| ဟေရှာယ 10:30 - Common Language Bible30 အို ဂလ္လိမ်မြို့သူမြို့သားတို့၊ ကြွေးကြော်ကြ လော့။ အို လဲရှမြို့၊ ထိုကြွေးကြော်သံကိုနား ထောင်ကြလော့။ အာနသုတ်မြို့သူမြို့သား တို့၊ တုံ့ပြန်ပြောကြားကြလော့။-အခန်းကိုကြည့်ပါ။ Garrad Bible30 အို သ တို့ သ မီး ဂ လ္လိမ်၊ အော် ဟစ် လော့။ အို လဲ ရှ မြို့ သား တို့။ နား စွင့် ကြ လော့။ အို ဒု က္ခ သည် အာ န သုတ် မြို့၊ မာ ဒ မေ န မြို့ သူ တို့ ပြေး သွား ကြ ရာ၊အခန်းကိုကြည့်ပါ။ Judson Bible30 အို ဂလ္လိမ်မြို့သမီး၊ ကြွေးကြော်လော့။ အို လဲရှမြို့၊ နားထောင်လော့။ အာနသုတ်မြို့သည် အမင်္ဂလာရှိ၏။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း30 အို ဂလ္လိမ်မြို့သမီးပျို၊ ကြွေးကြော်လော့။ အို လဲရှမြို့၊ အာရုံစိုက်နားထောင်လော့။ အို အာနသုတ်မြို့၊ သနားစရာကောင်းလှပါတကား။အခန်းကိုကြည့်ပါ။ | 
ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပင်လျှင် ငါ့ညီဟာနမေလသည်ငါရှိရာအချုပ် ထောင်ဝင်းအတွင်းသို့လာ၍``ဗင်္ယာမိန်နယ်မြေ တွင်းရှိဒေသတွင်ရှိသည့်အကျွန်ုပ်၏လယ် မြေကိုဝယ်ယူပါ။ သင်သည်အကျွန်ုပ်နှင့်အနီး ဆုံးဆွေမျိုးတော်စပ်သဖြင့် ထိုမြေကိုဝယ်ယူ သိမ်းပိုက်နိုင်ခွင့်ရှိပါသည်'' ဟုဆို၏။ ထိုအခါ ငါသည်ဤအမှုကိုပြုရန်ထာဝရဘုရား မိန့်မှာထားတော်မူသည်ကိုသိသဖြင့်၊-
ထို့နောက်ရှောလမုန်မင်းသည် ယဇ်ပုရောဟိတ် အဗျာသာအား``အာနသုတ်မြို့ရှိသင်၏ ကျေးလက်နေအိမ်သို့သွားလော့။ သင်သည် သေဒဏ်ခံထိုက်သူဖြစ်ပေသည်။ သို့ရာတွင် သင်သည်ငါ၏ခမည်းတော်ဒါဝိဒ်လက်ထက်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို တာဝန်ယူစောင့်ထိန်းရသူ၊ မင်းကြီးနှင့်အတူ ဆင်းရဲဒုက္ခအပေါင်းကိုခံခဲ့သူဖြစ်သဖြင့် ယခုသင့်အားငါမသတ်လိုပြီ'' ဟု မိန့်တော်မူ၏။-
ထို့ကြောင့်ထိုလူငါးယောက်တို့သည်လဲရှ မြို့သို့ထွက်သွားကြ၏။ ထိုမြို့သားတို့သည် ဇိဒုန်မြို့သားများကဲ့သို့ အေးဆေးငြိမ်းချမ်း စွာနေထိုင်ကြသူများဖြစ်ကြောင်း၊ မည်သူ နှင့်မျှအငြင်းမပွားတတ်ကြောင်း၊ သူတို့ လိုအပ်သမျှတို့ကိုလည်းရရှိကြကြောင်း၊ သူတို့သည်ဇိဒုန်မြို့သားတို့နှင့်အလွန် အလှမ်းကွာရာတွင်နေထိုင်ကြလျက် အခြားအဘယ်လူမျိုးနှင့်မျှလည်း အဆက်အသွယ်မရှိကြကြောင်းကို စူးစမ်းသိရှိကြလေသည်။-