Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သူ​ကြီး 8:18 - Common Language Bible

18 ထို​နောက်​ဂိ​ဒေါင်​က ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့ အား``တာ​ဗော်​မြို့​၌​သင်​တို့​သတ်​ဖြတ်​ပစ်​သူ တို့​ကား မည်​သို့​သော​သူ​များ​ဖြစ်​သ​နည်း'' ဟု​မေး​၏။ သူ​တို့​က​လည်း``ထို​သူ​တို့​သည် သင်​နှင့်​အ​သွင် တူ​ပါ​သည်။ သူ​တို့​အား​လုံး​ပင်​လျှင် ဘု​ရင့်​သား တော်​များ​နှင့်​တူ​ကြ​ပါ​၏'' ဟု​ပြန်​ပြော​လေ သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ထို နေ့ ရက် ဇေ ဘ ဟ နှင့် ဇာ လ မု န္န မင်း တို့ အား၊ တာ ဗော် မြို့ တွင် သင် တို့ ကွပ် မျက် ခဲ့ ဘူး သော သူ တို့ ကား မည် သို့ သော သူ ဖြစ် သ နည်း ဟု မေး လေ သော်၊ အ ရှင့် နည်း တူ ဖြစ်၍ အား လုံး တို့ ပင် မင်း သား တို့ အ ဆင်း သ ဏ္ဌာန် ရှိ သည် ဟု ပြန် လျှောက် လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​အ​ခါ ဇေ​ဘ​ဟ​နှင့် ဇာ​လ​မု​န္န​တို့​အား တာ​ဗော်​မြို့​မှာ သင်​တို့​သတ်​ခဲ့​သော သူ​တို့​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း​ဟု မေး​မြန်း​သော်၊ ထို​သူ​တို့​က၊ ကိုယ်​တော်​ဖြစ်​သ​ကဲ့​သို့ သူ​တို့​ရှိ​သ​မျှ​သည် ဖြစ်၍၊ ရှင်​ဘု​ရင်​သား၏ အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​ကြ​ပါ၏​ဟု ပြန်​ပြော​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထို့နောက် ဂိဒေါင်​က ဇေဘဟ​နှင့်​ဇာလမုန္န​တို့​အား “​တာဗော်​မြို့​၌ သင်​တို့​သတ်​ခဲ့​သော​သူ​တို့​သည် မည်သို့​သော​သူ​နည်း​”​ဟု မေး​သော် သူ​တို့​က “​သူ​တို့​အားလုံး​သည် သင်​ကဲ့သို့ပင် ဘုရင့်​သား​တော်​ရုပ်ရည်ရှိသူ​များ​ဖြစ်​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သူ​ကြီး 8:18
10 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​က``ထို​သူ​၏​ပုံ​ပန်း​သဏ္ဌာန်​ကား အ​ဘယ်​သို့​နည်း'' ဟု​မေး​တော်​မူ​၏။


လူ​အ​ပေါင်း​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် ပြော​ဆို​၍ မြှောက်​ပင့်​ကာ​လှည့်​စား​ကြ​ပါ​၏။


ကိုယ်​တော်​ရှင်​သည်​မြောက်​မျက်​နှာ​နှင့် တောင်​မျက်​နှာ​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။ တာ​ဗော်​တောင်​နှင့်​ဟေ​ရ​မုန်​တောင်​တို့​သည် ကိုယ်​တော်​ရှင်​အား​ရွှင်​လန်း​စွာ​ထော​မ​နာ ပြု​ကြ​ပါ​၏။


ဤ​လူ​စု​သည်​အ​စဉ်​ညည်း​ညူ​လျက်​သူ​တစ် ပါး​အား အ​ပြစ်​တင်​လျက်​သာ​နေ​တတ်​ကြ​၏။ မိ​မိ​တို့​၏​ဆိုး​ညစ်​သည့်​လို​အင်​ဆန္ဒ​ကို​လိုက် ၍​ပြု​ကျင့်​တတ်​ကြ​၏။ မိ​မိ​တို့​အ​ကြောင်း ကို​ကြွား​ဝါ​တတ်​ကြ​၏။ ကိုယ်​ကျိုး​အ​တွက် သူ​တစ်​ပါး​တို့​အား မြှောက်​ပင့်​ပြော​ဆို​တတ် ကြ​၏။


တာ​ဗော်​တောင်​သို့​ဗာ​ရက်​တက်​သွား​သည့် အ​ကြောင်း​ကို သိ​သ​ရ​ကြား​သိ​သော​အ​ခါ၊-


တစ်​နေ့​သ​၌​သူ​သည်​န​ဿ​လိ​နယ်​မြေ၊ ကေ ဒေ​ရှ​မြို့​မှ​အ​ဘိ​နောင်​၏​သား​ဗာ​ရက်​ကို ခေါ်​ပြီး​လျှင်``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​သည်​န​ဿ​လိ အ​နွယ်​နှင့် ဇာ​ဗု​လုန်​အ​နွယ်​မှ​လူ​ပေါင်း​တစ် သောင်း​ကို​ခေါ်​ယူ​ကာ​တာ​ဗော်​တောင်​သို့ သွား​ရ​မည်။-


သူ​သည်​ပေ​နွေ​လ​မြို့​မှ​ခံ​တပ်​မျှော်​စင်​ကို လည်း​ဖြို​ချ​၍ ထို​မြို့​သား​တို့​ကို​သုတ်​သင် ပစ်​လိုက်​၏။


ဂိ​ဒေါင်​က``သူ​တို့​သည်​ကား​ငါ့​အ​မိ​၏​သား များ​ဖြစ်​၍ ငါ​၏​ညီ​များ​ဖြစ်​သည်။ အ​ကယ် ၍​သင်​တို့​သည်​သူ​တို့​အား​မ​သတ်​ခဲ့​ပါ​မူ ငါ​သည်​လည်း​သင်​တို့​အား​သတ်​လိမ့်​မည် မ​ဟုတ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြော​၏။-


ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သို့​ရောက်​သော အ​ခါ​ထို​မြို့​သား​တို့​အား``ငါ​၏​တပ်​သား တို့​ကို​အ​စား​အ​စာ​အ​နည်း​ငယ်​ပေး​ကြ ပါ။ သူ​တို့​သည်​ပင်​ပန်း​နွမ်း​နယ်​လျက်​ရှိ ကြ​ပါ​၏။ ငါ​သည်​မိ​ဒျန်​ဘု​ရင်​ဇေဘဟ​နှင့် ဇာ​လ​မုန္န​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​နေ​ပါ သည်'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ