လူမျိုးတကာတို့ကိုတရားစီရင်တော်မူ ရာတွင် စစ်တလင်းကိုလူသေကောင်များနှင့် ပြည့်နှက်စေတော်မူလိမ့်မည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိဘုရင်တို့ကို နှိမ်နင်းတော်မူလိမ့်မည်။
ဟေရှာယ 2:4 - Common Language Bible ကိုယ်တော်သည်လူမျိုးကြီးတို့အငြင်းပွား မှုကို ပြေငြိမ်းစေတော်မူလိမ့်မည်။ သူတို့သည်လည်းမိမိတို့၏ဋ္ဌားများကို ထွန်သွားအဖြစ်၊ မိမိတို့လှံများကိုတံစဉ်အဖြစ်သို့ ပြောင်းလဲပြုလုပ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည်နောင်ဘယ်အခါမျှ စစ်တိုက်ကြတော့မည်မဟုတ်။ နောက်တစ်ဖန်စစ်တိုက်ရန်လည်းပြင်ဆင် ကြတော့မည်မဟုတ်။ Garrad Bible ကိုယ် တော် သည် လူ အ မျိုး မျိုး တို့ စပ် ကြား၌ စီ ရင်၍ များ ပြား သော လူ မျိုး တို့ အ ပေါ် တွင် ဆုံး ဖြတ် တော် မူ သ ဖြင့်၊ သူ တို့ ဓား လက် နက် များ ကို ထွန် သွား၊ လှံ လက် နက် များ ကို တံ စဉ် ဖြစ် စေ ခြင်း ငှာ ထု လုပ်၍၊ တစ် မျိုး ကို တစ် မျိုး ထင် မံ ဓား ခုတ် ခြင်း၊ စစ် လေ့ ကျက် ခြင်း မ ရှိ ကြ ကုန်။ Judson Bible ထာဝရဘုရားသည် လူမျိုးတို့တွင်တရားစီရင်၍၊ များပြားသောလူတို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် လူမျိုးတကာတို့ကို တရားစီရင်၍ လူများစွာတို့ကို ဆုံးမတော်မူမည်။ ထိုအခါ သူတို့သည် မိမိတို့၏ဓားများကို ထယ်များအဖြစ်၊ မိမိတို့၏လှံများကို တံစဉ်များအဖြစ် ထုလုပ်ကြလိမ့်မည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဓားကိုမြှောက်၍ တိုက်ခိုက်တော့မည်မဟုတ်။ စစ်ရေးလေ့ကျင့်ခြင်းလည်း ရှိတော့မည်မဟုတ်။ |
လူမျိုးတကာတို့ကိုတရားစီရင်တော်မူ ရာတွင် စစ်တလင်းကိုလူသေကောင်များနှင့် ပြည့်နှက်စေတော်မူလိမ့်မည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိဘုရင်တို့ကို နှိမ်နင်းတော်မူလိမ့်မည်။
ကိုယ်တော်က``တိုက်ခိုက်မှုကိုရပ်စဲကြလော့၊ ငါသည်လူမျိုးတကာတို့တွင်လည်းကောင်း၊ ကမ္ဘာတစ်ဝန်းလုံးတွင်လည်းကောင်း ဘုရားဖြစ်တော်မူသည်ကိုသိမှတ်ကြလော့'' ဟု မိန့်တော်မူ၏။
ကိုယ်တော်သည်ကမ္ဘာတစ်ဝန်းလုံးတွင် တိုက်ခိုက်မှုများကိုငြိမ်းစေတော်မူ၏။ လေးတို့ကိုချိုး၍လှံတို့ကိုအပိုင်းပိုင်းဖြတ်ကာ ဒိုင်းတို့ကိုမီးရှို့တော်မူ၏။
အို ဘုရားသခင်၊ ကြွလာတော်မူ၍ကမ္ဘာလောကကိုအုပ်စိုးတော် မူပါ။ လူမျိုးတကာတို့ကိုကိုယ်တော်ရှင်ပိုင်တော် မူပါ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန် ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
လူအပေါင်းတို့သည်အမှန်တရားအတိုင်း ကိုပြုကျင့်ကြမည်ဖြစ်၍ ထာဝစဉ်ငြိမ်း ချမ်းသာယာမှုနှင့်လုံခြုံစိတ်ချမှုရှိ လိမ့်မည်။-
ဘုရားသခင်၏လူမျိုးတော်တို့နေထိုင်ရာ အိမ်များသည်ငြိမ်သက်၍လုံခြုံလိမ့်မည်။ ထို လူမျိုးတော်သည်လည်းပူပင်သောကနှင့် ကင်းဝေးကြလိမ့်မည်။-
ထိုလှေသင်္ဘောများ၏ရွက်တိုင်နှင့်ကြိုးတို့ သည်ပြုတ်လျက် ရွက်များသည်လည်းဖြန့်၍ မရပါတကား။ ရန်သူတပ်မှဥစ္စာပစ္စည်း များကိုလုယူကြလိမ့်မည်။ ထိုပစ္စည်းဥစ္စာ တို့မှာမြောက်မြားလှသည်ဖြစ်၍ ခြေမစွမ်း သူများပင်လျှင်မိမိတို့ဝေစုကိုရရှိကြ လိမ့်မည်။ ထာဝရဘုရားကိုယ်တော်တိုင် ပင်လျှင် ငါတို့၏ဘုရင်ဖြစ်တော်မူလိမ့် မည်။ ကိုယ်တော်သည်ငါတို့ကိုအုပ်စိုး၍ ကွယ်ကာတော်မူလိမ့်မည်။-
ထာဝရဘုရားက ``ဤသူသည်ခွန်အားနှင့်ငါပြည့်ဝစေသောသူ၊ ငါ၏အစေခံ၊ငါနှစ်သက်မြတ်နိုး၍ ရွေးချယ်ထားသူဖြစ်၏။ ငါသည်မိမိ၏တန်ခိုးတော်ကိုသူ့အား အပ်နှင်းတော်မူပြီ။ သူသည်လည်းလူမျိုးတကာတို့ကို တရားမျှတစွာစီရင်အုပ်ချုပ်လိမ့်မည်။
သူသည်ကောက်နေသောကူရိုးကိုမချိုး၊ မှိတ် တုတ် မှိတ်တုတ်၊ သေခါနီးမီးကိုမငြိမ်းသတ်ဘဲရှိ လိမ့်မည်။ သူသည်လူအပေါင်းတို့အားတရားမျှတစွာ စီရင်အုပ်ချုပ်လိမ့်မည်။
ချင်းနင်းဝင်ရောက်လာသောရန်သူစစ်သည် တို့၏ ဖိနပ်များနှင့်သွေးစွန်းလျက် ရှိသည့်အဝတ်အစားများသည်မီးရှို့ ဖျက်ဆီးခြင်း ကိုခံရကြလိမ့်မည်။
သူ၏ရာဇအာဏာသည်ဆက်လက်တိုး တက်လျက် သူ၏နိုင်ငံတော်သည်လည်း၊အစဉ်အမြဲ ငြိမ်းချမ်းသာယာလိမ့်မည်။ သူသည်ဒါဝိဒ်မင်း၏အရိုက်အရာကို ဆက်ခံကာ ယခုမှစ၍ကပ်ကာလကုန်ဆုံးချိန်တိုင်အောင် တရားတော်နှင့်အညီမျှတစွာအုပ်စိုးလိမ့်မည်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ဤ အမှုအရာအလုံးစုံတို့အားဖြစ်ပျက်စေ ရန်သန္နိဋ္ဌာန်ချမှတ်တော်မူပြီးဖြစ်သတည်း။
ထိုအခါငါသည်သားရဲ၊ ငှက်အပေါင်းတို့ နှင့်ပဋိညာဉ်ဖွဲ့၍၊ ဋ္ဌား၊ လေးမြားနှင့်စစ်ပွဲ များကိုတိုင်းနိုင်ငံမှဖယ်ရှားသဖြင့် ငါ၏ လူမျိုးတော်သည်အေးချမ်းလုံခြုံစွာနေ ထိုင်ရကြလိမ့်မည်။
ငါ၏ကတိသစ္စာနှင့်အညီသင့်ကိုငါသိမ်း ပိုက်မည်။ သင်သည်ငါ့ကိုထာဝရဘုရားအဖြစ် အသိအမှတ်ပြုလိမ့်မည်။
`သင်တို့သည်ထွန်သွားများကိုဋ္ဌား အဖြစ်သို့လည်းကောင်း၊ တံစဉ်များကိုလှံအဖြစ်သို့လည်းကောင်း ထုလုပ်ကြလော့။ အားအင်ချည့်နဲ့သောသူများပင်လျှင် စစ်ပွဲဝင်ကြရပေမည်။
ထာဝရဘုရားက``လူမျိုးတကာတို့သည် အသင့်ပြင်ဆင်လျက်၊ တရားစီရင်တော် မူရာ ချိုင့်ဝှမ်းသို့လာရောက်ရကြမည်။ အနီးအနားဝန်းကျင်မှလူမျိုးတကာ တို့အား တရားစီရင်ရန်ထိုအရပ်တွင်ငါထာဝရ ဘုရား ထိုင်တော်မူမည်။
ရပ်ဝေးရပ်နီးမှအင်အားကြီးသောနိုင်ငံ များ၏ အငြင်းပွားမှုများကိုအဆုံးအဖြတ်ပေး တော်မူမည်။ သူတို့သည်မိမိတို့၏ဋ္ဌားသွားများကိုထွန်သွား အဖြစ်သို့လည်းကောင်း၊ လှံများကိုတံစဉ်များအဖြစ်သို့ထုလုပ် ကြလိမ့်မည်။ နိုင်ငံအချင်းချင်းနောက်တစ်ဖန်စစ်တိုက် ကြတော့မည်မဟုတ်။ စစ်တိုက်ရန်ပြင်ဆင်မှုကိုလည်းနောက်တစ်ဖန် ပြုလုပ်ကြတော့မည်မဟုတ်။
ထာဝရဘုရားက၊ ``ငါသည်ဣသရေလပြည်မှစစ်မြင်းရထား များကို ဖယ်ရှား၍၊မြင်းများကိုယေရုရှလင်မြို့သို့ ယူဆောင်သွားမည်။ စစ်ပွဲတွင်အသုံးပြုသည့်လေးတို့ကိုလည်း ချိုးပစ်မည်။ သင်တို့ဘုရင်သည်နိုင်ငံတကာနှင့်စစ်ပြေ ငြိမ်းရေး ဆောင်ရွက်ပြီးလျှင်၊ ပင်လယ်တစ်ပြင်မှတစ်ပြင်သို့တိုင်အောင် လည်းကောင်း၊ ဥဖရတ်မြစ်မှကမ္ဘာမြေကြီးစွန်းသို့တိုင် အောင် လည်းကောင်းအစိုးရလိမ့်မည်'' ဟုမိန့်တော် မူ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရွေးချယ်ခန့် ထားတော်မူသောအရှင်အားဖြင့် လောကသား တို့ကိုဖြောင့်မှန်စွာတရားစီရင်တော်မူသည့် နေ့ရက်ကိုသတ်မှတ်တော်မူပြီးသောကြောင့် တည်း။ ထိုသို့ဖြစ်မည်အကြောင်းကိုထိုအရှင် အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ သောအားဖြင့် လူအပေါင်းတို့အားခိုင်လုံ သောသက်သေပြတော်မူပြီ'' ဟုဟောပြော လေ၏။
ထိုနောက်ကောင်းကင်ဘုံပွင့်လျက်နေသည်ကိုငါ မြင်ရ၏။ ထိုအရပ်တွင်မြင်းဖြူတစ်စီးရှိ၏။ ထို မြင်းကိုစီးသူသည်သစ္စာသမ္မာဟူ၍နာမည်တွင်၏။ ထိုအရှင်သည်ဖြောင့်မှန်စွာတရားစီရင်တတ်၏။ တရားသဖြင့်စစ်တိုက်တတ်၏။-
ထာဝရဘုရား၏ရန်သူများသည်ချေမှုန်းခြင်းကို ခံရကြလိမ့်မည်။ သူတို့အပေါ်ကောင်းကင်မှမိုးချုန်း စေတော်မူလိမ့်မည်။ ထာဝရဘုရားသည်ကမ္ဘာတစ်ခုလုံးကို တရားစီရင်တော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိရွေးချယ်ခန့်ထားတော် မူသော ဘုရင်အား၊တန်ခိုးနှင့်ပြည့်စုံစေ၍ မိမိဘိသိက်ပေးတော်မူသောသူအား အောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။''