ဟေရှာယ 23:2 - Common Language Bible2 ပင်လယ်တွင်ကုန်ကူးလျက်ရှိသောဇိဒုန်ကုန် သည်တို့၊ ဟစ်အော်ငိုကြွေးကြလော့။ သင်တို့ သည်ထိုသူတို့အား၊- အခန်းကိုကြည့်ပါ။Garrad Bible2 သ မု ဒ္ဒ ရာ ကမ်း ခြေ တစ် လျှောက် နေ ထိုင်၍ သ မု ဒ္ဒ ရာ ကူး လေ့ ရှိ သော ဇိ ဒုန် ကုန် သည် များ ကြောင့် ပြန့် ပြော စည် ကား ရ သော သူ တို့၊ အံ့ အား သင့် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible2 ပင်လယ်ကူးတတ်သော ဇိဒုန်ကုန်သည်တို့သည် စည်ပင်စေသော၊ ပင်လယ်ကမ်းနားမှာ နေသောသူတို့၊ မှိုင်တွေကြလော့။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ကမ်းရိုးတန်းဒေသ၌နေထိုင်သောသူတို့၊ ငြိမ်ဝပ်စွာနေကြလော့။ ပင်လယ်ကိုဖြတ်သန်းသွားလာသော ဆီဒုန်ကုန်သည်တို့သည် သင်တို့ကို ကြွယ်ဝစေကြ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်က ``အချင်းရပ်ဝေးနိုင်ငံတို့၊ ဆိတ်ဆိတ်နေ၍ ငါပြောသည်ကိုနားထောင်ကြလော့။ သင်တို့အမှုကိုရုံးတော်သို့တင်ရန်အသင့် ပြင်ဆင်ကြလော့။ သင်တို့သည်လျှောက်လဲပြောဆိုနိုင်ခွင့်ရရှိကြလိမ့်မည်။ အဘယ်သူမှန်သည်ကိုစီရင်ဆုံးဖြတ်ရန် ငါတို့စုဝေးကြကုန်အံ့။
ကိုယ်တော်က``အချင်းလူသား၊ တုရုဘုရင် အားငါအရှင်ထာဝရဘုရား၏အမိန့် တော်ကိုဆင့်ဆိုရမည်မှာ သင်သည်မာန် မာနထောင်လွှားလျက်မိမိကိုယ်ကိုဘုရား ဟူ၍ပင်လယ်ဝိုင်းရံ၍နေသောရာဇပလ္လင် ပေါ်တွင် ဘုရားကဲ့သို့ထိုင်လျက်နေရသည် ဟုဆိုလေသည်။ သင်သည်ဘုရားနည်းတူ ပညာရှိသည်ဟုထင်သော်လည်း သင်သည် ဘုရားမဟုတ်။ အမှန်ပင်မဟုတ်။ လူသား မျှသာဖြစ်၏။-