သို့ရာတွင်သူ့အားသင်္ဂြိုဟ်ရန်သွားကြသော သူတို့သည် သူ၏ဦးခွံ၊ လက်ရိုး၊ ခြေရိုးမျှကို သာတွေ့ရှိရကြသဖြင့်၊-
ဟေရှာယ 14:18 - Common Language Bible ကမ္ဘာမြေပေါ်ရှိဘုရင်အပေါင်းတို့သည် မိမိ တို့၏လှပသောသင်္ချိုင်းများတွင်လဲလျောင်း လျက်ရှိကြ၏။- Judson Bible အပြည်ပြည်သော ရှင်ဘုရင်အပေါင်းတို့သည် အသီးအသီး မိမိတို့စေတီ၌ ဘုန်းအသရေနှင့် အိပ်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း တိုင်းနိုင်ငံတို့၏ရှင်ဘုရင်အပေါင်းတို့သည် မိမိတို့၏ဂူဗိမာန်အသီးသီး၌ ဘုန်းအသရေရှိရှိလဲလျောင်းကြရ၏။ |
သို့ရာတွင်သူ့အားသင်္ဂြိုဟ်ရန်သွားကြသော သူတို့သည် သူ၏ဦးခွံ၊ လက်ရိုး၊ ခြေရိုးမျှကို သာတွေ့ရှိရကြသဖြင့်၊-
ဣသရေလပြည်သူတို့အတွက်၊ ဘုရားသခင် အတွက်နှင့် ဗိမာန်တော်အတွက်ဆောင်ရွက်ခဲ့ သည်ကိုအသိအမှတ်ပြုသည့်အနေဖြင့် ပြည်သူတို့သည်သူ၏အလောင်းကို ဒါဝိဒ် မြို့ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။
သူသည်ပြင်းစွာဒဏ်ရာရလျက်ကျန်ရစ်ခဲ့၏။ ရန်သူများဆုတ်ခွာသွားသောအခါအမတ် နှစ်ယောက်သည်ယဇ်ပုရောဟိတ်ယောယဒ၏ သားကိုသတ်သည့်အတွက် လက်စားချေသည့် အနေဖြင့်လျှို့ဝှက်ကြံစည်ကာသူ့အား သလွန်ပေါ်တွင်လုပ်ကြံကြ၏။ သူ၏ အလောင်းကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ သော်လည်းဘုရင်တို့၏သင်္ချိုင်းတော်၌ မသင်္ဂြိုဟ်ကြချေ။-
သေခြင်းသို့၎င်း၊ အသက်ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့၎င်း၊ အကျွန်ုပ်ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိပါ၏။
ထိုကာလ၌ မြင့်သောအရာတို့ကို ကြောက်ကြ လိမ့်မည်။ လမ်း၌ဘေးတွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံပင်ပွင့်လိမ့်မည်။ ကျိုင်းကောင်သည် မိမိ၌မိမိ လေးလိမ့်မည်။ အလိုဆန္ဒလျော့လိမ့်မည်။ အကြောင်းမူ ကား၊ လူသည်ထာဝရနေရာသို့ သွားဆဲရှိ၍၊ ငိုခြင်းသည် တို့သည် လမ်းတို့၌ လှည့်လည်ကြ၏။
လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတရာပင် ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲ သေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည်သာ၍ မြတ်၏။
မြို့များကိုပျက်ပြုန်းစေ၍ကမ္ဘာလောက ကို သဲကန္တာရဖြစ်စေသူကားဤသူပင်လော။ အကျဉ်းသမားတို့ကိုအစဉ်ချုပ်နှောင်ထား ကာ မိမိတို့နေရပ်သို့ပြန်၍မလွှတ်ဘဲနေ သူကားဤသူပင်လော'' ဟုမေးမြန်းကြ လိမ့်မည်။
သို့ရာတွင်သင့်မှာမူသင်္ချိုင်းမရှိ။ ပုပ်ပျက်စေ ရန်သင်၏အလောင်းကိုစွန့်ပစ်ထားလိုက်ကြ လေပြီ။ ထိုအလောင်းသည်တိုက်ပွဲတွင်ကျ ဆုံးသည့်အသေကောင်များနှင့်ဖုံးလျက်၊ ဋ္ဌားနှင့်ထိုးဖောက်ခံရ၍ကျောက်တွင်းထဲ သို့ပစ်ချကျော်နင်းခြင်းကိုခံရ၏။-
``သင်သည်မိမိကိုယ်ကိုအဘယ်သူဟုထင် မှတ်ပါသနည်း။ ကျောက်တောင်နံရံတွင် မိမိ တို့အတွက်သင်္ချိုင်းဂူကိုထွင်းထုလုပ်ပိုင်ခွင့် သင့်မှာရှိပါသလော။-