သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။-
ဟေရှာယ 10:9 - Common Language Bible ကာလနောမြို့နှင့်ခါခေမိတ်မြို့၊ ဟာမတ်မြို့ နှင့်အာပဒ်မြို့၊ ရှမာရိမြို့နှင့်ဒမာသက်မြို့ တို့ကိုငါနှိမ်နင်းခဲ့၏။- Garrad Bible ကာ လ နော မြို့ သည် ခါ ခေ မိတ် မြို့ ကဲ့ သို့ လည်း ကောင်း၊ ဟာ မတ် မြို့ သည် အာ ပဒ် မြို့ ကဲ့ သို့လည်း ကောင်း၊ ရှ မာ ရိ မြို့ သည် ဒ မာ သက် မြို့ ကဲ့ သို့လည်း ကောင်း၊ ဖြစ် ခဲ့ လေ ပြီ မ ဟုတ် လော။ Judson Bible ကာလနောမြို့သည် ခါခေမိတ်မြို့ကဲ့သို့လည်းကောင်း၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့လည်းကောင်း၊ ရှမာရိမြို့သည် ဒမာသက်မြို့ကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လော။ မြန်မာ့စံမီသမ္မာကျမ်း ကာလနောမြို့သည် ကာခေမိတ်မြို့ကဲ့သို့၊ ဟာမတ်မြို့သည် အာပဒ်မြို့ကဲ့သို့၊ ရှမာရိမြို့သည် ဒမတ်စကပ်မြို့ကဲ့သို့ ဖြစ်သည်မဟုတ်လော။ |
သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။-
ဟာဒဒေဇာ၏တပ်မတော်တစ်ခုလုံးကို ဒါဝိဒ်ချေမှုန်းလိုက်ကြောင်း ဟာမတ်ဘုရင် တောဣမင်းကြားလျှင်၊-
တိဂလတ်ပိလေသာသည်အာခတ်မင်း၏ပန် ကြားချက်အရ မိမိ၏တပ်မတော်နှင့်အတူ ဒမာသက်မြို့ကိုချီတက်သိမ်းယူပြီးလျှင် ရေဇိန်မင်းအားလုပ်ကြံ၍ပြည်သူတို့အား ကိရမြို့သို့သုံ့ပန်းများအဖြစ်ဖမ်းသွား တော်မူ၏။
အာရှုရိဧကရာဇ်ဘုရင်သည်ဗာဗုလုန်မြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့နှင့်သေဖရ ဝိမ်မြို့တို့မှလူတို့အားခေါ်ဆောင်၍ ပြည်နှင် ဒဏ်သင့်သူဣသရေလအမျိုးသားတို့နေ ထိုင်ခဲ့သောမြို့ရွာများတွင်နေထိုင်စေလေ သည်။ သူတို့သည်ရှမာရိပြည်မြို့ရွာများ ကို အပိုင်ရလျက်အတည်တကျနေထိုင် ကြ၏။-
ဟာမတ်ပြည်နှင့်အာပဒ်ပြည်တို့၏ဘုရား များသည် ယခုအဘယ်မှာရှိပါသနည်း။ သေဖရဝိမ်ပြည်၊ ဟေနပြည်နှင့်ဣဝါပြည် တို့၏ဘုရားများသည် အဘယ်မှာရှိပါ သနည်း။ သူတို့သည်ရှမာရိပြည်ကိုကယ် ခဲ့ကြပါသလော။-
ထိုနိုင်ငံများရှိအဘယ်မည်သောဘုရားသည် မိမိ၏လူတို့အားငါ၏လက်မှကယ်ခဲ့ဖူး ပါသနည်း။ သို့ဖြစ်ပါလျက်သင်တို့၏ဘုရား သည်သင်တို့ကိုကယ်တော်မူနိုင်သည်ဟု အဘယ်ကြောင့်သင်တို့ထင်မှတ်ကြပါ သနည်း။-
ယောရှိမင်းသည်ဗိမာန်တော်အတွက်ဤသို့ သောအမှုအရာများကိုဆောင်ရွက်ပြီးချိန် ၌ အီဂျစ်ဘုရင်နေခေါသည်ဥဖရတ်မြစ်ပေါ် ရှိခါခေမိတ်မြို့ကိုတိုက်ခိုက်ရန်ချီတက်လာ လေသည်။ ယောရှိသည်သူ့အားဆီးတားရန် ချီတက်ရာ၊-
ဤဗျာဒိတ်တော်သည်ဒမာသက်မြို့နှင့် သက်ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ထာဝရဘုရားက``ဒမာသက်မြို့သည်မြို့ အဖြစ်နှင့်ရပ်တည်နေတော့မည်မဟုတ်။ ယို ယွင်းပျက်စီးနေသည့်အဆောက်အဦးစု သာလျှင်ဖြစ်ပေတော့အံ့။-
ဣသရေလပြည်သည်ရန်သူတို့အားခုခံ နိုင်စွမ်းကင်းမဲ့လျက်နေလိမ့်မည်။ ဒမာသက် မြို့သည်လည်းလွတ်လပ်ရေးဆုံးရှုံး၍သွား လိမ့်မည်။ အသက်မသေဘဲကျန်ရှိနေသူ ရှုရိအမျိုးသားတို့သည် ဣသရေလအမျိုး သားတို့နည်းတူအသရေပျက်ရကြလိမ့် မည်။ ဤကားအနန္တတန်ခိုးရှင်၊ ငါထာဝရ ဘုရားမြွက်ဟသည်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
လမ်းမကြီးများသည်ဘေးအန္တရာယ်အလွန် များသဖြင့်အဘယ်သူမျှမသွားဝံ့ကြ၊ မဟာမိတ်စာချုပ်များကိုချိုးဖောက်၍သစ္စာ ကတိများသည်လည်းပျက်ပြယ်၍သွားလေ ပြီ။ အဘယ်သူမျှရိုသေလေးစားမှုကို မခံရကြတော့ပေ။-
ဟာမတ်ပြည်နှင့်အာပဒ်ပြည်တို့၏ဘုရား များသည် ယခုအဘယ်မှာရှိပါသနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည်ယခု အဘယ်မှာရှိပါသနည်း။ အဘယ်ဘုရား ကရှမာရိပြည်ကိုကယ်ဆယ်ခဲ့ကြပါ သနည်း။-
အာရှုရိဧကရာဇ်သည်မိမိဖျက်ဆီးပစ် ရန် ဆုံးဖြတ်ထားသည့်တိုင်းနိုင်ငံကိုအဘယ် သို့ပြုတော်မူတတ်သည်ကိုသင်ကြားသိ ရပြီးဖြစ်ပါ၏။ သင်ကိုယ်တိုင်ပင်လျှင်ငါ ၏လက်မှလွတ်မြောက်နိုင်လိမ့်မည်ဟုမ ထင်မှတ်ပါနှင့်။-
ဟာမတ်မြို့၊ အာပဒ်မြို့၊ သေဖရဝိမ်မြို့၊ ဟေနမြို့နှင့်ဣဝါမြို့တွင်စိုးစံခဲ့သော ဘုရင်များသည်ယခုအဘယ်မှာရှိ ကြပါသနည်း'' ဟုဖော်ပြပါရှိ၏။
အဘယ်ကြောင့်ဆိုသော်ရှုရိပြည်၏အင်အား သည် ဒမာသက်မြို့ပင်ဖြစ်၍ဒမာသက်မြို့၏ အင်အားမှာလည်း ရေဇိန်မင်းပင်ဖြစ်သော ကြောင့်တည်း။ ဣသရေလပြည်သည်လည်း ခြောက်ဆယ့်ငါးနှစ်အတွင်း ပြိုကွဲလျက် နိုင်ငံတစ်ခုအနေဖြင့်ရပ်တည်နိုင်တော့ မည်မဟုတ်။-
အီဂျစ်ပြည်အကြောင်းနှင့်ပတ်သက်၍ ကိုယ် တော်မိန့်တော်မူသည်မှာအောက်ပါအတိုင်း ဖြစ်၏။ ထာဝရဘုရားသည်ယောရှိ၏သား ယုဒဘုရင်ယောယကိမ်နန်းစံစတုတ္ထနှစ် ၌ ဥဖရတ်မြစ်အနီးကာခေမိတ်အရပ်တွင် ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှိမ်နင်းလိုက် သည့်အီဂျစ်ဘုရင်ဖာရောနေခေါ်၏တပ်မ တော်ကိုရည်မှတ်၍ဗျာဒိတ်ပေးတော်မူ ၏။
ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။-
ဗေရောသာမြို့၊ သိဗရိမ်မြို့တို့ကိုဖြတ်၍ တိကုန်မြို့တွင်ဆုံးလေသည်။ (ဗေရောသာ နှင့်သိဗရိမ်မြို့တို့သည်ဒမာသက်ပြည် နှင့်ဟာမတ်ပြည်စပ်ကြားတွင်ရှိ၍ ဟာလာ ဟတ္တိကုန်မြို့မှာဟောရန်နယ်စပ်တွင်ရှိ၏။-)
သူတို့သည်ပြည့်ရှင်မင်းများကိုမထီမဲ့မြင်ပြုကြ၏။ မှူးကြီးမတ်ရာတို့ကိုပြက်ရယ်ပြုကြ၏။ သူတို့အားအဘယ်ခံတပ်မျှမတားမဆီးနိုင်။ သူတို့သည်မြေကတုတ်များကိုဖို့လုပ်၍ခံတပ်တို့ကိုတိုက်ခိုက်သိမ်းယူကြလေသည်။-
ထိုမှတစ်ဆင့်ဟာမတ်တောင်ကြားသို့လည်း ကောင်း ဖြတ်သွား၍ထိုမှတစ်ဖန်ဇေဒဒ်နှင့် ဇိဖြုန်ကိုဖြတ်ပြီးလျှင်ဟာဇရေနန်၌ အဆုံးသတ်ရမည်။