ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။
ဟေရှာယ 22:22 - Common Language Bible ငါသည်သူ့အားဒါဝိဒ်၏သားမြေးဖြစ်သူ ပြည်ရှင်မင်း၏အမှုတော်ကိုထမ်းဆောင်ရန် အာဏာအပြည့်အဝအပ်နှင်းပေးမည်။ သူ သည်အလုပ်ဝတ္တရားများဆောင်ရွက်ရာတွင် သော့ချက်သဖွယ်ဖြစ်၍သူပြုသည့်အမှု တို့ကိုအဘယ်သူမျှပြင်ဆင်ပြောင်းလဲ နိုင်လိမ့်မည်မဟုတ်။- Garrad Bible ဒါ ဝိဒ်၏ နန်း စဉ် သော့ ကို လည်း၊ သူ့ ပ ခုံး တွင် ငါ တင် သ ဖြင့် မည် သူ မျှ မ ပိတ် နိုင် အောင် ဖွင့် ထား ခွင့်၊ မ ဖွင့် နိုင် အောင် ပိတ် ထား ခွင့် ရှိ လိမ့် မည်။ Judson Bible ဒါဝိဒ်မင်းမျိုး၏တံခါးသော့ကို သူ၏ပခုံးပေါ်မှာ ငါတင်ထားသဖြင့်၊ သူသည် အဘယ်သူမျှမပိတ်နိုင်အောင်ဖွင့်လိမ့်မည်။ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်၏နန်းတော်သော့ကို သူ့ပခုံးပေါ်မှာ ငါတင်ထားမည်။ သူဖွင့်လျှင် မည်သူမျှပိတ်နိုင်မည်မဟုတ်။ သူပိတ်လျှင်လည်း မည်သူမျှဖွင့်နိုင်မည်မဟုတ်။ |
ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။
ထိုအခါဟေရှာယက``အို ဒါဝိဒ်၏သားမြေး၊ နားထောင်လော့။ သင်သည်မိမိအားပြည်သူတို့ ငြီးငွေ့အောင်ပြုရုံဖြင့်မကျေနပ်ဘဲ ထာဝရ ဘုရားလည်းငြီးငွေ့လာအောင်ပြုလိုပါ သလော။-
ရှုရိတပ်များသည် ဣသရေလနယ်မြေအတွင်း သို့ရောက်ရှိနေပြီဖြစ်ကြောင်း ယုဒဘုရင်ကြား သိရသောအခါ သူနှင့်တကွသူ၏ပြည်သူ အပေါင်းသည်လွန်စွာထိတ်လန့်ကြကုန်၏။ လေ တိုက်၍လှုပ်သောသစ်ရွက်များကဲ့သို့ သူတို့ ၏စိတ်နှလုံးသည်တုန်လှုပ်လျက်နေကုန်၏။
ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
ငါသည်အသက်ရှင်တော်မူသောသူဖြစ်၏။ ငါ သည်သေခဲ့၏။ ယခုမှာမူကမ္ဘာအဆက်ဆက် အသက်ရှင်လျက်ရှိ၏။ ငါသည်သေခြင်းတရား နှင့်မရဏာနိုင်ငံကိုအစိုးရ၏။-
``ဖိလဒေလဖိမြို့အသင်းတော်၏ကောင်းကင် တမန်ထံဤသို့စာရေး၍သြဝါဒပေးလော့။ ဤသြဝါဒသည်မြင့်မြတ်သန့်ရှင်းသူ၊ သစ္စာ တော်အရှင်၏အထံမှဖြစ်၏။ ကိုယ်တော်သည် ဒါဝိဒ်မင်း၏တံခါးသော့ကိုပိုင်တော်မူ၏။ ထို တံခါးကိုကိုယ်တော်ဖွင့်တော်မူလျှင်အဘယ် သူမျှမပိတ်နိုင်ရာ။ ပိတ်တော်မူလျှင်လည်း အဘယ်သူမျှမဖွင့်နိုင်ရာ။-