ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်းကို ခံရကြ၏။
ဟေရှာယ 30:7 - Common Language Bible အီဂျစ်ပြည်မှပေးသောအကူအညီကား အချည်းနှီးပင်တည်း။ ထို့ကြောင့်ငါသည်၊ အီဂျစ်ပြည်အား`အဆိပ်မရှိသည့်နဂါး' ဟု နာမည်ပေးထားလေပြီ'' ဟုမိန့်တော်မူ၏။ Garrad Bible အိ ဂျစ် ပြည်၏ အ ကူ အ ညီ သည်၊ အ ချည်း နှီး သက် သက် ဖြစ် သည့် အ လျောက်၊ ဖင့် နွှဲ သူ မာ န ဟု ငါ သ မုတ် ၏။ Judson Bible အဲဂုတ္တုပြည်သည် အချည်းနှီးသက်သက်၊ အကျိုးမပေးနိုင်။ ထိုကြောင့်၊ မလှုပ်ဘဲနေတတ်သော ရာခပ်ဟု ငါသမုတ်ပေ၏။ မြန်မာ့စံမီသမ္မာကျမ်း အီဂျစ်ပြည်၏အကူအညီသည် အချည်းနှီးသက်သက်ဖြစ်၏။ ထို့ကြောင့် ထိုပြည်ကို ရာဟပ်ဟိမ်ရှာဗက်ဟု ငါခေါ်ဝေါ်၏။ |
ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်းကို ခံရကြ၏။
ကိုယ်တော်မိန့်တော်မူသည်မှာ ``ငါ၏စကားကိုနားထောင်သည့်နိုင်ငံများ စာရင်းကိုယူသောအခါအီဂျစ်ပြည်နှင့် ဗာဗုလုန်ပြည်ကိုငါထည့်သွင်းမည်။ ဖိလိတ္တိပြည်၊တုရုပြည်နှင့်ဆူဒန်ပြည်မှ လူတို့သည်လည်းယေရုရှလင်မြို့သားများ စာရင်းတွင်ငါဖော်ပြမည်။''
ကိုယ်တော်ရှင်သည်ရာခပ် ကို ချေမှုန်းသတ်ဖြတ်ပစ်တော်မူပါ၏။ တန်ခိုးတော်ဖြင့်ကိုယ်တော်ရှင်၏ရန်သူတို့ကို နှိမ်နင်းတော်မူပါ၏။
ထိုအခါမောရှေက``မကြောက်ကြနှင့်။ ကြံ့ ကြံ့ခိုင်ခိုင်ရှိစေကြလော့။ ထာဝရဘုရား သည်ယနေ့တွင် သင်တို့အားမည်ကဲ့သို့ကယ် တင်တော်မူမည်ကိုမြင်ရလိမ့်မည်။ သင်တို့ ယနေ့မြင်ရသောအီဂျစ်အမျိုးသားတို့ ကို နောင်မည်သည့်အခါမျှမြင်ရလိမ့်မည် မဟုတ်။-
သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
သေမျိုးဖြစ်သောသူတို့အား ယုံကြည်ကိုး စားမှုမပြုကြနှင့်။ သူတို့သည်အဘယ် မျှတန်ဖိုးရှိပါသနည်း။
ထိုအချိန်ကာလကျရောက်လာသောအခါ ဖိလိတ္တိကမ်းခြေတွင်နေထိုင်ကြသူတို့သည်``ငါ တို့အားအာရှုရိဘုရင်၏ဘေးမှကာကွယ်စောင့် ရှောက်ရန် ငါတို့မှီခိုအားကိုးခဲ့သည့်လူတို့၏ ဖြစ်အင်ကိုကြည့်ကြလော့။ ငါတို့သည်အဘယ် သို့လျှင်အသက်မသေဘဲကျန်ရှိနိုင်ကြပါ မည်နည်း'' ဟုဆိုကြလိမ့်မည်။
ကိုယ်တော်သည်သင်တို့အားငြိမ်းအေးချမ်းမြေ့ စွာနေထိုင်ခွင့်ကိုပေးတော်မူသော်လည်း သင် တို့သည်ကိုယ်တော်၏စကားကိုနားမထောင် ကြ။-
ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့် မြတ်သည့်ဘုရားသခင်ထာဝရဘုရားက လူတို့အား``သင်တို့သည်ငါ့ထံသို့ပြန်လာ ကာတည်ငြိမ်စွာ ငါ့အားယုံကြည်ကိုးစား၍ နေကြလော့။ သို့ပြုလျှင်သင်တို့သည်ခွန်အား စွမ်းရည်ကိုရ၍ကယ်တင်ခြင်းကိုရကြ လိမ့်မည်'' ဟုမိန့်တော်မူပါ၏။ သို့ရာတွင် သင်တို့သည်ကိုယ်တော်၏စကားကိုနား မထောင်ကြ။-
ယုဒအမျိုးသားများသည်မိမိတို့အကူ အညီရရှိလိမ့်မည်ဟု မျှော်လင့်ကာမှကူညီ ရန်ပျက်ကွက်သည့်လူမျိုး၊ ယုံကြည်စိတ်ချ ၍မရသည့်ထိုလူမျိုးကိုအားကိုးမှီခို မိသည့်အတွက်နောင်တရကြလိမ့်မည်။
သင်တို့သည်ရာထူးအနိမ့်ဆုံးအာရှုရိတပ် မှူးကလေးကိုပင်လျှင်ယှဉ်ပြိုင်နိုင်စွမ်းမရှိ ကြ။ သို့ပါလျက်အီဂျစ်အမျိုးသားတို့ထံ မှစစ်ရထားနှင့်မြင်းစီးသူရဲအကူအညီ များကိုစောင့်မျှော်ကြပါသည်တကား။-
အို ထာဝရဘုရား၊နိုးထတော်မူ၍ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ ကိုယ်တော်ရှင်၏အစွမ်းတန်ခိုးတော်အားဖြင့် ကျွန်တော်မျိုးတို့အားကယ်တော်မူပါ။ နိုးထတော်မူ၍ရှေးပဝေသဏီကာလ၌ ကဲ့သို့ပင် တန်ခိုးတော်ကိုအသုံးပြုတော်မူပါ။ ပင်လယ်နဂါးကြီးရာခပ်အား အပိုင်းပိုင်းဖြတ်တော်မူသောသူကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။
သူ့အားသတိရှိမှု၊ တည်ငြိမ်မှုရှိရန်နှင့်ထိတ် လန့်မှုနှင့်စိတ်အနှောက်အယှက်မဖြစ်ရန် ကိုပြောကြားလော့။ ရေဇိန်မင်းနှင့်တကွ ရှုရိပြည်သူတို့၏အမျက်နှင့်ပေကာမင်း ၏အမျက်သည် ထင်းစနှစ်ခုမှအငွေ့တလူ လူထွက်လျက်နေသောမီးခိုးထက်ပို၍ ဥပဒ်မပေးနိုင်။-
`သင့်ကိုအကူအညီပေးရန်ယခုချီတက် လာသောဖာရောဘုရင်၏တပ်မတော်သည် မိမိတို့နေရင်းအီဂျစ်ပြည်သို့ပြန်သွား လိမ့်မည်။-
သို့ဖြစ်၍ငါတို့ကိုကယ်တော်မူရန်ကိုယ်တော်အား သည်းခံစောင့်မျှော်နေခြင်းသည်ငါတို့အဖို့ အကောင်းဆုံးပင်ဖြစ်ပါ၏။
``ဣသရေလနိုင်ငံသည်မိမိ၏အနာ ရောဂါကိုလည်းကောင်း၊ ယုဒနိုင်ငံသည် မိမိ၏ဒဏ်ရာဒဏ်ချက်များကိုလည်း ကောင်းမြင်ရသောအခါ ဣသရေလနိုင်ငံ သည်အာရှုရိနိုင်ငံဧကရာဇ်မင်းထံသွား ၍အကူအညီတောင်း၏။ သို့ရာတွင် ဧကရာဇ်မင်းသည်သူတို့၏ရောဂါ ကို မကုသမပျောက်ကင်းစေနိုင်။-