သို့ဖြစ်၍ဘုရားသခင်သည်သင့်အားထာဝစဉ် ပြိုလဲစေတော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုနေအိမ်မှဆွဲထုတ် တော်မူလိမ့်မည်။ သင့်ကိုသက်ရှင်နေသူတို့နေထိုင်ရာလူ့ပြည်မှ ဖယ်ရှားတော်မူလိမ့်မည်။
ဟေရှာယ 22:19 - Common Language Bible ထာဝရဘုရားသည်သင့်ကိုအလုပ်မှ ထုတ်ပယ်တော်မူ၍ ကြီးမြင့်သည့်ရာထူး မှဖြုတ်ချတော်မူလိမ့်မည်'' ဟုပြော ကြားစေတော်မူပါ၏။ Garrad Bible ငါ သည် သင့် ရာ ထူး ကို နုတ် လျက်၊ နေ ရာ မှ ချ မည့် ကာ လ ၌၊ Judson Bible ငါသည်လည်း သင်၏အရာကိုနုတ်မည်။ သင်၏နေရာမှသင့်ကိုချမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင့်ကို သင့်အရိုက်အရာမှ ဖယ်ရှားမည်။ သင့်တာဝန်မှ သင့်ကိုဖြုတ်ချမည်။ |
သို့ဖြစ်၍ဘုရားသခင်သည်သင့်အားထာဝစဉ် ပြိုလဲစေတော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုနေအိမ်မှဆွဲထုတ် တော်မူလိမ့်မည်။ သင့်ကိုသက်ရှင်နေသူတို့နေထိုင်ရာလူ့ပြည်မှ ဖယ်ရှားတော်မူလိမ့်မည်။
ငါသည်ထာဝရဘုရားဖြစ်တော်မူကြောင်း ဤပြည်တွင်ရှိသမျှသောသစ်ပင်တို့သည် သိရကြလိမ့်မည်။ ငါသည်သစ်ပင်မြင့်များကိုခုတ်လှဲ၍ သစ်ပင်ငယ်တို့ကိုမြင့်မားလာစေ၏။ စိမ်းလန်းသောအပင်တို့ကိုညှိုးနွမ်းခြောက်သွေ့စေ၍ သွေ့ခြောက်သောအပင်တို့ကိုစိမ်းလန်းလာ စေ၏။ ဤကားငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါသည်မိမိ၏စကားအတိုင်း ပြုမည်'' ဟူ၍တည်း။