အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ယခု အခါဝလင်စွာစားရကြသူတို့အားအပြစ် ဒဏ်ခတ်ရန် အနာရောဂါကပ်ရောက်စေတော် မူလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာအတွင်းပိုင်း သည်မီးကဲ့သို့အဆက်မပြတ်ပူလောင်၍ နေလိမ့်မည်။-
ဟေရှာယ 31:9 - Common Language Bible သူတို့၏ဘုရင်သည်လည်းကြောက်ရွံ့၍ထွက် ပြေးကြလိမ့်မည်။ တပ်မှူးများသည်မိမိတို့ တိုက်ပွဲအလံများကိုစွန့်ပစ်လိုက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရား မိန့်တော်မူသောစကားပင်ဖြစ်၏။ ကိုယ်တော် သည်ယေရုရှလင်မြို့တွင်လူတို့ကိုးကွယ် ဝတ်ပြုကြသည့်ထာဝရဘုရားဖြစ်တော် မူ၍ ကိုယ်တော်၏မီးလျှံသည်လည်းယဇ် ကောင်များကိုမီးရှို့ရန်အတွက်တောက် လောင်လျက်ရှိသတည်း။ Garrad Bible ထိတ် လန့် သ ဖြင့် ထို လူ မျိုး ၏ ကျောက် တောင် ကွယ် လွန် ၍၊ အ လံ ကို လှဲ ချ ရာ မှူး မတ် တို့ ထိတ် လန့် ကြ အံ့ ဟု၊ ဇိ အုန် တောင် ပေါ် မှာ မီး လျှံ၊ ယေ ရု ရှ လင် မြို့ ၌ မီး ဖို ပိုင် သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible သူသည်လည်း ကြောက်လန့်သဖြင့်၊ မိမိခိုင်ခံ့သော မြို့ကိုလွန်သွား၍၊ သူ၏မှူးမတ်တို့သည် နိမိတ်ကိုမြင်လျှင် စိတ်ပျက်ကြလိမ့်မည်ဟု ဇိအုန်တောင်ပေါ်မှာ မီးလျှံ၊ ယေရှုရှင်မြို့၌ မီးဖိုရှိသော ထာဝရဘုရားမိန့်တော်မူသတည်း။ မြန်မာ့စံမီသမ္မာကျမ်း သူ၏ကျောက်သည် ကြောက်လန့်၍ ပျောက်ကွယ်သွားလိမ့်မည်။ သူ၏အကြီးအကဲတို့သည် အချက်ပြအလံကြောင့် စိတ်ပျက်ကြလိမ့်မည်”ဟု ဇိအုန်တောင်ပေါ်တွင်မီး၊ ဂျေရုဆလင်မြို့တွင် မီးဖိုတည်တော်မူသော ထာဝရဘုရားမိန့်တော်မူ၏။ |
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ယခု အခါဝလင်စွာစားရကြသူတို့အားအပြစ် ဒဏ်ခတ်ရန် အနာရောဂါကပ်ရောက်စေတော် မူလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာအတွင်းပိုင်း သည်မီးကဲ့သို့အဆက်မပြတ်ပူလောင်၍ နေလိမ့်မည်။-
ဣသရေလအမျိုးသားတို့၏အလင်းဖြစ် တော်မူ၍ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်သည်ဆူးပင်အမျိုးမျိုးပါမကျန် ခပ်သိမ်းသောအရာတို့ကို တစ်နေ့ချင်း၌ ကျွမ်းလောင်စေတတ်သောမီးကဲ့သို့ဖြစ် လိမ့်မည်။-
ဒါဝိဒ်မင်းဆက်မှပေါ်ထွန်းလာသည့်ဘုရင် သည် လူမျိုးတကာတို့အဖို့အချက်ပြအမှတ် လက္ခဏာတစ်ရပ်ဖြစ်သည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ သူတို့သည်သူ၏မြို့တော် သို့လာရောက်စုရုံးကြလျက် သူ့အားဂုဏ်ပြု ချီးမြှင့်ကြလိမ့်မည်။-
တောင်ကတုံးပေါ်တွင်စစ်အလံကိုလွှင့် ထူကြလော့။ မာန်မာနထောင်လွှားသည့်မြို့ တော်တံခါးတို့ကိုတိုက်ခိုက်ရန်ဟစ်အော် ကာ သင်တို့လက်ကိုမြှောက်၍ စစ်သည်တို့ အားအချက်ပေးကြလော့။-
ထိုနိုင်ငံသားတို့သည်လှိုင်းလုံးများသဖွယ် တစ်ဟုန်တည်းရှေ့သို့ချီတက်လာကြ၏။ သို့ ရာတွင်ဘုရားသခင်ကသူတို့အားဖြင့် ပြင်း ပြင်းထန်ထန်မိန့်ကြားဆုံးမတော်မူသော အခါသူတို့သည်တောင်နံရံမှမြေမှုန့်များ ကဲ့သို့လည်းကောင်း၊ လေဗွေတွင်လွင့်ပါသွား သည့်ဖွဲကဲ့သို့လည်းကောင်းဆုတ်ပြေးကြ ကုန်၏။-
ကမ္ဘာပေါ်ရှိလူအပေါင်းတို့၊ ကမ္ဘာမြေပေါ်တွင် နေထိုင်ကြသူလူအပေါင်းတို့၊ နားထောင်ကြ လော့။ တောင်ထိပ်ဖျားတွင်လွှင့်ထူမည့်အချက် ပြအလံကိုစောင့်မျှော်ကြည့်ရှုကြလော့။ တံပိုးခရာမှုတ်သံကိုနားစွင့်၍နေကြ လော့။-
ယုဒပြည်တွင်အောက်ပါသီချင်းကိုလူတို့ သီဆိုကြသည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ သူတို့က ``ငါတို့၏မြို့တို့သည်ခိုင်ခန့်ပေသည်။ ကယ်တင်ခြင်းနှင့်ဆိုင်သောမြို့ရိုးများကို ဘုရားသခင်ကိုယ်တော်တိုင်ကာကွယ်တော်မူ ပါ၏။
ဣသရေလအမျိုးသားတို့သည် မိမိတို့ရန်သူ များလောက် ပြင်းထန်စွာထာဝရဘုရား၏ အပြစ်ဒဏ်ကိုမခံရကြ၊ ရန်သူများလောက် လည်းမသေရကြ။-
ထာဝရဘုရားသည်ပြင်းထန်သောမိုးကြိုး မုန်တိုင်းများ၊ မြေငလျင်များအားဖြင့်မြည် ဟည်းကာ သင်တို့ကိုကယ်ဆယ်တော်မူလိမ့် မည်။ ကိုယ်တော်သည်လေပြင်းမုန်တိုင်းများ နှင့်မီးလျှံကိုစေလွှတ်တော်မူလိမ့်မည်။-
ရှေးမဆွကပင်အာရှုရိဘုရင်ကိုမီးသင်္ဂြိုဟ် ရန် လောင်တိုက်ကိုပြင်ဆင်၍ထားခဲ့၏။ ထိုလောင် တိုက်သည်အစောက်နက်၍ကျယ်ဝန်း၏။ ထို အရပ်တွင်မြင့်မားသောထင်းပုံကြီးတစ် ခုလည်းရှိ၏။ ထာဝရဘုရားသည်ခံတွင်း တော်မှမီးလျှံကိုမှုတ်ထုတ်တော်မူ၍ ထို ထင်းပုံကိုမီးစွဲလောင်စေတော်မူလိမ့်မည်။
ထိုအခါအာရှုရိဧကရာဇ်မင်းသည်တပ် ခေါက်၍နိနေဝေမြို့သို့ပြန်တော်မူ၏။-
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အားစစ်ဆေးစီရင်ကာ တန်ခိုးတော်အား ဖြင့်ဖြူစင်သန့်ရှင်းစေတော်မူလိမ့်မည်။ ယေရု ရှလင်မြို့၏အပြစ်ကိုလည်းကောင်း၊ ထိုမြို့ တွင်သွန်းသည့်သွေးများကိုလည်းကောင်း ဆေးကြောစင်ကြယ်စေတော်မူလိမ့်မည်။-
ထာဝရဘုရားသည်အချက်ပြ၍ရပ်ဝေး နေလူမျိုးခြားတို့အားခေါ်ယူတော်မူလိမ့် မည်။ ကိုယ်တော်သည်သူတို့အားကမ္ဘာမြေကြီး စွန်းမှလာရောက်ကြရန်လေချွန်သံဖြင့် အချက်ပေးတော်မူလိမ့်မည်။ ထိုသူတို့သည် လည်းဤအရပ်သို့အလျင်အမြန်လာ ရောက်ကြလိမ့်မည်။-
ထာဝရဘုရားသည်မီးလျှံကိုစီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိ အမျက်ထွက်သူတို့အားအပြစ်ဒဏ်ခတ် ရန်လေဗွေရထားကိုစီး၍ကြွလာတော် မူလိမ့်မည်။-
ယဇ်ပလ္လင်မီးကိုအမြဲတောက်လောင်နေစေရ မည်။ မည်သည့်အခါမျှမီးမငြိမ်းစေရ။
ထာဝရဘုရားသည်မိမိကိုယ်တော်တိုင်မြို့ ပတ်လည်တွင် မီးတံတိုင်းအဖြစ်တည်ရှိလျက် ဘုန်းအသရေတော်အပေါင်းနှင့်တကွ ထိုမြို့ တွင်စံနေတော်မူမည်ဖြစ်ကြောင်းကတိထား တော်မူလေပြီ'' ဟုဆို၏။
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
သူတို့၏ရန်သူများသည်မိမိတို့၏ဘုရားများ အားနည်း၍ ဣသရေလအမျိုးသားတို့၏ဘုရားကဲ့သို့ တန်ခိုးမကြီးကြောင်းသိကြ၏။
ထိုအခါထာဝရဘုရားသည်မိမိ၏လူမျိုး တော်အား `သင်တို့ယုံကြည်ကိုးစားရာ၊တန်ခိုးကြီးသော ဘုရားများအဘယ်မှာရှိသနည်း။