ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
ဟေဗြဲ 13:6 - Common Language Bible ထို့ကြောင့်၊ ``ထာဝရဘုရားသည်ငါ့ကိုမစတော်မူ သောအရှင် ဖြစ်တော်မူသဖြင့် ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည်ငါ့ကိုအဘယ်သို့ပြုနိုင်သနည်း'' ဟု ငါတို့သည်ရဲရင့်သောစိတ်နှင့်ပြောဆိုကြ စို့။ Garrad Bible ထာ ဝ ရ ဘု ရား မ စ တော် မူ သည့် အ လျောက် ငါ မ ကြောက် မ ရွံ့။ လူ သည် ငါ့ ကို မည် သို့ ပြု နိုင် အံ့ နည်း ဟု ရဲ ရင့် စွာ ငါ တို့ ဆို ရ ကြ ၏။ Judson Bible ထိုကြောင့် ထာဝရဘုရားသည် ငါ့ကို မစတော်မူသည်ဖြစ်၍၊ လူသည် ငါ၌ပြုနိုင်သမျှကို ငါမကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့် ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် “ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူသောအရှင်ဖြစ်၍ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း”ဟု ငါတို့သည် ယုံကြည်စိတ်ချစွာပြောဆိုရကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် “ထာဝရဘုရားသည် ကျွန်ုပ်ကို ကူညီမစတော်မူသည်ဖြစ်၍ ကျွန်ုပ်သည် မကြောက်ရွံ့။ လူသည် ကျွန်ုပ်ကို မည်သို့ပြုနိုင်မည်နည်း” ဟု ကျွန်ုပ်တို့သည် ယုံကြည်စိတ်ချမှုနှင့် ပြောနိုင်ကြ၏။ |
ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
ငါတို့သည်ကူညီမစမှုကိုကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူသော ထာဝရဘုရား၏ထံတော်မှရရှိကြ သတည်း။
လူတို့၏ခေါင်းဆောင်များကိုမကိုးစားကြနှင့်။ အဘယ်လူသားမျှသင်တို့ကိုမကယ်တင်နိုင်။
ကျွန်တော်မျိုးအားမျက်နှာတော်ကိုလွှဲတော် မမူပါနှင့်။ အမျက်ထွက်တော်မမူပါနှင့်။ ကိုယ်တော်ရှင်၏အစေခံဖြစ်သူကျွန်တော် မျိုးအား ကူမတော်မူသောအရှင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုး၏ကယ်တင်ရှင် အို ဘုရားသခင်၊ ကျွန်တော်မျိုးအားပစ်ထားတော်မမူပါနှင့်။ စွန့်ပစ်တော်မမူပါနှင့်။
ငါတို့သည်ထာဝရဘုရားကိုစောင့်မျှော်ကြ၏။ ကိုယ်တော်သည်ငါတို့အားကူမတော်မူ၍ ကွယ်ကာစောင့်ရှောက်တော်မူ၏။
အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်အားအင်ချိနဲ့၍ ခိုကိုးရာမဲ့သူဖြစ်သော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို သတိရတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကယ်တင်ရှင်၊ ကျွန်တော်မျိုး၏ဘုရားသခင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကူမတော်မူရန်အလျင် အမြန် ကြွတော်မူပါ။
သို့ရာတွင်ဘုရားသခင်သည်ငါ့ကိုကူမတော် မူသော အရှင်ဖြစ်၏။ ငါ၏ဘက်မှခုခံကာကွယ်တော်မူသောအရှင် ဖြစ်၏။
ငါသည်ဘုရားသခင်အားကိုးစားသဖြင့် အဘယ်သူကိုမျှကြောက်လန့်မည်မဟုတ်။ ကိုယ်တော်၏ကတိတော်အတွက်ကိုယ်တော်အား ထောမနာပြုမည်။ လူသည်ငါ့အားအဘယ်သို့ပြုနိုင်မည်နည်း။
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားအစဉ်အမြဲကူမ တော်မူသောကြောင့်ဖြစ်ပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်အောက်၌ခိုလှုံလျက် ဝမ်းမြောက်စွာသီချင်းဆိုပါ၏။
အကယ်၍ထာဝရဘုရားသာလျှင်ငါ့အား ကူမတော်မမူခဲ့သော် ငါသည်ဆိတ်ညံရာအရပ်သို့အလျင်အမြန် ရောက်ရမည်သာဖြစ်ပေသည်။
တစ်ဖန်``ငါ့အဖ၏ထာဝရဘုရားသည်ငါ့ ကိုအီဂျစ်ဘုရင်၏ဋ္ဌားဘေးမှကယ်တင်တော် မူ၏'' ဟုဆို၍အခြားသောသားတစ်ယောက် ကိုဧလျေဇာဟုနာမည်ပေးခဲ့၏။-)
မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
ထာဝရဘုရားက ``ဣသရေလအမျိုးသားတို့၊သင်တို့၏အမျိုးသည် သေးငယ်၍ ချည့်နဲ့သော်လည်း၊ မကြောက်ကြနှင့်၊သင်တို့ကိုငါကူမတော်မူ မည်။ သင်တို့ကိုကယ်တင်တော်မူသောအရှင်ကား၊ ဣသရေလအမျိုးသားတို့၏ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင် ငါပင်ဖြစ်ပေသည်။
ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။-
အထက်ပါအချက်များကိုထောက်၍မည်သို့ ဆိုရအံ့နည်း။ ဘုရားသခင်သည်ငါတို့ဘက် ၌ရှိတော်မူလျှင်အဘယ်သူမျှငါတို့အား ဆန့်ကျင်နိုင်မည်မဟုတ်။-
ငါတို့သည်ခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းအားဖြင့်လည်းကောင်း၊ ထိုသခင်ကို ယုံကြည်ခြင်းဖြင့်လည်းကောင်း ဘုရားသခင် ထံတော်သို့ရဲဝံ့ယုံကြည်စိတ်ချစွာချဉ်းကပ် ခွင့်ကိုရရှိကြ၏။-
ဣသရေလအမျိုးသားတို့၊ သင်တို့၏ဘုရား သခင်နှင့် နှိုင်းယှဉ်အပ်သောအခြားဘုရားမရှိ။ ကိုယ်တော်သည်ဘုန်းကျက်သရေကိုဆောင်လျက် မိုးတိမ်ကိုစီး၍၊ကောင်းကင်ကိုဖြတ်ကျော်ပြီးလျှင် သင်တို့ကိုကူမရန်ကြွလာတော်မူ၏။
ဣသရေလအမျိုးသားတို့၊ သင်တို့သည် မင်္ဂလာရှိကြ၏။ ထာဝရဘုရားသင်တို့ကိုကယ်တင်သောကြောင့် သင်တို့သည်ထူးခြားသည့်လူမျိုးဖြစ်သည်။ သင်တို့ကိုကာကွယ်ရန်နှင့်ရန်သူကိုအောင် မြင်ရန် ထာဝရဘုရားကိုယ်တော်တိုင် သင်တို့၏ဒိုင်းလွှားသင်တို့၏ဋ္ဌားဖြစ်တော် မူ၏။ သင်တို့၏ရန်သူတို့သည်အသနားခံရန် သင်တို့ထံသို့လာကြလိမ့်မည်။ ထိုအခါသင်တို့သည်သူတို့ကိုနင်းချေ ကြလိမ့်မည်။
သို့ဖြစ်၍ငါ၏ညီအစ်ကိုတို့၊ သခင်ယေရှု အသေခံတော်မူခြင်းအားဖြင့် ငါတို့သည် လွတ်လပ်စွာအလွန်သန့်ရှင်းရာဌာနတော် သို့ဝင်ခွင့်ရကြ၏။-
သို့ဖြစ်၍ကူညီရန်လိုအပ်ချိန်၌ကရုဏာ တော်နှင့်ကျေးဇူးတော်ကိုခံစားခြင်းငှာ ငါတို့သည်ရဲရင့်သောစိတ်နှင့်ကျေးဇူးတော် ရှိရာဘုရားသခင်၏ပလ္လင်တော်သို့တိုးဝင် ချဉ်းကပ်ကြစို့။
``မကြောက်ပါနှင့်။ ငါ၏ခမည်းတော်ရှောလု သည်သင့်အား အဘယ်သို့မျှဘေးအန္တရာယ် ပြုနိုင်လိမ့်မည်မဟုတ်ပါ။ သင်သည်ဣသ ရေလဘုရင်ဖြစ်မည်ကိုလည်းကောင်း၊ ငါ သည်သင်၏ညာလက်ရုံးဖြစ်မည်ကိုလည်း ကောင်းသူကောင်းစွာသိပါ၏'' ဟုပြော ကြား၏။-