ဟေရှာယ 3:3 - Common Language Bible သူတို့၏စစ်ဘက်နယ်ဘက်ခေါင်းဆောင်များ နိုင်ငံရေးသမားများနှင့်မှော်ဆရာများ ကိုဖယ်ရှားတော်မူလိမ့်မည်။- Judson Bible သွေးသောက်ကြီး၊ အရာရှိ၊ တိုင်ပင်မှူးမတ်၊ လက်သတ္တိရှိသောသူ၊ နှုတ်သတ္တိရှိသောသူတို့ကို ပယ်ရှားတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း လူငါးဆယ်အုပ်၊ ဂုဏ်သရေရှိသူ၊ အကြံပေးသူ၊ လက်မှုအတတ်ကျွမ်းကျင်သူ၊ မန်းမှုတ်သောအတတ်ကျွမ်းကျင်သူတို့ကိုလည်း ဖယ်ရှားတော်မူ၏။ |
သို့ရာတွင်သင်သည်လူတစ်ထောင်စု၊ တစ်ရာစု၊ ငါးဆယ်စု၊ တစ်ဆယ်စုတို့ကိုခေါင်းဆောင်နိုင် မည့်အရည်အချင်းရှိသူများကိုရွေးချယ် ခန့်ထားသင့်ပါသည်။ ထိုသူတို့သည်ဘုရား ကိုကြောက်ရွံ့၍ရိုးသားဖြောင့်မတ်လျက် အဂတိမလိုက်စားတတ်သူများဖြစ်ရ ကြမည်။-
သို့ရာတွင် မောရှေကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ်အားစေလွှတ်တော်မမူပါနှင့်။ အကျွန်ုပ် သည်မည်သည့်အခါကမျှနှုတ်သတ္တိမရှိခဲ့ ပါ။ ကိုယ်တော်ရှင်ကအကျွန်ုပ်အားမိန့်ကြား ပြီးသည်အခါ၌ပင်၊ နှုတ်သတ္တိမရှိသေးပါ။ အကျွန်ုပ်သည်နှုတ်စ၊ လျှာစလေးသူ၊ စကား ပြောနှေးသူဖြစ်ပါသည်'' ဟုလျှောက်လေ၏။
သူတို့၏သူရဲကောင်းများနှင့်စစ်သည်တော် များ၊ တရားသူကြီးများနှင့်ပရောဖက်၊ ဗေဒင်ဆရာများနှင့်တာဝန်ရှိပ္ဂိုလ်များ၊-
ထာဝရဘုရားသည်အရွယ်မရောက်သေး သောကလေးသူငယ်များအား ပြည်သူ တို့ကိုအုပ်စိုးခွင့်ပေးတော်မူလိမ့်မည်။-
ထို့ကြောင့်သင်တို့သည်သုံ့ပန်းများအဖြစ် ဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံရ ကြလိမ့်မည်။ သင်တို့၏ခေါင်းဆောင်များသည် အစာငတ်၍သေဆုံးကြလိမ့်မည်။ လူအပေါင်း တို့သည်ရေငတ်ကြလိမ့်မည်။-
ခေါင်းပိုင်းသည်သက်ကြီးဝါကြီးဂုဏ်အသရေ ရှိသူများဖြစ်၍ အမြီးပိုင်းသည်လိမ်လည် ဟောပြောတတ်သူပရောဖက်များဖြစ်၏။-
သို့ဖြစ်၍ငါသည်သင်တို့အနွယ်ထဲမှပညာ ရှိ၍ အတွေ့အကြုံများသောခေါင်းဆောင်များ ကိုရွေးချယ်ပြီးလျှင်သင်တို့အားအုပ်ချုပ် စေ၏။ အချို့တို့ကိုလူတစ်ထောင်အုပ်၊ အချို့ တို့ကိုလူတစ်ရာအုပ်၊ အချို့တို့ကိုလူငါး ဆယ်အုပ်၊ အချို့တို့ကိုလူတစ်ဆယ်အုပ်အဖြစ် ခန့်ထားခဲ့သည်။ ထို့ပြင်သင်တို့အနွယ်အား လုံး၌ အခြားသောအရာရှိများကိုလည်း ခန့်ထားခဲ့၏။
ထိုနောက်ဂိဒေါင်က ဇေဘဟနှင့်ဇာလမုန္နတို့ အား``တာဗော်မြို့၌သင်တို့သတ်ဖြတ်ပစ်သူ တို့ကား မည်သို့သောသူများဖြစ်သနည်း'' ဟုမေး၏။ သူတို့ကလည်း``ထိုသူတို့သည် သင်နှင့်အသွင် တူပါသည်။ သူတို့အားလုံးပင်လျှင် ဘုရင့်သား တော်များနှင့်တူကြပါ၏'' ဟုပြန်ပြောလေ သည်။
သူသည်အချို့ကိုလူတစ်ထောင်တပ်မှူးများ၊ အချို့ကိုလူငါးဆယ်တပ်မှူးများအဖြစ် ခန့်ထားလိမ့်မည်။ သင်တို့၏သားများသည် ဘုရင်၏လယ်များကိုထွန်၍ သူ၏စပါးများ ကိုရိတ်သိမ်းရလိမ့်မည်။ သူ၏လက်နက်များ၊ စစ်ရထားတန်ဆာများကိုပြုလုပ်ရကြ လိမ့်မည်။-