ဟေရှာယ 19:5 - Common Language Bible နိုင်းမြစ်သည်ရေနည်း၍တစ်စတစ်စခန်း ခြောက်သွားလိမ့်မည်။- Garrad Bible အိ ဂျစ် ပြည် ရှိ အိုင် ရေ ကုန်၍၊ မြစ် ရေ ခန်း ခြောက် မည့် ပြင်၊ Judson Bible ထိုအခါပင်လယ်ရေပြတ်လိမ့်မည်။ မြစ်ရေလည်းလျော့၍ ခန်းခြောက်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ပင်လယ်ရေတို့သည် ကုန်ခန်းသွားလိမ့်မည်။ မြစ်ရေသည် ခန်းခြောက်သွားလိမ့်မည်။ |
နိမရိမ်ချောင်းသည်ခန်းခြောက်လျက် ချောင်းနံ ဘေးရှိမြက်တို့သည်လည်းခြောက်သွေ့ခဲ့ပြီ ဖြစ်၍စိမ်းစိုနေသည့်အရာတစ်စုံတစ်ခု မျှမကျန်မရှိတော့ပေ။-
ထာဝရဘုရားသည်ပင်လယ်ပေါ်မှာ လက်တော်ကိုချိန်ရွယ်လျက် တိုင်းနိုင်ငံများ ကိုပျက်ပြုန်းစေတော်မူပြီ။ ဖိုနီးရှားတို့ ၏ကုန်သွယ်ရေးဌာနများကိုဖျက်ဆီး ပစ်ရန်လည်းအမိန့်ပေးတော်မူလေပြီ။-
သင်သည်ရေတွင်းများကိုတူး၍တိုင်းတစ်ပါး မှရေကိုသောက်ခဲ့သည်ဟူ၍လည်းကောင်း၊ သင့် တပ်မတော်သားတို့သည်ခြေဖြင့်နင်း၍နိုင်း မြစ်ရေကိုခန်းခြောက်စေခဲ့သည်ဟူ၍လည်း ကောင်းကြွားဝါခဲ့၏။
``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။
သို့ဖြစ်၍ထာဝရဘုရားသည်ယေရုရှလင် မြို့သူမြို့သားတို့အား``ငါသည်သင်တို့၏ အကျိုးကိုပြုစု၍သင်တို့အတွက်လက်စား ချေမည်။ ဗာဗုလုန်ပြည်၏စမ်းရေတွင်းများ နှင့်မြစ်များကိုခန်းခြောက်စေမည်။-
ငါသည်နိုင်းမြစ်ကိုခန်းခြောက်စေ၍ အီဂျစ် ပြည်ကိုဆိုးညစ်သူတို့၏လက်အောက်သို့ ကျရောက်စေမည်။ လူမျိုးခြားတို့သည်ထို ပြည်တစ်ပြည်လုံးကိုပျက်ပြုန်းစေကြ လိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏'' ဟုမိန့်တော် မူ၏။
သူတို့သည်ဘေးအန္တရာယ်ရှိသောပင်လယ်ကို ဖြတ်၍သွားရကြသောအခါငါသည် လှိုင်းတံပိုးများကိုဆုံးမမည်။ နိုင်းမြစ်မှရေနက်ရာအရပ်တို့သည်လည်း ခန်းခြောက်၍သွားလိမ့်မည်။ အာရှုရိပြည်၏မာန်မာနကိုငါချိုးနှိမ် မည်။ စွမ်းအင်ကြီးမားသည့်အီဂျစ်ပြည်သည်လည်း တန်ခိုးအာဏာမှေးမှိန်၍သွားလိမ့်မည်။
အကယ်၍အီဂျစ်အမျိုးသားတို့သည်သစ် ခက်တဲနေပွဲတော်ကိုကျင်းပရန်ငြင်းဆန် ကြပါမူ သူတို့သည်ယင်းသို့ငြင်းဆန်သူ များအတွက်ထာဝရဘုရားစေလွှတ်တော် မူသောအနာရောဂါဘေးနှင့်ကြုံတွေ့ရ လိမ့်မည်။-