ဟေရှာယ 1:8 - Common Language Bible အဝိုင်းခံလျက်နေရသည့်ယေရုရှလင်မြို့တစ်မြို့သာလျှင်ကျန်တော့၏။ ထိုမြို့ကားမိမိအတွက်ခုခံကာကွယ်နိုင်စွမ်းမရှိသည့်စပျစ်ဥယျာဉ်အစောင့်တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာတဲကဲ့သို့လည်းကောင်းဖြစ်၍နေ၏။ Garrad Bible သ တို့ သ မီး ဇိ အုန် မှာ၊ စ ပျစ် ဥ ယျာဉ် ရာ၌ တဲ ကဲ့ သို့ လည်း ကောင်း၊ သ ခွား ခင်း ရာ၌ လင့် စင် ကဲ့ သို့လည်း ကောင်း၊ ဝိုင်း ဝန်း ခံ ရ သော မြို့ ကဲ့ သို့ လည်း ကောင်း၊ ကျန် ရစ် ရှာ လေ ၏။ Judson Bible ဇိအုန်သတို့သမီးသည်လည်း၊ စပျစ်ဥယျာဉ်၌ တဲကဲ့သို့လည်းကောင်း၊ သခွားတောင်ယာ၌ လင့်စင်ကဲ့သို့လည်းကောင်း၊ ရန်သူဝိုင်းသောမြို့ကဲ့သို့လည်းကောင်း ကျန်ရစ်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း ဇိအုန်သမီးသည် စပျစ်ခြံထဲက တဲကဲ့သို့၊ သခွားခင်းထဲက ယာတဲကဲ့သို့၊ ရန်သူဝိုင်းထားသောမြို့ကဲ့သို့ ကျန်ရစ်ခဲ့လေ၏။ |
သို့မှသာလျှင်ကျွန်တော်မျိုးသည် ယေရုရှလင်မြို့သားတို့၏ရှေ့တွင်ရပ်လျက် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ဖော်ပြနိုင်ပါလိမ့်မည်။ ကိုယ်တော်၏ကယ်တင်ခြင်းကျေးဇူးတော် ကြောင့် ကျွန်တော်မျိုးရွှင်လန်းဝမ်းမြောက်ပါမည်။
သင်တို့၏ပြည်သည်ပျက်ပြုန်းရ၍၊ သင်တို့၏မြို့တို့သည်လည်းပြာပုံဆိုက်ကြလေပြီ။ သင်သည်ကြည့်ရှုလျက်နေစဉ်ပင်တိုင်းတစ်ပါးသားတို့သည် သင်၏နယ်မြေကိုသိမ်း၍အရာခပ်သိမ်းကိုဖျက်ဆီးစေကြပြီ။-
အကယ်၍အနန္တတန်ခိုးရှင်ထာဝရဘုရားသာလျှင် မြို့သူမြို့သားအချို့တို့အားအသက်မသေဘဲကျန်ရစ်စေတော်မမူပါလျှင်၊ ယေရုရှလင်မြို့သည် သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကဲ့သို့လုံးဝပျက်သုဉ်း၍သွားမည်သာဖြစ်၏။
ရန်သူတို့သည်ယနေ့နောဘမြို့တွင်ရှိကြ ၏။ သူတို့သည်ထိုမြို့မှနေ၍ဇိအုန်တောင် နှင့် ယေရုရှလင်မြို့အားလက်သီးဆုပ်၍ ပြကြ၏။
ဘုရားသခင်သည်ထိုမြို့ကိုတိုက်ခိုက် ဝိုင်းရံထား၍ သိမ်းပိုက်တော်မူလိမ့်မည်။-
ရန်သူတစ်ယောက်ကိုမြင်လျှင်သင်တို့ဘက် မှလူတစ်ထောင်ထွက်ပြေးကြလိမ့်မည်။ ရန် သူငါးယောက်ဆိုလျှင် သင်တို့အားလုံးပင် ထွက်ပြေးကြလိမ့်မည်။ တောင်ထိပ်တွင်အထီး တည်းစိုက်ထူထားသည့်အလံတိုင်မှတစ်ပါး သင်တို့၏တပ်မတော်မှအဘယ်အရာမျှ ကျန်ရှိခဲ့လိမ့်မည်မဟုတ်။-
ထာဝရဘုရားက``အချင်းသနာခရိပ်၊ ယေရု ရှလင်မြို့သည်သင့်ကိုကြည့်၍ပြုံးကာပြက် ရယ်ပြုလေပြီ။-
အာရှုရိဧကရာဇ်သည်မိမိ၏ဗိုလ်ချုပ်ကို စေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်အားစော်ကားသည့်စကားများကို ပြောဆိုစေပါ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည်ထိုစကားတို့ကို ကြားတော်မူ၍ ယင်းသို့ပြောဆိုသူတို့ အားအပြစ်ဒဏ်စီရင်တော်မူပါစေသော၊ သင်သည်လည်းအသက်မသေဘဲကျန်ရှိ နေသေးသူအကျွန်ုပ်တို့လူစုအတွက် ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထ နာပြုပါလော့'' ဟုအမှာစာရေး၍ ဟေရှာယထံပေးပို့လိုက်၏။
ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အားစစ်ဆေးစီရင်ကာ တန်ခိုးတော်အား ဖြင့်ဖြူစင်သန့်ရှင်းစေတော်မူလိမ့်မည်။ ယေရု ရှလင်မြို့၏အပြစ်ကိုလည်းကောင်း၊ ထိုမြို့ တွင်သွန်းသည့်သွေးများကိုလည်းကောင်း ဆေးကြောစင်ကြယ်စေတော်မူလိမ့်မည်။-
ထိုအခါသင်သည်မိမိကိုယ်ကိုပြန်၍၊ `ငါသည်ဤသားသမီးများကိုအဘယ်သူနှင့် ရရှိပါသနည်း။ ငါ၏သားသမီးများသည်သေဆုံးသွားပြီဖြစ်၍ ငါ့မှာသားသမီးမရှိနိုင်တော့ပါ။ ငါသည်ရပ်ဝေးသို့ပြည်နှင်ဒဏ်သင့်၍ နှင်ထုတ်ခံခဲ့ရသဖြင့် ဤသားသမီးတို့ကိုအဘယ်သူကျွေးမွေးပြုစု ခဲ့ပါသနည်း။ ငါသည်တစ်ကိုယ်တည်းသာလျှင်ကျန်ရှိခဲ့၏။ ဤသားသမီးများကား၊အဘယ်အရပ်မှ ရောက်ရှိလာကြပါသနည်း'' ဟုမေးလိမ့်မည်။
``သင်တို့၏ကယ်တင်ရှင်ထာဝရဘုရား သည် မိမိကယ်တင်တော်မူခဲ့သည့်လူတို့ကို ခေါ်ဆောင်ကာ ကြွလာတော်မူလိမ့်မည်'' ဟု ယေရုရှလင်မြို့သားတို့အားပြောပြကြရန်၊ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့အားထာဝရ ဘုရား ကြေညာလျက်နေတော်မူပါ၏။
အာရှုရိဘုရင်နှင့်တပ်မတော်တည်းဟူသော မြစ်လျှံရေတို့သည် ယုဒပြည်တစ်လျှောက်လုံး သို့ဆင်းဝင်ကာ ခပ်သိမ်းသောအရာတို့ကိုလူ တို့လည်မျိုလောက်တိုင်အောင်လွှမ်းမိုးကြ လိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။ အို ဧမာနွေလဘုရားသခင်သည်ငါတို့နှင့် အတူရှိတော်မူပါသည်တကား။ ကိုယ်တော် သည်မိမိမေတ္တာအတောင်တော်ကိုဖြန့်၍ ငါ တို့ပြည်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။
သူတို့သည်လယ်စောင့်ကင်းသမားများကဲ့သို့ ထိုမြို့တို့ကိုဝိုင်းရံထားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ယုဒပြည်သည် ထာဝရဘုရား အားပုန်ကန်သောကြောင့်ဖြစ်၏။ ဤကားထာဝရ ဘုရားမြွက်ဟတော်မူသောစကားပင်တည်း။
ထာဝရဘုရားသည်အမျက်ထွက်တော်မူ၍ ဇိအုန်မြို့ကိုအမှောင်ဖုံးစေတော်မူလေပြီ။ ထိုမြို့၏ခမ်းနားကြီးကျယ်မှုသည် ကောင်းကင်မှမြေကြီးသို့ကျဆင်းယိုယွင်းလေပြီ။ ကိုယ်တော်သည်အမျက်ထွက်တော်မူသောကာလ၌ မိမိ၏ဗိမာန်တော်ကိုပင်စွန့်ပစ်တော်မူ၏။
ကိုယ်တော်အားငါတို့ဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်ကိုအစိတ်စိတ်အမြွှာမြွှာချိုးဖျက် တော်မူပြီ။ ကိုယ်တော်ရှင်သည်ဋ္ဌမ္မပွဲတော်နေ့များနှင့် ဥပုသ်နေ့များကိုအဆုံးသတ်စေတော်မူပြီ။ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်တို့သည်အတူတူပင် အမျက်တော်အရှိန်ကိုခံရကြပါ၏။
ထာဝရဘုရားက``အို ယေရုရှလင်မြို့သူတို့၊ ဝမ်းမြောက်စွာသီချင်းဆိုကြပါလော့။ ငါသည် သင်တို့အလယ်တွင်ကျိန်းဝပ်ရန်ကြွလာတော် မူမည်'' ဟုမိန့်တော်မူ၏။
ဇိအုန်မြို့သူ၊မြို့သားအပေါင်းတို့၊ အားရ ရွှင်မြူး ကြလော့။ အားရရွှင်မြူးကြလော့။ အချင်းယေရုရှလင်မြို့သူ၊မြို့သားတို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ကြည့်ကြ။ သင်တို့၏ဘုရင်ကြွလာတော်မူပြီ။ ထိုအရှင်သည်အောင်ပွဲခံ၍ကယ်တင်တော် မူရန် ကြွလာသည်ဖြစ်သော်လည်း စိတ်နှလုံးနှိမ့်ချလျက်မြည်းမ၏သား မြည်းကလေးကိုစီး၍လာ၏။