လူတို့က ``မေရှိယသည်ထာဝစဉ်အသက်ရှင် တော်မူ၏ဟုပညတ်ကျမ်းကဆိုပါသည်။ သို့ ဖြစ်၍`လူသားသည်မြေမှမြှောက်ထားခြင်းကို ခံရမည်' ဟုအဘယ်ကြောင့်သင်ဆိုပါသနည်း။ လူသားကားအဘယ်သူနည်း'' ဟုမေးမြန်းကြ ၏။
ဟေဗြဲ 7:24 - Common Language Bible သို့ရာတွင်သခင်ယေရှုမူကားနိစ္စထာဝရ အသက်ရှင်တော်မူသဖြင့် သူ၏ယဇ်ပုရော ဟိတ်ရာထူးသည်လည်းအခြားလက်သို့ မကူးပြောင်းနိုင်တော့ပေ။- Garrad Bible ကိုယ် တော် မူ ကား က မ္ဘာ အ ဆက် ဆက် တည် တော် မူ သော ကြောင့် မ ပယ် မ ဖျက် နိုင် သော ပ ရော ဟိတ် ရာ ထူး ကို ရ ရှိ သည် ဖြစ်၍၊ Judson Bible ယေရှုမူကား၊ နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်မူကား ကာလအစဉ်အဆက်တည်တော်မူသည်ဖြစ်၍ မပြောင်းလဲသောယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိတော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယေရှုမှာမူ ထာဝရအသက်ရှင်သောကြောင့် ကိုယ်တော်၏ယဇ်ပုရောဟိတ်အရိုက်အရာသည် မည်သည့်အခါမျှ မပြောင်းလဲပါ။ |
လူတို့က ``မေရှိယသည်ထာဝစဉ်အသက်ရှင် တော်မူ၏ဟုပညတ်ကျမ်းကဆိုပါသည်။ သို့ ဖြစ်၍`လူသားသည်မြေမှမြှောက်ထားခြင်းကို ခံရမည်' ဟုအဘယ်ကြောင့်သင်ဆိုပါသနည်း။ လူသားကားအဘယ်သူနည်း'' ဟုမေးမြန်းကြ ၏။
ခရစ်တော်သည်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသဖြင့် နောင်အစဉ်သေခြင်းတရားနှင့် ကင်းလွတ်တော်မူကြောင်းကိုငါတို့သိကြ၏။ သေခြင်းတရားသည်ကိုယ်တော်ကိုအစိုးမရ တော့ပေ။-
သူတို့သည်ဟေဗြဲအမျိုးသားဘိုးဘေး များမှဆင်းသက်လာသူများတည်း။ ခရစ် တော်သည်လူ့ဇာတိအားဖြင့်ထိုသူတို့၏ အမျိုးအနွယ်ပင်ဖြစ်ပေသည်။ ခပ်သိမ်းသော အရာတို့ကိုအစိုးရတော်မူသောဘုရား သခင်သည်ထာဝစဉ်မင်္ဂလာရှိတော်မူပါ စေသတည်း။ အာမင်။
ယေရှုခရစ်သည်မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲမပြောင်းမလဲနေတော်မူ၏။-
မောရှေ၏ပညတ်တရားသည်အားနည်း၍မစုံ လင်သောလူသားတို့ကို ယဇ်ပုရောဟိတ်မင်း များအဖြစ်ခန့်ထားလေသည်။ သို့ရာတွင် ပညတ်တရားပေါ်ပေါက်ပြီးသည့်နောက်ပိုင်း ထာဝရကာလပတ်လုံးစုံလင်တော်မူသော သားတော်ကို ယဇ်ပုရောဟိတ်မင်းအဖြစ် ကျိန်ဆိုတော်မူချက်ဖြင့်ခန့်ထားတော်မူ၏။
ငါသည်အသက်ရှင်တော်မူသောသူဖြစ်၏။ ငါ သည်သေခဲ့၏။ ယခုမှာမူကမ္ဘာအဆက်ဆက် အသက်ရှင်လျက်ရှိ၏။ ငါသည်သေခြင်းတရား နှင့်မရဏာနိုင်ငံကိုအစိုးရ၏။-
ငါ့အားသစ္စာစောင့်၍ငါပြုစေလိုသည့်အတိုင်း ပြုမည့်ယဇ်ပုရောဟိတ်တစ်ဦးကိုငါရွေးချယ် မည်။ သူ့အားသားမြေးများထွန်းကားစေမည်။ ထိုသူတို့သည်ငါဘိသိက်ပေးသည့်ဘုရင် ရှေ့မှောက်တွင်အစဉ်အမြဲအမှုထမ်းရကြ လိမ့်မည်။-