ဣသရေလအမျိုးသားတို့၏ကွယ်ကာရာ အရှင် ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် ငါ့အားဤသို့မိန့်တော်မူ၏။ ``ဘုရားသခင်ကိုကြောက်ရွံ့ရိုသေလျက် တရားမျှတစွာအုပ်စိုးသောမင်းသည်၊
ဟေရှာယ 16:5 - Common Language Bible ထိုအခါဒါဝိဒ်၏သားမြေးတစ်ဦးတည်း နန်းတက်၍ပြည်သူတို့အားသစ္စာ၊ မေတ္တာနှင့် အုပ်စိုးလိမ့်မည်။ သူသည်မှန်ရာကိုပြုရန် လက်နှေးလိမ့်မည်မဟုတ်။ တရားသဖြင့် စီရင်ဆုံးဖြတ်ပေးလိမ့်မည်။) Garrad Bible ဒါ ဝိဒ် မင်း တဲ နန်း တော် အ တွင်း၊ ကျေး ဇူး တော် အား ဖြင့် တည် မြဲ သော ရာ ဇ ပ လ္လင် ထက် ဖြောင့် မတ် ခြင်း တ ရား ကို ရှာ ကြံ ရန် လျင် မြန် လျက်။ သ စ္စာ စောင့်၍ စီ ရင် ဆုံး ဖြတ် သော မင်း တစ် ပါး စံ နေ တော် မူ လိမ့် မည်။ Judson Bible ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌ တည်လိမ့်မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍၊ တရားမှုကို အလျင်အမြန် ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ်မင်း၏တဲတော်၌ တရားစီရင်တော်မူလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ရာဇပလ္လင်သည် မေတ္တာကရုဏာတော်အားဖြင့် တည်လိမ့်မည်။ ဒါဝိဒ်မင်းကြီး၏တဲတော်ရှိ ထိုပလ္လင်ပေါ်၌ သစ္စာရှိသောသူသည် ထိုင်တော်မူလျက် တရားစီရင်မည်။ တရားမျှတခြင်းကိုရှာဖွေမည်။ ဖြောင့်မတ်ခြင်း၌ စိတ်အားထက်သန်မည်။ |
ဣသရေလအမျိုးသားတို့၏ကွယ်ကာရာ အရှင် ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် ငါ့အားဤသို့မိန့်တော်မူ၏။ ``ဘုရားသခင်ကိုကြောက်ရွံ့ရိုသေလျက် တရားမျှတစွာအုပ်စိုးသောမင်းသည်၊
ဒါဝိဒ်သည်ခံတပ်ကိုသိမ်းယူတော်မူပြီး နောက်ထိုခံတပ်အတွင်း၌နေထိုင်တော်မူ ၍ယင်းကိုဒါဝိဒ်မြို့ဟုသမုတ်တော်မူ၏။ မင်း ကြီးသည်ထိုခံတပ်ပတ်လည်တွင်တောင်ကုန်း အရှေ့၊ မြေဖို့ထားရာအရပ်မှအစပြု၍ မြို့ကိုတည်တော်မူ၏။-
သင်၏အမျိုးအနွယ်သည်အဘယ်အခါ ၌မျှမတိမ်ကောဘဲ သင်၏နိုင်ငံသည်ထာဝ စဉ်တည်လိမ့်မည်။ သင်၏ရာဇအာဏာစက် သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်း သွားလိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။
ဟေဇကိမင်းသည်ယုဒပြည်တစ်လျှောက် လုံးတွင်ဖြောင့်မှန်သော၊ မိမိ၏ဘုရားသခင်ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြုတော်မူ၏။-
မေတ္တာနှင့်သစ္စာသည်ဆုံမိကြလိမ့်မည်။ တရားမျှတမှုနှင့်ငြိမ်းချမ်းသာယာမှုသည် ဖက်ယမ်းကြလိမ့်မည်။
ကိုယ်တော်ရှင်၏နိုင်ငံတော်သည်အမှန်တရားနှင့် တရားမျှတမှုအပေါ်တွင်အခြေခံပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသမျှသော အမှုအရာတို့တွင်မေတ္တာတော်နှင့်သစ္စာတော် ပေါ်လွင်ထင်ရှားပါ၏။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန် ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။
တန်ခိုးကြီးတော်မူသောဘုရင်မင်းမြတ်၊ ကိုယ်တော်သည်အမှန်တရားကို မြတ်နိုးနှစ်သက်တော်မူပါ၏။ ကိုယ်တော်သည်ဣသရေလနိုင်ငံတွင် တရားမျှတမှုစိုးမိုးစေတော်မူပါပြီ။ အမှန်တရားနှင့်တရားမျှတမှုကို တည်မြဲစေတော်မူပါပြီ။
ကရုဏာတရားနှင့်သစ္စာတရားသည် ရှင်ဘုရင် ကို စောင့်မတတ်၏။ ရာဇပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံတတ်၏။
ထိုလှေသင်္ဘောများ၏ရွက်တိုင်နှင့်ကြိုးတို့ သည်ပြုတ်လျက် ရွက်များသည်လည်းဖြန့်၍ မရပါတကား။ ရန်သူတပ်မှဥစ္စာပစ္စည်း များကိုလုယူကြလိမ့်မည်။ ထိုပစ္စည်းဥစ္စာ တို့မှာမြောက်မြားလှသည်ဖြစ်၍ ခြေမစွမ်း သူများပင်လျှင်မိမိတို့ဝေစုကိုရရှိကြ လိမ့်မည်။ ထာဝရဘုရားကိုယ်တော်တိုင် ပင်လျှင် ငါတို့၏ဘုရင်ဖြစ်တော်မူလိမ့် မည်။ ကိုယ်တော်သည်ငါတို့ကိုအုပ်စိုး၍ ကွယ်ကာတော်မူလိမ့်မည်။-
ငါသည်သူ့ကိုလူမျိုးတကာတို့၏ခေါင်းဆောင် ဗိုလ်ချုပ်အဖြစ်ခန့်ထားစေပြီးလျှင်၊ ငါ၏ တန်ခိုးတော် ကိုလူတို့ရှေ့၌သက်သေဖြစ်စေမည်။
ထိုအခါဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးဟူသမျှသည်သူ၏အမှုကိုထမ်းရွက်စေခြင်းငှာကိုယ်တော်သည်သူ့အားစိုးပိုင်ခွင့်နှင့်ဘုန်းအသရေကိုလည်းကောင်း၊ ရာဇတန်ခိုးအာဏာကိုလည်းကောင်းပေးအပ်တော်မူ၏။ သူ၏အာဏာစက်သည်ကာလအစဉ်အဆက်တည်မြဲ၍ သူ၏နိုင်ငံတော်သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်းရလိမ့်မည်မဟုတ်။
အမြင့်မြတ်ဆုံးသောဘုရားသခင်၏လူမျိုးတော်တို့သည် ကမ္ဘာမြေပေါ်ရှိနိုင်ငံအပေါင်းတို့၏တန်ခိုးအာဏာနှင့်ဘုန်းအသရေကိုခံယူရရှိကြလိမ့်မည်။ သူတို့၏အာဏာစက်သည်အဘယ်အခါ၌မျှပပျောက်ရလိမ့်မည်မဟုတ်။ ကမ္ဘာပေါ်ရှိဘုရင်အပေါင်းတို့သည်လည်းသူတို့၏အစေကိုခံ၍သူတို့၏အမိန့်ကိုနာခံရကြလိမ့်မည်'' ဟုရှင်းပြ၏။
ထာဝရဘုရားက``ပြိုပျက်နေသောအိုးအိမ် ပမာဖြစ်နေသည့်ဒါဝိဒ်နိုင်ငံကို ငါသည်ပြန် လည်၍တည်ဆောက်သောအချိန်ရောက်လိမ့်မည်။ ကွဲအက်နေသောနံရံတံတိုင်းတို့ကိုငါပြန် ပြုပြင်မည်။ ရှေးအခါကတည်နေသကဲ့ သို့ငါပြန်လည်ထူထောင်မည်။-
သူတို့သည်ခြေဆွံ့လျက်နေအိမ်မှရပ်ဝေး သို့ရောက်ရှိနေကြ၏။ သို့ရာတွင်ငါသည် မသေဘဲကျန်ကြွင်းနေသေးသူတို့အား အင်အားကြီးသောလူမျိုးဖြစ်လာစေမည်။ ငါသည်ဇိအုန်တောင်ပေါ်မှာသူတို့အား ယခုမှစ၍ကာလအစဉ်အဆက်အုပ် စိုးတော်မူမည်'' ဟုမိန့်တော်မူ၏။
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။