ယာဝန်မှဆင်းသက်သောသားစဉ်မြေးဆက်တို့ သည်ကား ဧလိရှာ၊ စပိန်၊ ကုပရုနှင့်ရိုဒ်တို့ ဖြစ်ကြ၏။-
ဟေရှာယ 23:1 - Common Language Bible ဤဗျာဒိတ်တော်သည်တုရုမြို့နှင့်သက်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။ ပင်လယ်သို့ရောက်ရှိ နေကြသူအချင်းသင်္ဘောသားတို့၊ ဝမ်းနည်း လျက်ငိုကြွေးမြည်တမ်းကြလော့။ သင်တို့၏ ဌာနေဖြစ်သည့်တုရုသင်္ဘောဆိပ်မြို့သည်ပျက် ပြုန်းသွားလေပြီ။ ယင်း၏အိမ်များနှင့်ဆိပ် ကမ်းများသည်ယိုယွင်းပျက်စီးလျက်နေ ၏။ ထိုသတင်းကိုသင်တို့သည်ကုပရုပြည် မှအပြန်ခရီးတွင်ကြားသိရကြ၏။- Garrad Bible တု ရု မြို့ ကို ရည် သော ဗျာ ဒိတ် ချက် ဟူ မူ ကား။ ကု ပ ရု ကျွန်း တွင် သ တင်း ကြား ခဲ့ သည့် အ လျောက်၊ အိမ် ဆိပ် မှ စ၍ ဆိုက် ခွင့် မ ရ သည့် တိုင် အောင်၊ တု ရု မြို့ ပျက် ပြား သည် နှင့် တာ ရှု သင်္ဘော တို့ ဟစ် ကြ လော့။ Judson Bible တုရုမြို့နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ တာရှုသင်္ဘောများတို့၊ ညည်းတွားမြည်တမ်းကြလော့။ မြို့သည် အိမ်မရှိ၊ တည်းခိုစရာ မရှိသည်တိုင်အောင် ရှင်းရှင်းပျက်စီးလေပြီ။ ခိတ္တိမ်ပြည်မှ သတင်းကြားရ၏။ မြန်မာ့စံမီသမ္မာကျမ်း တိုင်ရာမြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ တာရှုသင်္ဘောတို့၊ ညည်းတွားငိုကြွေးကြလော့။ အကြောင်းမူကား တိုင်ရာမြို့သည် အိမ်မရှိ၊ ဆိပ်ကမ်းမရှိတော့သည့်တိုင်အောင် ဖျက်ဆီးခံရလေပြီဟု ဆိုက်ပရပ်ပြည်မှတစ်ဆင့် ကြားသိရပြီ။ |
ယာဝန်မှဆင်းသက်သောသားစဉ်မြေးဆက်တို့ သည်ကား ဧလိရှာ၊ စပိန်၊ ကုပရုနှင့်ရိုဒ်တို့ ဖြစ်ကြ၏။-
မင်းကြီးသည်ဟိရံ၏သင်္ဘောစုနှင့်အတူ ကူးသန်း သွားလာရန်ပင်လယ်ကူးသင်္ဘောများရှိလေသည်။ ထိုသင်္ဘောတို့သည်သုံးနှစ်လျှင်တစ်ကြိမ်ပြည်တော် သို့ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များ ကိုယူဆောင်လာတတ်ကြ၏။
ယောရှဖတ်မင်းသည်သြဖိရပြည်မှရွှေကိုယူ ဆောင်ရန် ပင်လယ်ကူးသင်္ဘောများကိုတည်ဆောက် စေသော်လည်း ထိုသင်္ဘောတို့သည်ဧဇယုန်ဂါဗာ မြို့တွင်ပျက်သွားသဖြင့်သင်္ဘောမလွှင့်ရကြချေ။-
တုရုဘုရင်ဟိရံသည် ဒါဝိဒ်မင်း၏အဆွေ တော်အဖြစ်နှင့်အစဉ်နေထိုင်ခဲ့သူဖြစ်၏။ ထို့ကြောင့်ခမည်းတော်ဒါဝိဒ်၏အရိုက်အရာ ကိုရှောလမုန်ဆက်ခံ၍ နန်းတက်သည့်အကြောင်း ကိုကြားသိသောအခါသံတမန်များကို ရှောလမုန်ထံသို့စေလွှတ်လေသည်။-
မင်းကြီး၌ဟိရံမင်း၏သင်္ဘောစုနှင့်အတူပင် လယ်သွားသင်္ဘောများရှိ၏။ သူ၏သင်္ဘောတို့ သည် ရွှေ၊ ငွေ၊ ဆင်စွယ်၊ လူဝံနှင့်မျောက်များကို တင်ဆောင်၍သုံးနှစ်တစ်ကြိမ်ပြန်လည်ရောက် ရှိလေသည်။-
မောဘပြည်၊ နယ်စပ်အနှံ့အပြားတွင်ငို ကြွေးမြည်တမ်းသံကိုကြားရကြ၏။ ထို အသံကိုဧဂလိမ်မြို့နှင့်ဗေရဧလိမ်မြို့ မှပင်ကြားရကြလေသည်။-
ကိုယ်တော်သည်အကြီးဆုံးအလှဆုံးသော သင်္ဘောများကိုပင် နစ်မြုပ်စေတော်မူလိမ့်မည်။-
အို ဇိဒုန်မြို့၊ သင်သည်နောက်တစ်ဖန်သာယာ ရွှင်လန်းရတော့မည်မဟုတ်။ သင်၏လူတို့ သည်လည်းဖိနှိပ်ချုပ်ချယ်မှုကိုခံရလျက် ရှိ၏။ အကယ်၍သူတို့သည်ကုပရုပြည်သို့ ထွက်ပြေးလွတ်မြောက်သွားကြသည်ဆိုစေ ကာမူ ဘေးမဲ့လုံခြုံစွာနေရကြလိမ့်မည် မဟုတ်။
အချင်းဖိုနီးရှားပြည်သူတို့၊ ဝမ်းနည်း လျက်ညည်းတွားမြည်တမ်းကြလော့။ စပိန် ပြည်သို့ထွက်ပြေးရန်ကြိုးစားကြလော့။-
မြို့တွင်း၌အစစအရာရာကစင့်ကလျား ဖြစ်လျက်နေ၏။ လူတို့မဝင်နိုင်ရန်အိမ်တိုင်း ကိုလည်းပိတ်ထားကြ၏။-
ထိုသင်္ဘောတို့သည်ရပ်ဝေးမှ ဘုရားသခင်၏လူမျိုးတော်အား မိမိတို့ပြည်သို့တင်ဆောင်လာသည့် သင်္ဘောများဖြစ်၏။ ယင်းတို့သည်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောဘုရားသခင် ထာဝရဘုရားကိုချီးမြှောက်ရန်၊ ရွှေနှင့်ငွေများကိုယူဆောင် လာကြခြင်းဖြစ်၏။ ကိုယ်တော်သည်မိမိ၏လူမျိုးတော်ကို ချီးမြှောက်စေတော်မူပြီ။
ခိတ္တိမ်ကျွန်းရှိရာအနောက်ဘက်သို့သွားလော့။ ကေဒါပြည်သို့လူလွှတ်၍ကြည့်ရှုစေကြလော့။ ယခုအမှုမျိုးကိုအဘယ်အခါကမျှ မဖြစ်ပျက်ခဲ့ဘူးသည်ကိုသိမြင်ရလိမ့်မည်။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက ငါ့အား``သင်သည်ငါ၏ အမျက်တော်နှင့်ပြည့်လျက်ရှိသည့်ဤစပျစ် ရည်ခွက်ဖလားကိုငါ့ထံမှယူ၍ သင့်အား ငါစေလွှတ်တော်မူသည့်လူမျိုးတကာတို့ ကိုတိုက်ခိုက်လော့။-
တုရုမြို့နှင့်ဇိဒုန်သို့ပေးပို့နိုင်သည့်စစ်ကူ အကြွင်းအကျန်မှန်သမျှကိုဖြတ်တောက် ပစ်ရန် ဖိလိတ္တိပြည်ကို၊သုတ်သင်ပယ်ရှင်းရမည့် နေ့ရက်ကာလကျရောက်လာလေပြီ။ ငါထာဝရဘုရားသည်ကရေတေကမ်းခြေမှ လာသူအပေါင်းဖြစ်သည့် ဖိလိတ္တိအမျိုးသားတို့အားသုတ်သင်ပယ်ရှင်းမည်။
ငါတို့ပြည်နှင်ဒဏ်ခံသောတစ်ဆယ့်တစ်နှစ် မြောက်၊ ပထမလ၊ လဆန်းတစ်ရက်နေ့၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
ကိုယ်တော်က``အချင်းလူသား၊ တုရုမြို့သား တို့က`ယေရုရှလင်မြို့တံခါးသည်ပျက်ပြုန်း လေပြီ။ ထိုမြို့၌တံခါးများပွင့်လျက်ရှိ၏။ ထိုမြို့သည်ငါတို့နှင့်ပြိုင်ဘက်မဖြစ်တော့ ပြီ' ဟုဝမ်းမြောက်စွာဟစ်အော်ကြွေးကြော် လျက်နေကြ၏။
သူတို့သည်မိမိတို့ဦးခေါင်းပေါ်သို့မြေမှုန့် များကို မြှောက်ကြဲ၍ပြာထဲတွင်လူးလှိမ့်လျက် သင်၏အတွက်ပြင်းပြစွာငိုကြွေးမြည် တမ်းကြ၏။
လှော်တက်များကိုပြုလုပ်ရန်ဗာရှန်တောမှ ဝက်သစ်ချပင်များကိုယူဆောင်လာကြ၏။ သင်၏ကုန်းပတ်ကိုကုပရုကျွန်းမှရသော ထင်းရှူးဖြင့်ပြုလုပ်ကာဆင်စွယ်များဖြင့် ချယ်လှယ်ထားကြ၏။
ရောမအမျိုးသားတို့သည်သင်္ဘောများဖြင့် လာရောက်၍ သူ့အားဆီးတားတိုက်ခိုက်ကြ မည်ဖြစ်သဖြင့်သူသည်ကြောက်လန့်လိမ့်မည်။ ``ထိုအခါသူသည်အမျက်ပြင်းစွာထွက် လျက်နောက်သို့ပြန်၍ဆုတ်ပြီးလျှင် ဘုရားသခင်၏လူမျိုးတော်ကိုးကွယ်သောဘာသာ ကိုဖျက်ဆီးရန်ကြိုးစားလိမ့်မည်။ ထိုဘာသာ တော်ကိုစွန့်လွှတ်ခဲ့သူတို့၏အကြံပေး စကားများကိုလည်းနားထောင်လိမ့်မည်။-
သို့ရာတွင်ယောနသည်ထာဝရဘုရား၏ထံတော်မှထွက်ပြေးရန်ယုပ္ပေသင်္ဘောဆိပ်သို့သွား၏။ ယုပ္ပေမြို့သို့ရောက်လျှင်စပိန်ပြည်သို့ထွက်ခွာသွားတော့မည်ဖြစ်သောသင်္ဘောကိုအဆင်သင့်တွေ့လေ၏။ ယောနသည်သင်္ဘောခကိုပေးပြီးလျှင် ထာဝရဘုရားနှင့်ဝေးရာစပိန်မြို့သို့သင်္ဘောသားများနှင့်အတူလိုက်ရန်သင်္ဘောပေါ်သို့တက်လေ၏။
ကုပရုကျွန်းမှရန်သူသင်္ဘောများသည်လာ၍ အာရှုရိပြည်နှင့်ဟေဗာပြည်တို့ကိုတိုက်ခိုက် အောင်မြင်လိမ့်မည်။ သို့ရာတွင်သူတို့ကိုယ်တိုင်လည်းသုတ်သင် ဖျက်ဆီးခြင်းခံရလိမ့်မည်။''
``အို ခေါရာဇိန်မြို့၊ သင်သည်အမင်္ဂလာရှိ၏။ အို ဗက်ဇဲဒမြို့၊ သင်သည်လည်းအမင်္ဂလာရှိ၏။ သင်တို့တွင်ပြုခဲ့သည့်အံ့ဖွယ်အမှုအရာများ ကိုတုရုနှင့်ဇိဒုံမြို့တွင်သာပြုခဲ့ပါမူ ထိုမြို့ တို့သည်ရှေးမဆွကပင်လျှော်တေကိုဝတ်၍ ပြာ ထဲမှာထိုင်လျက်နောင်တရပြီးဖြစ်လိမ့်မည်။-
ထိုမှတစ်ဖန်ရာမမြို့ဘက်သို့လှည့်ပြီးလျှင် တံတိုင်းကာရံထားသောတုရုမြို့သို့ရောက် သည်။ ထိုနောက်ဟောသမြို့သို့လှည့်ပြီးလျှင် မြေထဲပင်လယ်၌အဆုံးသတ်သည်။ နယ် မြေတွင်မဟာလပ်မြို့၊ အာခဇိပ်မြို့၊-