အပြစ်ကူးသူတို့သည်ကမ္ဘာမြေပေါ်မှ သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြပါစေသော။ သူယုတ်မာတို့သည်ကွယ်ပျောက်ကြပါစေသော။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားအားထောမနာပြုလော့။ ထာဝရဘုရားအားထောမနာပြုလော့။
ဟေရှာယ 13:9 - Common Language Bible သနားညှာတာမှုကင်းမဲ့သည့်ဒေါသအမျက် တော်ဒဏ်ကိုခံရကြမည့်နေရက်ကာလတည်း ဟူသော ထာဝရဘုရားတရားစီရင်တော်မူ ရာနေ့ရက်ကာလကျရောက်လာလိမ့်မည်။ ကမ္ဘာ မြေကြီးသည်လူသူဆိတ်ညံရာဖြစ်လျက် နေလိမ့်မည်။ အပြစ်ကူးလွန်သူမှန်သမျှ သည်လည်းသုတ်သင်ပယ်ရှင်းခြင်းကိုခံ ရကြလိမ့်မည်။- Garrad Bible ထာ ဝ ရ ဘု ရား ၏ နေ့ ရက် တော် သည်၊ တစ် ပြည် လုံး ဆိတ် ညံ ရာ ဖြစ် စေ ရန် လည်း ကောင်း၊ အ ပြစ် သား တို့ ကို သုတ် သင် ပယ် ရှင်း ရန် လည်း ကောင်း၊ အ မျက် ဒေါ သ အ ရှိန် နှင့် တ ကွ ကြမ်း တမ်း စွာ သင့် ရောက် တော့ မည်။ Judson Bible ထိုပြည်ကို ဖျက်ဆီး၍၊ အပြစ်ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ၊ ထာဝရဘုရား၏ ကြမ်းကြုတ်သော နေ့ရက်သည် ပြင်းထန်သောဒေါသ အမျက်ထွက်လျက်လာလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ထာဝရဘုရား၏နေ့ရက်သည် ပြင်းထန်သောအမျက်ဒေါသဖြင့် ရက်စက်ကြမ်းတမ်းစွာလာနေပြီ။ ကမ္ဘာမြေကြီးကို လူသူကင်းမဲ့ရာဖြစ်စေမည်။ မြေပြင်ပေါ်မှအပြစ်သားတို့ကို သုတ်သင်ပယ်ရှင်းတော်မူမည်။ |
အပြစ်ကူးသူတို့သည်ကမ္ဘာမြေပေါ်မှ သုတ်သင်ပယ်ရှင်းခြင်းကိုခံရကြပါစေသော။ သူယုတ်မာတို့သည်ကွယ်ပျောက်ကြပါစေသော။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားအားထောမနာပြုလော့။ ထာဝရဘုရားအားထောမနာပြုလော့။
အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။
အနန္တတန်ခိုးရှင်သည်ဘေးအန္တရာယ်ဆိုးကို သက်ရောက်စေတော်မူမည့်နေ့ရက်ကာလ တည်းဟူသော ထာဝရဘုရားတရားစီရင် တော်မူရာနေ့ရက်ကာလကျရောက်လာ ရဦးမည်။ ဝေဒနာခံစားလျက်ငိုကြွေး မြည်တမ်းကြလော့။-
ထိုကာလ၌အနန္တတန်ခိုးရှင်ထာဝရဘုရား သည်တန်ခိုးကြီးသူ၊ မာန်မာနကြီးသူနှင့်စိတ် ကြီးဝင်သူမှန်သမျှကိုရှုတ်ချတော်မူလိမ့်မည်။-
ဤအချိန်အခါကားဇိအုန်မြို့ကိုထာဝရ ဘုရားကယ်ဆယ်တော်မူ၍ ထိုမြို့၏ရန်သူ တို့အားလက်စားချေတော်မူမည့်အခါ ပင်ဖြစ်သတည်း။
ငါသည်မိမိ၏လူမျိုးတော်အားကယ်တင် ရန်အချိန်ကျပြီ။ သူတို့၏ရန်သူများအား အပြစ်ဒဏ်ခတ်ရန်အချိန်ရောက်ပြီဟုဆုံး ဖြတ်လိုက်၏။-
ထာဝရဘုရားက``ရုပ်တုများကိုဝတ်ပြု ကိုးကွယ်ရန်နှင့်ဥယျာဉ်နတ်ကွန်းများသို့ သွားရောက်ရန်အတွက် မိမိတို့ကိုယ်ကိုသန့် စင်မှုပြုသူများ၊ ဝက်သားကြွက်သားနှင့် စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့် အစား အစာများကိုစားသုံးသူများပျက်သုဉ်း ရမည့်အချိန်ကာလသည်နီးကပ်လာလေ ပြီ။-
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် အမျက်ထွက်တော်မူသဖြင့်ကိုယ်တော် ပေးတော်မူသောအပြစ်ဒဏ်သည် တစ်ပြည် လုံးတွင်မီးသဖွယ်တောက်လောင်ကာလူ တို့အားသုတ်သင်ဖျက်ဆီးပစ်လိမ့်မည်။ ထိုအခါလူတိုင်းပင်ကိုယ်လွတ်ရုန်း ကြလိမ့်မည်။-
ထိုပရောဖက်တို့သည်မြို့ရိုးများပြိုကျ လျက်ရှိသည့်နေရာများကိုမစောင့်ကြပ်။ မြို့ရိုးတို့ကိုလည်းပြန်လည်၍မပြုပြင်။ သို့ဖြစ်၍ထာဝရဘုရား၏နေ့ရက်၌ စစ် ပွဲဝင်သောအခါဣသရေလနိုင်ငံကိုကာ ကွယ်နိုင်ကြလိမ့်မည်မဟုတ်။-
ထာဝရဘုရားအရေးယူဆောင်ရွက်မည့်နေ့ သည် နီးကပ်လာလေပြီ။ မိုးတိမ်များဖုံးလွှမ်းမည့်နေ့၊လူမျိုးတကာတို့ ဒုက္ခရောက်မည့်နေ့နီးကပ်လာပြီ။
ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက်ကာလသည်နီးကပ်လာလေပြီ။ ထိုကာလတွင်အနန္တတန်ခိုးရှင်သည် ဘေးအန္တရာယ်ဆိုးကိုသက်ရောက်စေတော်မူလိမ့်မည်။ ထိုနေ့ရက်သည်အဘယ်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
ဘုရားသခင်၏တောင်တော်မြတ်တည်းဟူသော ဇိအုန်တောင်ပေါ်တွင်တံပိုးခရာမှုတ်ကြလော့။ နှိုးဆော်သံပေးကြလော့။ ယုဒပြည်သူတို့တုန်လှုပ်ကြလော့။ ထာဝရဘုရားတရားစီရင်တော်မူရာနေ့ရက် ကာလသည်မကြာမီကျရောက်လာလိမ့်မည်။
ထာဝရဘုရားတရားစီရင်တော်မူရာ ကြောက်မက်ဖွယ်ကောင်းသည့်နေ့ကြီး မကျမရောက်မီ၊ နေသည်မှောင်မိုက်၍သွားလိမ့်မည်။ လသည် လည်း သွေးကဲ့သို့နီမြန်း၍လာလိမ့်မည်။
ထာဝရအရှင်ဘုရားသခင်သည်မိမိအား အံတုဖက်ပြိုင်သူတို့ကိုသည်းခံတော်မမူ။ ကိုယ်တော်သည်အတိုက်အခံပြုသူများကို အပြစ်ဒဏ်ခတ်တော်မူ၏။ အမျက်တော်ထွက်၍သူတို့အား လက်စားချေတော်မူ၏။
ကိုယ်တော်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ကြောက်မက်ဖွယ်ရာအမျက်တော် အရှိန်ကိုအဘယ်သူခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်သည်မီးလျှံထသောအမျက်တော်ကို သွန်းလောင်းတော်မူသဖြင့်၊ ရှေ့တော်၌ကျောက်တို့သည်ကြေမွကာ အမှုန့်ဖြစ်၍သွားကုန်၏။
ကိုယ်တော်သည်အရှိန်ပြင်းစွာလွှမ်းမိုးသည့် မြစ်ရေကဲ့သို့ရန်သူတို့အားဆုံးပါး ပျက်စီးစေတော်မူ၏။ မိမိကိုအတိုက်အခံပြုသူတို့အား သေရွာသို့ ပို့ဆောင်တော်မူ၏။
ထိုနေ့ရက်သည်အမျက်ထန်သည့်နေ့၊ ဆင်းရဲ ပူပန်ရသောနေ့၊ ယိုယွင်းပျက်စီးသုတ်သင် ပယ်ရှင်းရာနေ့၊ မိုက်မှောင်ညိုမှိုင်းသည့်နေ့ မည်းနက်၍မိုးတိမ်ထူသည့်နေ့၊
ထာဝရဘုရားအရေးယူဆောင်ရွက်တော်မူ မည့်နေ့ရက်ကာလကျရောက်လာလိမ့်မည်။ ထို အခါယေရုရှလင်မြို့သည်တိုက်ခိုက်လုယက် ခြင်းကိုခံရလျက် လူတို့၏တိုက်ရာပါပစ္စည်း များကိုသင်တို့မျက်မှောက်၌ပင်ခွဲဝေယူ ကြလိမ့်မည်။-
အနန္တတန်ခိုးနှင့်ထာဝရဘုရားက``မာန် မာနထောင်လွှားသူနှင့်ယုတ်မာသူအပေါင်း တို့သည် ကောက်ရိုးသဖွယ်မီးကျွမ်းလောင် ကြမည့်နေ့ရက်ကာလကျရောက်လာလိမ့် မည်။ ထိုနေ့ရက်ကာလ၌သူတို့သည်မီး ကျွမ်းလောင်၍သွားကာ အမြစ်အကိုင်း အစအနမျှပင်ကျန်ရှိကြလိမ့်မည် မဟုတ်။-
ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည် သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။ သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူ့အား တရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည် တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။