အနန္တတန်ခိုးရှင်ထာဝရဘုရားကကျိန် ဆိုလျက်``ငါအကြံအစည်ပြုထားသည့် အမှုအရာတို့သည်ဖြစ်ပျက်ကြလိမ့်မည်။ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်းဖြစ်ပျက် ရကြလိမ့်မည်။-
ဟေရှာယ 19:12 - Common Language Bible အို အီဂျစ်မင်း၊ သင်၏အတိုင်ပင်ခံပညာရှိ များကားအဘယ်မှာနည်း။ အီဂျစ်ပြည်အတွက် အနန္တတန်ခိုးရှင်ထာဝရဘုရားအဘယ်သို့ အကြံအစည်တော်ရှိသည်ကိုသူတို့အား မေးမြန်းပါလော့။- Garrad Bible သင့် ဆိုင် ရာ ပ ညာ ရှိ တို့ ကား အ ဘယ် မှာ နည်း။ အိ ဂျစ် ပြည် ကို ရည်၍ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ပြ ဋ္ဌာန်း တော် မူ ချက် ကို သိ လျှင် ဖော် ပြ ကြ စေ။ Judson Bible သူတို့သည် အဘယ်မှာ ရှိကြသနည်း။ သင်၏ပညာရှိတို့သည် အဘယ်မှာရှိကြသနည်း။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်တစ်ဖက်၌ အဘယ်သို့ကြံစည်တော်မူသည်ကို ယခုပြောကြပါစေ။ ဖော်ပြကြပါစေ။ မြန်မာ့စံမီသမ္မာကျမ်း သင်၏ပညာရှိတို့သည် အဘယ်မှာနည်း။ သူတို့သည် အီဂျစ်ပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ကြံစည်တော်မူသောအရာကို သင့်အား ပြောပြကြပါစေ။ ဖော်ပြကြပါစေ။ |
အနန္တတန်ခိုးရှင်ထာဝရဘုရားကကျိန် ဆိုလျက်``ငါအကြံအစည်ပြုထားသည့် အမှုအရာတို့သည်ဖြစ်ပျက်ကြလိမ့်မည်။ သန္နိဋ္ဌာန်ချမှတ်ထားသည့်အတိုင်းဖြစ်ပျက် ရကြလိမ့်မည်။-
ငါပြုခဲ့သည့်အမှုတို့ကိုပြုနိုင်၍ကပ် ကာလအစမှ အဆုံးတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာ မှန်သမျှကို ပြတ်သားစွာကြိုတင်ဖော်ပြနိုင်သူတစ်စုံ တစ်ယောက် ရှိပါသလော'' ဟုမိန့်တော်မူ၏။
သင်တို့သည်အမင်္ဂလာရှိကြ၏။ မိမိတို့ ကိုယ်ကိုအလွန်ပညာရှိသည်။ တတ်သိလိမ္မာ သည်ဟုထင်မှတ်တတ်ကြ၏။
``မိမိတို့အတွက်သင်တို့ပြုလုပ်ထားသည့် ဘုရားများကားအဘယ်မှာနည်း။ သင်တို့ဒုက္ခ ရောက်ချိန်ထိုဘုရားများကယ်နိုင်လျှင်ကယ် စေကြလော့။ အို ယုဒပြည်၊ သင်၏မြို့တို့သည် များပြားသကဲ့သို့ သင်ပြုလုပ်သောဘုရား တို့သည်လည်းများပြားလှပါသည်တကား။-
``ငါသည်ဧဒုံပြည်ကိုအပြစ်ဒဏ်ခတ်ချိန်၌၊ သူ၏ပညာရှိများကိုသုတ်သင်၍၊ အသိပညာရှိသမျှကို ပယ်ရှင်းပစ်မည်။
ကိုယ်တော်ကဖာရောဘုရင်အား``သင့်ကိုဘုရင် အဖြစ်ငါချီးမြှောက်ရခြင်းအကြောင်းမှာ သင့် အားဖြင့်ငါ၏တန်ခိုးတော်ကိုပြ၍ကမ္ဘာတစ် ဝန်းတွင်ငါ၏ဂုဏ်သတင်းပျံ့နှံ့စေရန်ဖြစ်၏'' ဟုမိန့်တော်မူကြောင်းကျမ်းစာတော်က ဆိုသည်။-
သို့ဖြစ်၍ပညာရှိများ၊ အသိပညာရှင်များ၊ ဤလောကတွင်စကားစစ်ထိုးတတ်သူများ ကား အဘယ်အခြေအနေမှာရှိပါသနည်း။ ဘုရားသခင်သည်လောကီဉာဏ်ပညာကို အချည်းနှီးဖြစ်စေတော်မူလေပြီ။
ထိုအခါဇေဗုလက``သင်၏လေလုံးကြီး သမျှသည် ယခုအဘယ်သို့ရောက်ရှိသွားပြီ နည်း။ ဤသူအဘိမလက်၏အစေကို ငါတို့ အဘယ်ကြောင့်ခံပါမည်နည်းဟုပြောဆိုခဲ့ သူမှာသင်ပင်မဟုတ်ပါလော။ ထိုသူတို့သည် ကား သင်မထီမဲ့မြင်ပြောဆိုခဲ့သူများဖြစ် သည်။ ယခုသင်ထွက်၍သူတို့အားတိုက်ခိုက် ပါလော့'' ဟုဆို၏။-