အာသမင်းဆောင်ရွက်တော်မူခဲ့သည့် အခြား အမှုအရာရှိသမျှနှင့်သူ၏စွန့်စားခန်းများ၊ မြို့များကိုတံတိုင်းကာရံပုံအကြောင်းများကို ယုဒရာဇဝင်တွင်ရေးထားသတည်း။ သူသည် အိုမင်းချိန်တွင်အနာရောဂါစွဲသဖြင့်၊-
ဟေရှာယ 10:29 - Common Language Bible သူတို့သည်တောင်ကြားလမ်းကိုဖြတ်ပြီး လျှင် ဂေဗမြို့တွင်စခန်းချလျက်နေကြ၏။ ထိုအခါရာမမြို့သားတို့သည်ကြောက် လန့်ကြကုန်လျက် ရှောလုမင်း၏ဌာနေဖြစ် သောဂိဗာမြို့မှလူတို့သည်လည်းထွက် ပြေးကြကုန်၏။- Garrad Bible တောင် ကြား ကို လွန် လျက်၊ ဂေ ဗ မြို့၌ စား ခန်း ကျ လေ၏။ ရာ မ မြို့ သူ တို့ တုန် လှုပ် လျက် ရှော လု နေ ရာ ဂိ ဗာ မြို့ သား တို့ လည်း ပြေး ကြ လေ ပြီ။ Judson Bible တောင်ကြားကို လွန်ကြပြီ။ ဂေဗမြို့၌ စခန်းချကြပြီ။ ရာမမြို့သည် ကြောက်လန့်လျက်ရှိ၏။ ရှောလုနေရာ ဂိဗာမြို့သည် ပြေး၏။ မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် တောင်ကြားလမ်းကိုဖြတ်၍ ဂေဗမြို့၌ စခန်းချကြ၏။ ရာမမြို့သည် ကြောက်ရွံ့တုန်လှုပ်လျက်ရှိ၏။ ရှောလုမင်းကြီးစံမြန်းရာ ဂိဗာမြို့သည် ထွက်ပြေးပြီ။ |
အာသမင်းဆောင်ရွက်တော်မူခဲ့သည့် အခြား အမှုအရာရှိသမျှနှင့်သူ၏စွန့်စားခန်းများ၊ မြို့များကိုတံတိုင်းကာရံပုံအကြောင်းများကို ယုဒရာဇဝင်တွင်ရေးထားသတည်း။ သူသည် အိုမင်းချိန်တွင်အနာရောဂါစွဲသဖြင့်၊-
ထာဝရဘုရားက၊ ``ရာမအရပ်၌အသံတစ်ခုကိုကြားရ၏။ ထိုအသံသည်ဝမ်းနည်းပက်လက် ငိုကြွေးသည့်အသံဖြစ်၏။ ရာခေလသည်မိမိ၏သားသမီးများအတွက် ငိုကြွေးလျက်နေလေသည်။ သူတို့အားလုံးပင်မရှိတော့ပြီဖြစ်၍ သူသည်နှစ်သိမ့်မှုကိုမခံလို'' ဟုမိန့်ဆို၏။
ထာဝရဘုရားက``ဣသရေလအမျိုးသား တို့သည်ဂိဗာမြို့တွင်ကူးလွန်လျက်ရှိသော ဒုစရိုက်ကိုဆက်လက်ကူးလွန်လျက်ရှိကြ ၏။ သို့ဖြစ်၍ဂိဗာမြို့တွင်စစ်ဘေးသည်သူ တို့ကိုမီလာလိမ့်မည်။-
``ဂိဗာမြို့တွင်တံပိုးခရာကိုမှုတ်လော့၊ ရာမ မြို့တွင်တပ်လှန့်သံကိုပေးလော့။ ဗေသဝင် မြို့တွင်စစ်ချီသံကြွေးကြော်လော့၊ ဗင်္ယာမိန် မျိုးနွယ်တို့တိုက်ပွဲဝင်ကြ။-
သူတို့သည်ဂိဗာမြို့မှာကဲ့သို့အလွန် ဆိုးရွားသောအပြစ်ကိုကူးလွန်လျက် ရှိကြ၏။ ဘုရားသခင်သည်သူတို့၏ ဒုစရိုက်ကိုအောက်မေ့သတိရတော်မူ ၍အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။
ရှောလုသည်လည်းဂိဗာမြို့နေအိမ်သို့ပြန် လေသည်။ သူရဲကောင်းအချို့တို့၏စိတ်ကို ဘုရားသခင်ပြုပြင်တော်မူသဖြင့် သူတို့ သည်ရှောလုနှင့်အတူလိုက်သွားကြ၏။-
စေတမန်တို့သည်ရှောလုနေထိုင်ရာဂိဗာ မြို့သို့ရောက်ရှိလာလျက် ထိုသတင်းကိုပြော ကြားကြသောအခါ လူတို့သည်စိတ်ပျက် အားလျော့လျက်ငိုကြွေးကြကုန်၏။-
သူနှင့်သားတော်ယောနသန်တို့သည်မိမိ တို့တွင်ရှိသောစစ်သည်တို့လိုက်ပါလျက် ဗင်္ယာမိန်နယ်၊ ဂိဗာမြို့တွင်တပ်ချလျက် နေကြ၏။-
ဖိလိတ္တိအမျိုးသားတို့ကစစ်သည်တပ်သား တစ်စုကိုစေလွှတ်၍ မိတ်မတ်တောင်ကြားလမ်း ကိုကာကွယ်စေကြ၏။
မိတ်မတ်တောင်ကြားလမ်း တစ်ဘက်တစ်ချက် တွင် ကျောက်အငူကြီးတစ်ခုစီရှိ၏။ ကျောက် အငူကြီးတစ်ခုမှာဗောဇက်ဟုနာမည် တွင်၏။ ယင်းသည်တောင်ကြားလမ်း၏မြောက် ဘက်တွင်တည်ရှိ၍ မိတ်မတ်မြို့ကိုမျက်နှာ မူလျက်နေ၏။ အခြားကျောက်အငူကြီး မှာသေနေဟုနာမည်တွင်၏။ ယင်းသည်တောင် ကြားလမ်း၏တောင်ဘက်တွင်တည်ရှိ၍ ဂိဗာ မြို့ကိုမျက်နှာမူလျက်နေ၏။ ယောနသန် သည်ဖိလိတ္တိတပ်စခန်းသို့ဝင်ရာ၌ ဤ တောင်ကြားလမ်းကိုဖြတ်သွားရ၏။
ထိုနောက်ရှမွေလသည်ရာမမြို့သို့သွား ၏။ ရှောလုမင်းသည်လည်းဂိလဂါလနန်း တော်သို့ပြန်လေ၏။-
ထိုနောက်သူသည်ရာမမြို့နေအိမ်သို့ပြန်၍ တရားသူကြီးအဖြစ်ဖြင့်ဆောင်ရွက်၏။ သူ သည်ရာမမြို့တွင်ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်ဆောက်လေ၏။