သူတို့အားလုံးသည်သစ္စာဖောက်များဖြစ် ကြ၏။ မုန့်ဖုတ်သူသည်မုန့်ညက်စိမ်းအဆင် သင့်မဖြစ်မီမီးကိုမဆွသကဲ့သို့ ထိုသူ တို့၏မုန်းတီးစိတ်သည်မုန့်ဖိုထဲရှိထိုမီး ကဲ့သို့တစ်အုံနွေးနွေးဖြစ်၏။-
မုန့် ကို နယ် ပြီး သည် က စ၍၊ က စော် မ ပေါက် မ ချင်း၊ မုန့် သည် မ မွေး ရ သော မီး ဖို ကဲ့ သို့၊ ပူ လောင် မှား ယွင်း သော ထို လူ အ ပေါင်း တို့ သည်၊
ထိုသူအပေါင်းတို့သည် မတရားသော မေထုန်ဖြင့် မှားယွင်းသောသူဖြစ်၍၊ မီးထည့်သော မုန့်သည်၏ မီးဖိုနှင့်တူကြ၏။ မုန့်စိမ်းကိုနယ်ပြီးမှ မဖောင်းကြွမီတိုင်အောင်၊ မီးကိုမဆော်ဘဲ ငြိမ်ဝပ်စွာ နေရ၏။
မုန့်ဖုတ်သူသည် မုန့်ညက်ကိုနယ်ပြီး တဆေးပေါက်သည်အထိ မီးဆက်ထိုးစရာမလိုဘဲ မီးတောက်နေသောမီးဖိုကဲ့သို့ သူတို့အားလုံး အိမ်ထောင်ရေးဖောက်ပြန်လိုစိတ်များ ပြင်းထန်၏။
ငါတို့ပြည်သည်ထာဝရဘုရားအား သစ္စာမဲ့သူများနှင့်ပြည့်နှက်လျက်ရှိ၏။ သူတို့သည်မသမာသောအမှုများကို ပြုကျင့်လျက် မိမိတို့တန်ခိုးအာဏာကိုအလွဲသုံးစား ပြုကြ၏။ ငါတို့ပြည်သည်ထာဝရဘုရား၏ ကျိန်စာသင့်သဖြင့်ငိုကြွေးမြည်တမ်း လျက်၊တိရစ္ဆာန် စားကျက်သည်လည်းခြောက်သွေ့လျက်နေ၏။
ငါသည်အသတ်ခံကြသော မိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါ ငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။
ငါသည်မိမိအမျိုးသားများအားစွန့်ခွာပြီး လျှင် သဲကန္တာရတွင်သွားရောက်နေထိုင်စရာ အခန်းတစ်ခုကိုလိုချင်စမ်းပါဘိ။ သူတို့အားလုံးပင်လျှင်သစ္စာမဲ့၍အခြား ဖောက်ပြားသူများဖြစ်ကြ၏။
သင်တို့သည်ပူဇော်သကာဝေစုကိုစား ရသော်လည်းအဆာပြေလိမ့်မည်မဟုတ်၊ သင်တို့သည်သားသမီးဖြစ်ထွန်းစေတတ် သောနတ်ဘုရားများကိုကိုးကွယ်သော် လည်းသားသမီးမထွန်းကား၊ အဘယ် ကြောင့်ဆိုသော်သင်တို့သည်၊ ငါထာဝရ ဘုရားကိုစွန့်၍အခြားသောဘုရား ကိုကိုးကွယ်ကြပြီ။-
သူတို့သည်သစ်သားနတ်ဘုရားထံဗေဒင် မေးကြသည်။ တုတ်ချောင်းကလူတို့သိလို သမျှကိုပြောပြသည်။ သူတို့သည်ငါ့ကို စွန့်သွားကြပြီ။ ပြည့်တန်ဆာမဘဝသို့ ရောက်သောမိန်းမကဲ့သို့သူတို့သည်အခြား သောဘုရားများထံ၌ဆည်းကပ်ကြ၏။-
သူတို့သည်ကတိမတည်ခြင်း၊ မုသား စကားကိုပြောခြင်း၊ လူ့အသက်ကိုသတ် ခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း တို့ကိုပြု၏။ တရားလက်လွတ်နေထိုင်၍ လူသတ်မှုများကိုအထပ်ထပ်ကူးလွန် ကြ၏။-
သင်တို့သည် မာန်မာနထောင်လွှားနေကြရန် မသင့်။ ``တဆေးအနည်းငယ်က မုန့်ညက် အားလုံးကိုဖောင်းကြွစေ၏'' ဟူသော ဆိုရိုးစကားကိုသင်တို့သိကြ၏။-
သင်တို့သည်သစ္စာမဲ့သူများပါတကား။ လောက နှင့်မိတ်ဖွဲ့သောသူတို့သည်ဘုရားသခင်အား ရန်ဘက်ပြုသူများဖြစ်သည်ကို သင်တို့မသိ နားမလည်ကြသလော။ လောက၏မိတ်ဆွေ ဖြစ်လိုသူသည်ဘုရားသခင်၏ရန်သူဖြစ်၏။-