ဣရှမေလ၏ကြီးစဉ်ငယ်လိုက်သားများ၏ နာမည်များမှာသားဦးနဗာယုတ်၊ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊-
ဟေရှာယ 21:16 - Common Language Bible ထိုနောက်ထာဝရဘုရားကငါ့အား``တစ်နှစ် တိတိကြာသောအခါ ကေဒါလူမျိုးစု၏ ဘုန်းအသရေသည်လုံးဝကွယ်ပျောက်သွား လိမ့်မည်။- Garrad Bible ငါ့ အား အ ရှင် ဘု ရား က၊ သူ ရင်း ငှား တို့၏ နှစ် တာ အ လျောက် တစ် နှစ် အ တွင်း တွင်၊ ဣ သ ရေ လူ မျိုး၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ ကေ ဒါ လူ မျိုး တို့ ဘုန်း အ သ ရေ ရှိ သ မျှ ကွယ် ပျောက်၍၊ Judson Bible ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ အခစားသောသူရေတွက်သည်အတိုင်း၊ တစ်နှစ်တွင် ကေဒါမြို့၏ ဘုန်းအသရေရှိသမျှကွယ်ပျောက်၍၊ မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်က ငါ့အား “သူရင်းငှား၏နှစ်ကာလအရ တစ်နှစ်အတွင်းတွင် ကေဒါအမျိုး၏ဘုန်းအသရေအားလုံး ပျောက်ကွယ်သွားလိမ့်မည်။ |
ဣရှမေလ၏ကြီးစဉ်ငယ်လိုက်သားများ၏ နာမည်များမှာသားဦးနဗာယုတ်၊ ကေဒါ၊ အာဒဗေလ၊ မိဗသံ၊-
ဣရှမေလမှဆင်းသက်လာသူများသည် အနွယ် တစ်ဆယ့်နှစ်နွယ်တို့၏ဦးစီးခေါင်းဆောင်များ ဖြစ်လာကြ၏။ ထိုတစ်ဆယ့်နှစ်နွယ်တို့၏နာ မည်များမှာ (ဣရှမေလ၏သားဦးကို အစွဲ ပြု၍မှည့်ခေါ်သည်) နဗာယုတ်၊ ကေဒါ၊ အာဒ ဗေလ၊ မိဗသံ၊-
လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်း ရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။
သင်တို့နှင့်ငါနေရသည်မှာမေရှက်ပြည်၌ နေထိုင်ရသကဲ့သို့လည်းကောင်း၊ ကေဒါ အမျိုးသားများနှင့်အတူ နေထိုင်ရသကဲ့သို့လည်းကောင်းဆိုးရွားပါ၏။
ငါသည်နေပူကိုခံ၍ မည်းသောအဆင်းရှိသော ကြောင့်၊ ငါ့ကိုမကြည့်ရှုကြပါနှင့်။ ငါ့မိခင်၏သားသမီးတို့ သည် ငါ့ကို မနာလိုသောစိတ်ရှိ၍၊ စပျစ်ဥယျာဉ်တို့ကို စောင့်စေကြ၏။ ကိုယ်ဥယျာဉ်ကို မစောင့်ရပါ။
ယခုအခါထာဝရဘုရားက``သုံးနှစ်တိ တိရှိသောအခါ မောဘပြည်၏စည်းစိမ်ဥစ္စာ များသည်ကွယ်ပျောက်သွားလိမ့်မည်။ မြောက် မြားစွာသောပြည်သူတို့အနက်မှလူ အနည်းငယ်သာလျှင် အသက်မသေဘဲ ကျန်ရှိလိမ့်မည်။ သူတို့သည်လည်းအားအင် ချည့်နဲ့၍နေလိမ့်မည်'' ဟုမိန့်တော်မူ၏။
တောကန္တာရနှင့်ထိုအရပ်ရှိမြို့များသည် ဘုရားသခင်အားထောမနာပြုကြစေ။ ကေဒါအနွယ်ဝင်အပေါင်းတို့သည်ကိုယ်တော် အား ထောမနာပြုကြစေ။ သေလမြို့သူမြို့သားတို့သည်တောင်ထိပ်များမှနေ၍ ရွှင်လန်းစွာကြွေးကြော်ကြစေ။
ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကို ယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။
ခိတ္တိမ်ကျွန်းရှိရာအနောက်ဘက်သို့သွားလော့။ ကေဒါပြည်သို့လူလွှတ်၍ကြည့်ရှုစေကြလော့။ ယခုအမှုမျိုးကိုအဘယ်အခါကမျှ မဖြစ်ပျက်ခဲ့ဘူးသည်ကိုသိမြင်ရလိမ့်မည်။
ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်နေ ဗုခဒ်နေဇာမင်းနှိမ်နင်းအောင်မြင်သည့် ကေဒါ အနွယ်ဝင်နှင့်ဟာဇော်မြို့ကိုအစိုးရသူတို့ အားရည်မှတ်၍``ကေဒါအနွယ်ဝင်တို့အား သွားရောက်တိုက်ခိုက်ကြလော့။ ထိုအရှေ့နွယ် သားတို့အားဖျက်ဆီးချေမှုန်းကြလော့။-
အာရပ်သားများနှင့်ကေဒါဘုရင်တို့ သည်သင်၏ကုန်စည်များကိုသိုးငယ်၊ သိုး ကြီးနှင့်ဆိတ်များကိုပေး၍ဝယ်ယူကြ၏။-