကိုမှာကြားခဲ့ရန်ထာဝရဘုရားမိန့်တော် မူပါ၏။ သို့ဖြစ်၍နတ်ရွာစံရန်အသင့်ပြင် ပါလော့'' ဟုဆို၏။
ယဇ်ပလ္လင်အမှုတော်ဆောင် အချင်းယဇ်ပုရောဟိတ်တို့၊လျှော်တေကိုဝတ်၍ငိုကြွေးကြလော့။ ငါ၏ဘုရားသခင်ရှေ့အမှုတော်ဆောင်တို့ဗိမာန်တော်သို့ဝင်၍ ညဥ့်လုံးပေါက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ဘုရားသခင်အားပူဇော်ရန်ဂျုံဆန်နှင့်စပျစ်ရည်များမရှိတော့ပြီ။