ငါသည်သူ၏အဖဖြစ်၍သူသည်လည်းငါ ၏သားဖြစ်ရလိမ့်မည်။ သူသည်အမှားကို ပြုသောအခါအဖကသားကိုဆုံးမ သကဲ့သို့သူ့ကိုဆုံးမမည်။-
ဟေဗြဲ 1:5 - Common Language Bible ဘုရားသခင်ကအဘယ်ကောင်းကင်တမန်ကိုမျှ ``သင်သည်ငါ၏သားဖြစ်၏။ ယနေ့ပင်ငါသည်သင်၏အဖဖြစ်လာ၏'' ဟူ၍သော်လည်းကောင်း၊ အဘယ်ကောင်းကင်တမန်နှင့်မျှပတ်သက်၍ ``ငါသည်သူ၏အဖဖြစ်မည်။ သူသည်လည်းငါ၏သားဖြစ်ရလိမ့်မည်'' ဟူ၍သော်လည်းကောင်း မိန့်မြွက်တော်မူခဲ့ဖူးသည်မရှိ။- Garrad Bible သင် သည် ငါ့ သား ဖြစ်၏။ ယ နေ့ သင့် ကို ငါ ဖြစ် ပွား စေ ပြီ ဟူ၍ လည်း ကောင်း၊ ငါ နှင့် သူ သည် သား အဘ ဖြစ် မည် ဟူ၍ လည်း ကောင်း၊ မည် သည့် စေ တ မန် တော် အား ဗျာ ဒိတ် တော် ရှိ ဘူး သ နည်း။ Judson Bible အကြောင်းမူကား၊ သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဖွားစေပြီဟူ၍လည်းကောင်း၊ ငါသည်သူ၏ အဘဖြစ်မည်၊ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည် ဟူ၍လည်းကောင်း၊ အဘယ်မည်သော ကောင်းကင်တမန်ကို တစ်ခါမျှ မိန့်တော်မူသနည်း။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်အား “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖွားမြင်စေပြီ”ဟူ၍လည်းကောင်း၊ “ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်ရလိမ့်မည်”ဟူ၍လည်းကောင်း မိန့်တော်မူခဲ့ဖူးသနည်း။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်ကိုမျှ “သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် ငါသည် သင်၏ ဖခင်ဖြစ်လာ၏” ဟူ၍ လည်းကောင်း၊ “ငါသည် သူ၏ဖခင်ဖြစ်မည်။ သူသည် ငါ့သား ဖြစ်လိမ့်မည်” ဟူ၍ လည်းကောင်း မိန့်တော်မမူခဲ့။ |
ငါသည်သူ၏အဖဖြစ်၍သူသည်လည်းငါ ၏သားဖြစ်ရလိမ့်မည်။ သူသည်အမှားကို ပြုသောအခါအဖကသားကိုဆုံးမ သကဲ့သို့သူ့ကိုဆုံးမမည်။-
ငါသည်သူ၏အဖဖြစ်လိမ့်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ ငါသည်သင့်အားဘုရင် အဖြစ်ဖြင့်ချီးမြှောက်နိုင်ရန်ရှောလုကိုဖယ် ရှား၍ ငါ၏အထောက်အကူကိုသူ့ထံမှ ရုတ်သိမ်းသကဲ့သို့ သင်၏သားထံမှရုတ်သိမ်း လိမ့်မည်မဟုတ်။-
သူသည်ငါ၏အဖို့ဗိမာန်တော်တစ်ဆောင် ကိုတည်ဆောက်ရလိမ့်မည်။ သူသည်ငါ၏ သားဖြစ်ရလိမ့်မည်။ ငါသည်လည်းသူ၏ အဖဖြစ်လိမ့်မည်။ သူ၏နန်းဆက်သည် ဣသရေလနိုင်ငံတွင်အစဉ်အမြဲတည် လိမ့်မည်' ဟုမိန့်တော်မူ၏'' ဟူ၍ပြော ကြားတော်မူ၏။
``ထာဝရဘုရားကငါ့အား`သင်၏သား ရှောလမုန်သည်ငါ၏ဗိမာန်တော်ကိုတည် ဆောက်ရမည့်သူဖြစ်၏။ သူ့အားငါသည် ငါ၏သားအဖြစ်ဖြင့်ရွေးချယ်တော်မူ ပြီ။ ငါသည်လည်းသူ၏အဖဖြစ်လိမ့် မည်။-
မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။ ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။ ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။
ထိုနည်းတူစွာခရစ်တော်သည်လည်းယဇ် ပုရောဟိတ်မင်း၏ဂုဏ်ပုဒ်ကို မိမိအလို အလျောက်ခံယူတော်မူသည်မဟုတ်။ ဘုရား သခင်ကကိုယ်တော်အား၊ ``သင်သည်ငါ၏သားဖြစ်၏။ ယနေ့ပင်လျှင် ငါသည်သင်၏အဖဖြစ်လာ၏'' ဟူ၍လည်းကောင်း၊